Wednesday, January 11, 2012

ကိုသံဒုတ်

Than Doke
AB မြောက်ပိုင်း လူသတ်မှုကိစ္စနဲ့ ပါတ်သက်ပြီး အဖြစ်မှန်ပေါ်ရေးအတွက် ဆက်လက်ထောက်ခံ သွားမယ်။ ထပ်ပြောလိုက်ပါမယ်။ မြောက်ပိုင်း ABတွင် အသတ်ခံခဲ့ ရသော ကျောင်းသား ခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့် တကွ ကျဆုံးခဲ့ရသော ကျောင်းသား များကို ကျွန်တော်သံဒုတ် ဦးညွတ် အလေးပြုပါတယ်။ ဘယ်သူ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်မဟုတ်ပဲ မိမိအတွေးအခေါ် ရပ်တည်ချက် သာ လျှင်ဖြစ်ပါသည်။

ကိုထိန်လင်းနှင့်တကွ မတရားဖိနှိပ်ခံ ညှင်းပန်းခံခဲ့ရသော မည်သူမဆို ထုတ်ဖေါ်မှုများသည် မှန်ကန်ပါတယ်လို့ သဘောထားပေးပါသည်။ ကိုယ်ချင်းစာနားလည် ခံစားမိပါသည်။

စေတနာဖြင့် အချက်အလက်ခိုင်ခိုင်မာမာဖြင့် ထုတ်ဖေါ်လာသူများကိုလည်း ဖွသည်ဟုမြင့်လိမ့်မည် မဟုတ်ပါ။

လူထု၊ ကျောင်းသားများ နှင့် သမိုင်းက ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ မိမိလုပ်ဆောက်ချက်များအတွက် ခံယူသွားမှာဖြစ်ပါတယ်။

( သံဒုတ် )
ကျိုးကြေမွသွားတဲ့ ဘ၀ဆိုတာ ကျကွဲသွားတဲ့ ကြွေပုဂံလုံး တလုံးနဲ့ မတူဘူး။ အရော်အစားလုပ်လို့ မရဘူး။ ပျဉ်းမငုတ်တို စိတ်ဓါတ်နဲ့သာ ဘ၀ကို ရှင်သန်လို့ရနိုင်တာဗျ၊
တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကျောင်းသား တယောက်ရဲ့ သမိုင်းကို သစ္စာဖေါက်တယောက်နဲ့ အလဲအထပ် မလုပ်ကောင်းဘူး။ နှိုင်းလဲ မနှိုင်းယှဉ်နဲ့။ သမိုင်းတင်ဖို့လဲ မနှောင့်နှေးနဲ့။ ဒါဟာ ဗမာပြည် ကျောင်းသားသမိုင်းရဲ့ ပြဠာန်ချက်ပဲ။ သေသည်အထိ အလွတ်ကျက်ထားရမယ်။
ဒီသမိုင်းတွေမရှိရင် ဘာတွေနဲ့ ခရီးဆက်ကျမှာလဲ။ ဘာတွေနဲ့ တိုက်ပွဲဝင်ကြမလဲ။ ဗမာပြည်ကို ဘယ်လိုချစ်ကြမလဲ။
ခေါင်းစဉ်မရှိဘူး - ရေးချင်တာရေးနေတာ - ထင်ရာမြင်ရာ ( သံဒုတ် ) 
by Than Doke on Wednesday, 30 November 2011 at 11:07
ကိုယ့်ကိုကိုယ်မှန်ထောင်ကြည့်တယ်
ဘာကောင်မှလည်း မဖြစ်ချင်ဘူး၊ ဘာကောင်မှလည်း မဟုတ်ဘူး၊
လူရာလည်းမ၀င်ချင်ဘူး၊ လူရာမ၀င်ရတာကို ပိုသဘောကျပြီးတော့ လူတော့ဖြစ်ချင်တယ်။
ခန္တာကိုယ်ထဲမှာ ကလီစာတွေသိပ်မကောင်းတော့ဘူး။ အသက်ရှင်လို့တော့ရတယ်။
ထမင်းစားတယ် တာဝန်တခုလို အသက်ရှင်ဖို့ပါ။ ယုံကြည်ချက်တွေကကောင်းသေးတယ်။
ခံစားချက်တွေကလည်း အထိအခိုက်လွယ်နေတုန်းပဲ။
သမိုင်းကိုဖတ်တယ် သမိုင်းတွင်ဖို့မဟုတ်ဘူး၊
လမ်းတွေ့ရင် ခေါ်မနေနဲဗျာ အလုပ်ရှုပ်တယ်။ ပြုံလည်းမပြနဲ့ အပိုတွေ၊ ကိုယ့်လမ်းကိုသွား လမ်းတူရင် မဆုံချင်လို့မရပါဘူး၊
မမြင်ချင်လို့မရပါဘူး၊
သူများဆီက မမျှော်လင့်တတ်သလို့ ကျုပ်ဆီကလည်း ဘာမှမမျှော်လင့်နဲ့ ပေးစရာလည်း ဘာမှမရှိဘူး၊
ရှိဆုမဲ့ဆုလေးနဲ့ မတောက်တခေါက်လောက်တတ်တဲ့ မိဘပေးခဲ့တဲ့ ပညာလေးနဲ့ လူမစွမ်း နတ်မအဆင့်လောက် ထမင်းစားနိုင်ရုံပါ၊
အခုထိတော့ သူငယ်ချင်တွေပြောတဲ့ ချမ်းသာမဲ့ကောင် မဟုတ်ဘူးဆိုတဲ့စကား မှန်တယ်။
ဒီတသက် ချမ်းသာဖို့ တခါမှတောင် ပင်ပင်ပန်းပန်း မစဉ်းစားခဲ့ဘူးဘူး။ ပျင်းလို့ပါ။
အထင်သေးတာတွေ၊ အထင်ကြီးတာတွေ၊ လေးစားတာတွေ၊ အသိအမှတ်ပြုတာတွေ၊ ဘာညာတွေနဲ့ ....ရှုပ်နေတာပဲ။
ဒါတွေနဲ့ ကျွန်တော်အလုပ်တွေကို စည်းနှောင်မထားဘူး။ စိတ်လည်းမ၀င်းစားဘူး၊
မွေးတနေ့၊သေတနေ့၊ရှင်ရမှာကကြာမယ်၊
ရှင်ရမှာက ကြာရတဲ့အထဲ သက်လုံမကောင်းရင်တော့ ခံသွားရမယ်။
တန်ဖိုးထားစရာဆိုလို့ ဘ၀ပေးအသိတခုပဲရှိတယ်။ ဘ၀ဆိုတာကလည်း အမျိုးမျိုးအထွေထွေ၊
ခနော်နီ ခနော်ကို စိတ်ဓါတ်နဲ့ကျားကန်၊
ခေတ်အလိုက် အကြံအဖန်တွေနဲ့ အမှန်အကန်တွေနဲ့ အပြန်ပြန်အလှန်လှန် အဖန်တရာမကကြုံ၊
မချစ်သော်လည်း မဆက်ဆံပဲနေတာ ကောင်းမယ်။
စကားကြီး စကားကျယ်တွေပြောပြီး လူတွင်ကျယ်လုပ်မလို့ လေ့ကျင့်တာ မအောင်မြင်သေးဘူး၊
တရက်လောက်တော့ ဂိုက်ထုတ်ကြည့်အုံမယ်။
ကျွန်တော်နေခဲ့တဲ့ အရပ်တွေမှာ ဥပဒေဆိုတာ ခြိမ်းခြောက်ပြီး ရောင်းစားလိုမကုန်တဲ့ အိပ်စာသာရ ပစ္စည်းပဲ။

( နောက်နေ့မှ... ဆက်ရေးမယ်၊)

No comments: