Saturday, January 14, 2012

ဆရာတော် ၀ီရသူ


သင်္ကန်းဆိုတာ မြတ်စွာဘုရားရဲ့ အရေတော် ။
ရဟန်းသံဃာတွေကို ထောင်ချတဲ့ အပြစ်ထက် အဲဒီ သင်္ကန်းဆိုတဲ့ ရဟန်း သံဃာတွေ ရဲ့ တံခွန် ၊ မြတ်စွာဘု ရား ရဲ့အရေတော်ကို ချွတ်ခွာတဲ့ အပြစ်က ပိုပြီးကြီးမားတယ်ဆိုတာကို နိုင်ငံတော် အစိုးရ သိစေချင်ပါတယ်။ အဲလို သိစေချင်တဲ့ အတွက်ကြောင့် သံဃာ့ နာယက အဖွဲ့အစည်း အဆင့်ဆင့်က နေမှ သံဃာ မဟာနာ ယကအဆင့် ရောက်သွားပြီးတော့ မဟာနာယက ဆရာတော်ကြီးမှ တဆင့် လွတ်တော်ထဲ မှာ ဆွေးနွေးပြီးတော့ ထောင်ထဲမှာကျနေတဲ့ သိက္ခာ မချသေးတဲ့ ရဟန်းသံဃာတော်တွေကို လွတ်ပေးဖို့ မေ တ္တာရပ် ခံနိုင်အောင် ၊ ထောင်ထဲမှာရောက်နေတဲ့ ယုံကြည်ချက် အကျဉ်းသား တစ်ယောက်မကျန် လွတ်ပေး ဖို့ မေတ္တာရပ်ခံနိုင်အောင်၊ ဒီကြားထဲ အတော အတွင်းမှာ ထောင်က မလွတ်သေးခင် ထောင်ထဲက ရဟန်းသံဃာတွေ ဦးဇင်းလို ဘဝမျိုး နိမ့်ကျတဲ့ ဘဝမျိုး မဖြစ်အောင်၊ သင်္ကန်းဝတ်ခွင့် ရအောင် ၊ ဦးဇင်း တောင်းဆိုချင်တဲ့ အတွက်ကြောင့် ( ဦးဇင်း ခုလို သင်္ကန်းကို ဝတ်ခြင်း) ဖြစ်ပါတယ် ။ သင်္ကန်း အကျွတ်ခံရတဲ့ ရဟန်းသံဃာထက် သင်္ကန်းကိုမြတ်နိုးတဲ့သူ မရှိပါဘူး။ ဒီ ဘဝကြီးကိုလည်း အင်မတန် စက် ဆုပ် ရွံရှာပါတယ် ။ သို့သော်လည်းပဲ ဦးဇင်း ဒီလို ကမ္ဘာကြီးကို ပြပြီး တောင်းဆိုမှ ဒီ အခွင့်အရေးကို ရမှာ မို့လို့ ဦးဇင်း သင်္ကန်း မဝတ်ခြင်းဖြစ်ပါတယ်။ 
ဆရာတော် ဦးဝိစိတ္တသာရ ( ဝီရသူ ) ၁၄-၁-၁၂ ညနေ(၄း၀၀)နာရီ။

No comments: