Friday, January 13, 2012
မိသားစု
Shwe Myitmakha Media Group
ညနေ ၆နာရီ ၄၅ မိနစ်အချိန်တွင်လေယာဉ်ဖြင့် ရန်ကုန်သို့ ရောက်ရှိလာသော၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ကိုဇော်သက်ထွေးနှင့် သူ၏ မိသားစု။
                   Written by ဇော်သက်ထွေး
 ပါပါနမ်းခွင့်မရတဲ့ 
ချစ်သမီးလေးရဲ့ ပါးပြင်ဟာ
မနက်ခင်းပွင့် တဲ့ 
ပန်းနှင်းဆီထက် ပိုမွှေးမှာ....။
ပါပါ ကိုင်ခွင့် မရတဲ့ 
ချစ်သမီးလေးရဲ့  လက်အစုံဟာ
ချောမွတ်တဲ့ 
ဖေါ့ ဖယောင်းထက် နူးညံ့ မှာ.....။
ပါပါ ဖြီးသင်ခွင့် မရတဲ့ 
ချစ်သမီးလေးရဲ့ ဆံနွယ်ဟာ
သွယ်ပျောင်းတဲ့ 
ပိုးကြိုးထက်ပိုပျော့မှာ....။
ပါပါ နားဆင်ခွင့် မရတဲ့
ချစ်သမီးလေးရဲ့ တေးသံဟာ
သာယာတဲ့ 
ကျေးငှက်သံထက် ချိုမြမှာ...။
ချစ်သမီးလေး အတွက်
ချစ်ခွင့် မရတဲ့
ကမ္ဘာလောကကြီးအတွက်
အကြေကွဲဆုံး  ပုံရိပ်ပါ....။
               ဇော်သက်ထွေး
           ၁၆.၉.၂၀၁၀
No comments: