Thursday, January 19, 2012
ကြွေ ရဲ သော ကြယ် များ ။
by Kyaw Gyi AB on Thursday, 19 January 2012 at 10:45
ထွန်းအောင်ကျော် ကုန်းအဖြစ် နာမည် တွင်သွားတဲ့ အာဆံကုန်း ဆိုတာ ဒီနေရာပေါ့...
                                                    ကြွေရဲသောကြယ်များ     
                                                                (၁)                                                                                                                
 ၁၉၉၀ ဒီဇင်ဘာလရဲ့ ရက်တွေမှာပေါ့။
အထက်မြန်မာပြည်၊ကသာဆိုတဲ့ မြို့ကလေးကကျောင်းသားလူငယ်လေး(၇)ယောက်ဟာ
စိတ်ကူးယဉ်တယ်ပဲပြောပြော
ယုံကြည်ချက်လို့ပဲဆိုဆို
ရွေးချယ်စရာနည်းနေတဲ့ကြားက တော်လှန်ရေးတစ်ခုမှာ ပါဝင်ဖို့ မြန်မာပြည်မြောက်ပိုင်းကကျောင်းသား တပ်မတော်ရှိရာကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
သူတို့ဆိုတာ သပိတ်ကတည်းက အတွဲညီခဲ့ကြတယ်။ နောက်ဆုံး KIA ရင်း(၆)ကို လမ်းကြောင်းရှာ ထွက်ခဲ့ပြီး သူတွေလေ။ အဆက်အသွယ်လည်း ရထားပြီပေါ့။
တကယ်တမ်းသွားကြမယ်လည်းဆိုရော
တစ်ယောက်… တစ်ယောက် ပုတ်ချနေကြရဲ့။
“ပေါသွပ် မင်းမလိုက်သင့်ဘူး။မင်းက အမေအိုကြီးနဲ့ သားအကြီးဆုံး။”
“မောင်မောင် မင်းမလိုက်သင့်ဘူး။ မင်းမိဘ သဘောမတူရင် မလုပ်သင့်ဘူး။”
“ကိုအေးမြင့် ခင်ဗျားက သစ်စက်လုပ်နေတာဆိုတော့ ကျွန်တော်တို့ပဲ လုပ်လိုက်မယ်။” စသဖြင့်….
ဒါပေမယ့် ပြောလို့လည်း မရကြပါဘူး။
ကိုအေးမြင့်ကဆိုတယ်။
“မင်းတို့လို ကျောင်းသားတွေကတောင် တိုင်းပြည်အတွက်စွန့်ကြသေးတာပဲ။”
“ငါကဘာလို့ တိုင်းပြည်အတွက် အလုပ်မလုပ်ရမှာလဲ” တဲ့
နောက်ဆုံးတော့ …
သူတို့ (၇)ဦးကို သူတို့ကိုယ်သူတို့ Lucky 7 လို့ ခေါ်တွင်လိုက်ကြသတဲ့။
အဲဒီမှာ ပေါသွပ်က အဆိုတခု ပြုတယ်။
“တို့တွေအားလုံးတော့ အသက်ရှင်မယ်မထင်ဘူး။”
“တချို့သေလိမ့်မယ်။ တချို့ကျန်မယ်” တဲ့။
အဲဒီကျရင် …
“ရှင်တဲ့သူတွေက သေသွားတဲ့သူတွေအတွက်
အမှတ်တရ စေတီလေးဖြစ်ဖြစ် ကျောက်တိုင်လေးဖြစ်ဖြစ် လုပ်ပေးဖို့လိုလိမ့်မယ်” တဲ့။
အားလုံးသဘောတူခဲ့ကြတယ်။ ဖြစ်စေရမယ်ပေါ့။
(၁)
ပါဂျောင်ဒေသ ရက်စွဲတွေမှာတော့
သူတို့ဟာ နောင်ရာပါမှာ အပတ်စဉ်(၆)စစ်ရေးသင်တန်းတက်ခဲ့ကြတယ်။
ABSDF ရဲဘော်တွေဖြစ်ခဲ့ပြီပေါ့။
သူတို့ဟာ ထူးချွန်ထက်မြက်တဲ့ သင်တန်းသားတွေအဖြစ် နာမည်ကြီးခဲ့တယ်။
ဂစ်တာတီးကောင်းကြသလို ဘော်လီဘောရိုက်လည်း ညီညွတ်ကြသတဲ့။
(အကျဉ်းသားဘ၀မှာတောင် တရားခံများအဖြစ် တစ်သင်းထွက်ပေးခဲ့ရသေးသတဲ့။)
အဲဒီတုန်းကတော့
ABSDF (ကချင်)အနေနဲ့ပဲ ဗဟိုကော်မတီအမည်ခံ လူတစ်စုက ကြီးစိုးနေချိန်
ABSDF (စစ်ကိုင်း)ဖြစ်မြောက်ရေးကလည်း ကြိုးပမ်းနေချိန်ပေါ့။
ABSDF(ကချင်)အုပ်စီးထားတဲ့ ကျောင်းသားတပ်မတော်ဟာဘယ်တော့မှABSDF(အထက်ဗမာပြည်) ဖြစ်လာ မှာ မဟုတ်ဘူး။
ကြိုးပမ်းတဲ့သူ အသတ်ခံရမှာဆိုတဲ့ ဦးကျော်အုန်းတို့ အုပ်စု ၊စစ်ကိုင်းတိုင်း ကျောင်းသားများကတော့ ဂျိုးဖြူစစ်ကြောင်း(ရင်း-702)အနေနဲ့ ဥရုချောင်းဖက်ကို KIA 251နဲ့အတူ ထွက်ခွာသွားခဲ့တယ်။
(သူတို့လည်း သီးခြားခွဲထွက်မှုနဲ့ အစုလိုက် အသတ်ခံရတာပါပဲ။)
ဒေသစွဲမရှိတဲ့သူတို့တစ်တွေကတော့ နောင်ရာပါစခန်းမှာပဲ သင်တန်းတက်ရင်းကျန်နေခဲ့ကြတယ်။
သူတို့ဆိုတာက
ကျော်ကျော်ဦး (ဒု-နှစ်၊ပထ၀ီ၊စာပေးစာယူ၊ရွှေဘိုကောလိပ်)
ပေါသွပ်(ခ) အောင်မြင့်ထွန်း(ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)
အေးမြင့်(သူတို့တွေရဲ့သူငယ်ချင်း၊ လူငယ်တစ်ယောက်)
မောင်မောင် (ဒု-နှစ်၊IR မန္တလေးတက္ကသိုလ်)
ဒဿ (ခ)မောင်မောင်ခင် (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)
ကျော်ဇင်ထွန်း(ခ)ကျားပျံ (ဒု-နှစ်၊ဓာတု၊ရွှေဘိုကောလိပ်)
ဖိုးဆန်း(ခ) ဆန်းဝင်း (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်) ဆိုတဲ့ ကျောင်းသားလေးတွေပေါ့။
နောက်တော့ ….
ကျော်ကျော်ဦးက တိုက်ခိုက်ရေးတပ်သား(ရင်း-11နယ်မြေ) အောင်မြင့်ထွန်းက တိုက်ခိုက်ရေးတပ်သား (ရင်း-6 နယ်မြေ) ကျော်ဇင်နဲ့ ဒဿ က ဗန်းမော်တပ်ရင်း ခရိုင်ရုံး
ကိုအေးမြင့်က  ဆေးတပ်သားသင်တန်းတက်
ဖိုးဆန်းက ပြန်ကြားရေးရုံးတာဝန်
မောင်မောင်က ကွန်မန်ဒိုအထူးတပ်မှာ တာဝန်ယူခဲ့ကြတယ်လေ။
သိပ်ပျော်စရာ လွမ်းစရာအချိန်တွေပေါ့။
(၃)
၉၁ ရှစ်လေးလုံး (၃)နှစ်မြောက်အပြီးမှာတော့ သူတို့ အားလုံးဟာထောက်လှမ်းရေးတဲ့။
ဟုတ်သတဲ့၊ အားလုံးတညီတညွတ်ထဲ ဝန်ခံကြသတဲ့။
ABSDF ဗဟိုက သံယောင်လိုက်သုံးတဲ့ သူလျှိုဖော်ထုတ်ပွဲကြီးမှာ
ဖိုးဆန်းက သူငယ်ချင်းထောက်လှမ်းရေးတွေကို ဗီဒီယိုမှတ်တမ်းတင်ဘဝကနေ တာဝန်လဲပြီးရော.. သူလည်းထောက်လှမ်းရေးဖြစ်ကရော…
ဗန်းမော်ခရိုင်ရောက်တုံး ကင်းတာဝန်ကျတဲ့ မောင်မောင်ကို ရေခပ်ဆင်းတဲ့အကျဉ်းသားဒဿက တောင်ကုန်းပေါ်ကနေ ခွဲမှူး သက်ထွန်း အကဲခပ်နေတဲ့ကြားက “မောင်မောင် ငါတို့ ကိုထားခဲ့မင်းပြေးတော့လို့”ရေခပ်ရင်းပြောပေမဲ့သစ္စာ ရှိစွာအဖမ်းခံရင်း ထောက်လှမ်းရေး ဖြစ်ခဲ့
ဆေးကျောင်းလို့ ခေါ်တဲ့ ဆေးတပ်သားသင်တန်းဆင်းတော့ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်များတဲ့ ကိုအေးမြင့်က “အမေရေ အမေ့သား ဆရာဝန်ကြီးဖြစ်ပြီ”လို့ လှည့် အော်နေတုံး ဖမ်းလိုက်တော့ လဲ ထောက်လှမ်းရေးပါဘဲ-
ခေါင်းအင်မတန်မာတဲ့ ကျော်ဇင် (ခေါင်းမပါဘဲ ပြန်ထောင်ထ မာနိုင်တဲ့ ရန်အောင်ကလွဲရင်)က အဖမ်းခံ ရပြီးချိန် အိမ်သာထွက်ချိန်မှာ သူ့ အသံကိုနားစွင့်ပြီး အတူလိုက်ထွက်လို့ ကျောချင်းဆိုင်ထိုင်ရင်း နှစ် မိနစ်လောက်ရတဲ့အချိန်မှာ
“ငါ့ကို အကုန်လွှဲချ ၊မင်းလွတ်အောင်ရုန်း’’ လို့ ကျွန်တော်ဆိုတော့ နောက်မှသိရတာ လွှဲမချရက်လို့ သူလည်းပါတယ်ဆိုပြီး ထောက်လှမ်းရေးဘဝနဲ့နေခဲ့
ဒဿ ကတော့ ကိုထိန်ပြောသလို ဒဏ်ရာအများဆုံးနဲ့လူသားပါပဲ။ တာဝန်ပေးလို့ ရွှေလီကို သံကြိုး နဲ့ နဂ္ဂတစ်သွားဝယ်ပြီး ပြန်ပြန်ချင်း အဖမ်းခံခဲ့ရသတဲ့။
သူ့ရဲ့ လွတ်မြောက်မှုအထိ အကျဉ်းစံရက်စက်မှုများနဲ့ ၈လနဲ့၅ရက်ကြာခဲ့သတဲ့။
Ok ပြောပြတာက ရေအိုက်မှာ ရေတွင်းလိုစက်သီးတန်းဆင်၊ ခြေထောက်ကဇောက်ထိုးဆွဲ ရေထဲကို မျက်နှာနှစ်ပြီး ခေါင်းကိုနင်းထားတာတောင် ပြန်ပေါ်လာတိုင်း “ကျောင်းသားကွ”လို့အော်သတဲ့။
91 နိုဝင်ဘာလရဲ့ အအေးလှိုင်းဖြတ်ချိန်၊ နှင်းမုန်တိုင်းနဲ့ မိုးသီးတွေကျ၊နှင်းထုက မိုးရွာသလို  တစ်ထွာတစ်မိုက်တက်တဲ့ (၁၀)နှစ်တစ်ကြိမ်ကြုံရတဲ့ ရာသီဥတုကြီးမှာ အ၀တ်မပါ ဘောင်းဘီ တိုနဲ့ နှင်းတောထဲပစ်ထားရင်း “ဟ မသေဘူးဟ၊ဆိုပြီး ရေတစ်ပုံးပြီးတစ်ပုံး နာရီဝက်ခြားပြီးလောင်း တာတောင် မသေတဲ့ဖိုးဆန်းကလည်း ထောက်လှမ်းရေးပါ တဲ့။
ထားပါတော့လေ။
Lucky 7 တွေပဲ။
ကျော်ကျော်ဦးက ရင်း(၁၁)က အပြန် ဗဟိုမှာ စစ်ကြောရေးနဲ့ သေခဲ့ရ။ ဒီဇင်ဘာ ၂၅ရက် ခရစ်စမတ်ည မနက် ၄နာရီမှာ။ မနက် ၉နာရီကျတော့ မြုတ်ပြီးပါပြီ။ ကြွေလွင့် ကြယ်တစ်ပွင့်ပါ။
 ပေါသွပ်(ခ)အောင်မြင့်ထွန်းကို တပ်ရင်း(၆) တစ်ညမှာ ဘာမှမေးမနေတော့ပဲ ဗဟိုအမိန့်  နဲ့ ညတွင်းချင်း အခုတ်ခံခဲ့ရပါတယ်၊သူလိုပါဘဲ ရင်း(၆)အသတ်ခံ တစ်ခြားတစ်ဦးက အိန္ဒိယcampနဲ့ အဆက်အသွယ် ယူပြီးပြန်ရောက်တဲ့ရန်ရှင်း(မြင်းခြံ၊ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်း သား) ပါ၊သူ့ ကိုလဲ ညတွင်းချင်း ပါပဲ… သတ်လိုက်ကြပြန်တယ်လေ၊    အော် - ကြယ်ပွင့်တွေကြွေပေါ့။
မောင်မောင်နဲ့ ကိုအေးမြင့်က ပြည်ထောင်စုနေ့ မှာ ခေါင်းပြတ်ရတယ်။
မဟုတ်မခံ မောင်မောင်နဲ့ ပါးစပ်သွက်တဲ့ အေးမြင့်ကိုအရှင်မထားရဲဘူးထင်ပ။
          ရှင်တာက ဒဿ၊ဖိုးဆန်း၊ကျော်ဇင်၊
ဒဿ၊ကျော်ဇင်ဆိုရင် အချုပ်ကိုဦးဆောင်ပြန်စီးခဲ့တဲ့ သူတွေထဲက
ဖြစ်နိုင်ရင် ရဲဘက်အလုပ်စခန်းသုံး စူးကလေး၊ဆောက်ကလေးနဲ့ ကင်းစခန်းတစ်ခုလုံးကိုစီး လိုက်ချင်ပေ မယ့်…
ကိုထိန်ပြောသလိုပါဘဲ၊ပြန်ရောက်လို့ မန္တလေးတက္ကသိုလ်စာပေးစာယူတက်ကြတော့ ကျောင်းသားအရေး တစ်ခုမှာသူတို့ ဟာအခြားမသေသူ ok၊၊ကံမြင့်ဦး တို့ နဲ့ ပွဲတက်ကြပြန်သတဲ့၊ တယောက်ကတက် တရားဟောလို့ ဝိုင်းဆွဲရသတဲ့…
အဲဒါပါဘဲ ထောက်လှမ်းရေးဆိုပြီးဘယ်လောက်သတ်ချင်စရာကောင်းလဲ။
          ABSDFစစ်ဆေးရေး(သို့ )စစ်ကြောရေးဖွဲ့ ပြီးပြန်စစ်တော့မယ်၊ထောက်လှမ်းရေး မဟုတ်ကြောင်း အသိသက်သေ(၂)ဦးရဲ့ ထောက်ခံချက် လိုတယ်ဆိုတော့ ဘုန်းကြီးအပြီးဝတ်သွားတဲ့ ဦးဇင်းကြီးဒဿက ရီနေတယ်၊
(၄)
ကဲဗျာ ပြောချင်တာကတော့ဒါပါဘဲ-
     Lucky 7 တော်လှန်ရေးရဲဘော်ကြီးများ
     (၇)ယောက်စလုံးထောက်လှမ်းရေးဖြစ်သွားတဲ့ဇာတ်
      (၄)ယောက်သေ၊(၃)ယောက်ရှင်ပေါ့
      ကြွေရဲပေမဲ့ ကြွေပုံကြွေနည်းများ မှားနေသလား မသိ
         သူတို့ အတွက် ဆွမ်းမသွတ်ရတာ နှစ် နှစ်ဆယ် ရှိခဲ့ပေါ့ ။ အဲ…တခုတော့ရှိတယ်။         မောင်မောင်ကတော့ အစ္စလာမ်လေ ။
ပေါသွပ်ရေ … သိပ်မဝေးတော့ပါဘူးကွာ…
ထောင်ထဲမှာရော… အပြင်မှာပါ ကျိုးကြား ကျိုးကြား ဆွမ်းသွတ်ခဲ့ကြပေမယ့်
ငါတို့ တာဝန်တွေ ကျန်နေရဲ့…
နာရီဝက်ချင်း အသက်ရှင်အောင်မွေးတတ်ခဲ့တဲ့ တို့တွေ
အနှစ်နှစ်ဆယ်ကို မျိုသိပ်လို့
မိသားစုတို့ရဲ့ စိတ်အခံကို အမှန်အမှန်ဆိုပြီး ပွဲမခံရက်ဘူး
စိတ်ချ….
ဒို့တွေထဲက တစ်ယောက် ရှင်နေသရွေ့ …. တနေ့ပေါ့ ။
ညီညီကျော်
kyaw gyi AB  facebook မှကူးယူဖော်ပြသည်။
8 comments:
လင်္ကာ said...
San Chaung Bobo နောက် တစ်ခု ပြောချင်တာက ဒေါက်တာနိုင်အောင်လို ပဂ္ဂိုဟ်မျိုး ။ သူ ပါဂျောင်ကို ရောက်လာမယ်သတင်းြးါ်ကားတော့ အကျဉ်း ကျနေတဲ့ သူတွေမှာအသက်သခင် ကြွရောက်လာတော့မဲံ့ သဘောမျိုးကို အားကိုးမျှော်လင့်ခဲံ့ ကြပါတယ်။ ဒေါက်တာနီုင်အောင် က စစ်ကြောရေးခန်းထဲကို ၀င်လာတယ် ။ အစစ်ခံနေရတဲ့သူက ရင်း ၄၀၁ က ကျော်စွာဝင်းမောင်( ရန်ကုန် ၊ မင်္ဂလာတောင်ညွန့် သစ္စာလမ်း အိမ်အမှတ် ၂၁) စစ်နေတဲ့သူက သက်ထွန်း ( ဒု အရာခံဗိုလ် ခွဲမှုး မိုးညှင်း ) ။ အဲဒီအချိန်မှာ ဒေါက်တာနိုင်အောင်က ကိုကျော်စွာဝင်းမောင်ကို မေးတယ်။ မိုးသီးဇွန်ရော ..ထောက်လှမ်းရေးဘဲမလား .ိလို့ ။ ကိုကျော်စွာက မဟုတ်ကြောင်း ပြန်ေါ်ပြားတော့ ၊ ကိုသက်ထွန်းက " မင်းမဟုတ်ကြောင်းပြောတာ တအားမြန်ပါလား " လို့ပြောရင်းး ကိုကျော်စွာ ပေါင်ကို ဓါးနဲ့ ထိုးတယ်လို့ သိရပါတယ်။ ဆိုလိုချင်တာက( ဒေါက်တာနိုင်အောင်အနေနဲ့ ကာယကံရှင်ကိုယ်တိုင် ကိုယ်ထိလက်ရော် ကျူးလွန်ါခဲံ့တာတွေကို တော့ ၅၀၁ က လူတွေ ပြန်ပြောတာ ပိုကောင်းမှာပါ)ဒေါက်တာနိုင်အောင် က ဘာကြောင့်ပါဝင်ပါသက်သလဲဆို ရင် သူ့ ရ ရှိထားတဲ့နေရာခိုင်မြဲရေးအတွက်လို့ ယူဆပါတယ်။သူမြောက်ပိုင်းက ပြန်သွားချိန်မှာ သူ့ ကို အေဘီမြောက်ပိုင်းက ထောက်ခံကြောင်း ဆိုတဲ့ သဘောထားကို သူရရှီသွားတယ်လေ။
14 hours ago · Like · 3
လင်္ကာ said...
San Chaung Bobo ကျနော်ပြောချင်တာက ကျနော်တို့ ကို သတ်တဲ့ ရိုက်တဲ့သူတွေ ခွဲ ခြားကြည့်မယ်ဆိုရင် ၁။ ကိုမျိုးဝင်း လို စိတ်ဓါတ်သေးသိမ်တဲ့ လူ မျိုး ( ကျနော်တို့ ဟာ ထောက်လှမ်းရေး မဟုတ်ဘူး ကျောင်းသားမှန်းသိပါရက်သားနဲ့ သတ်တယ်၊ ရိုက်တယ်- အထင်ရှားဆုံးပြောရရင် ကိုထွန်းအောင်ကျော် သတ်ခါနီး ကျင်းဝ မှာ ကို မျိုး ၀င်း ပြောတယ် ကိုထွန်းအောင်ကျော် နား အနားကို ကပ်ပြီးမှပြောတယ် "
လင်္ကာ said...
San Chaung Bobo ဆက်ပြောခွင့်ပြု ပါ ကိုမောင်မောင်။ ကိုမျိုး ၀င်းက ကိုထွန်းအောင်ကျော် နား အနားကို ကပ်ပြီး တော့ " ထွန်းအောင်ကျော် .. မင်းအခု ဘာတတ်နိုင်သေးလဲ ။၁၂ ၊ ဖေဖော်ဝါ ရီလ ၁၉၉၂ ။ ကချင်ပြည်နယ် ပါဂျောင်ဒေသ ၊ အာစံ ကုန်း ( သက်သေအနေနဲ့ ကျော်ခိုင်ဝင်း - မိုးညှင်း နဲ့ ကျင်းဝဘေးနားက လုံ ခြုံရေးတာဝန်ကျတဲ့ ရဲဘော်တွေ) ။ ညနေ ငါး နာရီဝန်းကျင်မှာပြောခဲ့တာပါ။
လင်္ကာ said...
Kyaw Gyi AB ဘိုဘို နိုင်အောင်ကမြောက်ပိုင်းကိုတခါမှမရောက်ဘူးပါဘူးတဲ့ လေးလွင်ကတဆင့် ငါသိရတယ် ခင်ဗျားကိုယ်တိုင်မြင်လို့ လားတဲ့ အခုနယ်မြေဟာဘယ်သူ့ နယ်မြေလဲတဲ့ မဲဆောက်အားလုံးဟာနိုင်အောင်နဲ့မကင်းဘူးတဲ့ ငါမကြောက်ပါဘူး လှည့်ပြန်ခဲ့မိတယ်
လင်္ကာ said...
မာမီ ထား အဓိကဇတ်လိုက်က မိုးသီးဇွန်လေ။ ဒေါက်တာနိုင်အောင်က ကိုသန်းဝင်းဆီပိုတဲ့ လျှိုဝှက်အီမေးမှာက တောင်ပိုင်းဗဟိုကမိုးသီးဇွန်က သတ်ပြစ်ဖို အမိန်ပေးတာတဲ့ အဲ့ဒီကနေ ဆက်ကုန်တာဘဲ။ ကျွန်မစိတ်ထင် မိုးသီးဇွန်ကိုတိုင်ကိုယ်က စိတ်မချစ၇ာ ဘာလိုဆို သူအကြောင်းတွေ ဟိုတစ ဒီတစကြားဘူးကြမှာပါ။ လက်ရှိလည်း အစိုး၇ထဲက မကေါင်းတာ သပုတ်လေလွင့်ဆိုသူအကုန်သိ သူဖေစ်ဘွတ်ဝေါ်မှာ ကြည့်ကြည့်။အခု၇က်ပိုင်း ဒီကေါင်မျက်နှာစာ တက်မလာ၇ဲတာကြာပြီတော့်။ ခင်၇တနာဖန်တီးပြီး ဒေါ်စု နံမည်ပျက်အောင် လုပ်ခဲတာ လူမိသွားပီကထဲကပါဘဲတော်ေ၇။ဒေါက်တာနိုင်အောင်၊ဒုဥကဌမျိုးဝင်းတို့ အစို၇နဲ့ငြိမ်းချမ်းေ၇းဆွေနွေမယ်ဆိုတော့ ဟိုက ဒီကိတ်စတွေနဲ့ကိုင်ပြီးတော့ သူလူဖြစ်အောင် လွတ်ငြိမ်းခွင့်ပေးပြီး မြန်မာပြည်တွင်းနိုင်ငံေ၇းမှာ ဘာတွေမွှေခိုင်းဦးမလဲ မသိပါဘူးရှင်။၇င်လေးစ၇ာပါဘဲ။ေ၇ာ်နယ်အောင်နိုင် လိပ်စာမေးတွေေ၇းပေးမယ်။လိုအပ်၇င်သုံးဘိုလေ/ Ph: 0815302837 (Thailand) +66815302837 ပြည်ပကခေါ်၇င်။ Email adds:(1) ronald.naing@gmail.com (2) whyandsowhat@gmail.com Skype act: ronaldaungnaing
လင်္ကာ said...
Maungmaung Skw
<<Dr. နိုင်အောင် မြောက်ပိုင်းကိုလာပြီး အပေါ်
က ဘိုဘိုပြောတဲ့အတိုင်း လုပ်သွားတယ်
ဆိုတာကို ကျွန်တော်အခုမှကြားဘူးတာ
မဟုတ်ပါ။လွန်ခဲ့တဲ့ အနှစ် ၂၀ -ကျွန်တော် ABSDF(NB)ဌာနချုပ် ပါဂျောင် ကိုရောက်တုန်းကထဲက ကျောင်းသားထောက်လှမ်းရေးနဲ့ စစ်ကြောရေးအဖွဲ့ဝင် သက်လင်း က
ပြောပြလို့ သိခဲ့တဲ့ ကိစ္စတစ်ခုပါ။ကျွန်တော်က အဖြစ်အပျက်ကို အပေါ်ယံလောက်သာ
ကြားခဲ့မြင်ခဲ့တာတွေ ရေးထားခဲ့တာတောင် ဖတ်ရသူ တစိမ်း
တွေ မခံနှိုင်ကြပါဘူး။တချို့ ဆက်မဖတ်
နိုင်ကြဘူး။တချို့ မျက်ရည်ကျကြပါတယ်။အခု ကာယကံ
ရှင်တွေ ရေးကြတော့ အစစ်အမှန်တွေ
သိရတော့ ကျွန်တော်တောင် ယူကြုံးမရ
ဖြစ်မိတယ်။ကျွန်တော့စာအုပ် ပုံနှိပ်ဖို့
စီစဉ်နေပါပြီ။ရှေ့လထဲမှာ အားလုံး ဖတ်
ကြရတော့မှာပါ-စာအုတ်ထွက်လာပြီးရင်
ကာယကံရှင် ကိုယ်တိုင်ကြုံခဲ့တဲ့သူတွေ
ဖတ်ကြည့်ပြီး လိုတာတွေဖြည့်ကြ အမှား
တွေ ပြင်ကြပါဦး။ကျွန်တော်က ကိုယ်တိုင် အချုပ်ခန်းထဲ ရောက်ခဲ့တာ
မဟုတ်ဘူး။အကျယ်ချုပ်နဲ့ နေခဲ့ရတာ။
လင်္ကာ said...
Soe Lwin Thein Htun ကိုနိုင်အောင်ကိုယ်တိုင်မြောက်ပိုင်းရောက်လာပြီးကျွန်တော်ကိုတောင်သူလျိုဆိုပြီးနားရင်းကိုဖိနပ်နဲ့ရိုက်သွား
တာကျွန်တော်နားကသွေးတွေထွက်ခဲ့ရတယ်၊ရန်ကုန်ရောက်မှကုခဲ့ရသူပါဒါပဲပြောအုံးမယ်၊ကျန်တာတွေကို
နောက်မှဆက်တော့မယ်။
လင်္ကာ said...
SuuAung ET ဓါတ်ပုံက အာဆန်ကုန်းမဟုတ်ပါဘူး။ RT လို့ ခေါ်တဲ့ ကြားခံဆက်သွယ်ရေးစခန်းဖြစ်တဲ့ ဘွမ်ရွန်း တောင်ကုန်းအသွား လမ်းမှာပါ။ အဲဒီ ခရီးမှာ ကိုယ်တိုင် ပါလို့ ပြောတာပါ။ မွမ်းမံသင်တန်း အမှတ် (၂) အချိန်မှာပါ။ အဲဒီအချိန် ကိုညီကျော် မရှိတော့ပါဘူး။