Monday, January 30, 2012

အာဏာရှင် မဖြစ်ညစ်ကျယ်များ အမြန်ဆုံး ကျဆုံးပါစေသား...

by Augustine Nge on Monday, 30 January 2012 at 06:51

လူ ဘယ်နှစ်ယောက်က 
ကျနော်တို့ ကံကြမ္မာကို ခေါင်းခေါက်ကြမှာတဲ့လဲ...

တကယ်တော့...
လူ ရှစ်ယောက်က ကျနော်တို့ အနာဂတ်ကို..
 ခေါင်း ဖြတ်ခဲ့ကြတာပါ... မေမေ...

စက်တိုင်အောက်ကို
တရားသဖြင့်
ကျနော်တို့ မရောက်ခဲ့ရဘူး... မေမေ..

 သွေးလေခြောက်ခြားနေတဲ့
သားသတ်သမားတွေရှေ့မှောက်
ကျနော်တို့ ဒူးမထောက်ချင်ပဲ ရောက်ခဲ့ရတဲ့အခါ...
ဒလျှို-ဆိုပါ့လား....

အထက်ဗ-ရဲ့ ဥက္ကဌထွန်းအောင်ကျော်-ဟာ ဒလျှို-ဆိုရင်...
သူ့ကို ဖိုကျင်ထိုးသူတွေဟာ ဒလံ-ဆိုတာ သိပ် ကျိမ်းသေတယ်... 

ဒလျှိုတွေကို ဒလံတွေက သတ်တဲ့ည
ကျနော်တို့က အမှတ်ရနေဦးမယ်...

သမိုင်းရဲ့ မြစ်များက
အဆီးအတားမရှိ စီးဆင်းနေဦးမှာ... မေမေ...

ကျောင်းသားသွေးနဲ့ ခြေဆေးခဲ့သူတွေ..
.ကျောင်းသားသွေးတွေ ပေကျံနေခဲ့မှတော့
ဘယ်လိုနည်းနဲ့မှ ကိုယ့်နံမည်ကိုသန့်စင်စေချင်လို့ မရဘူး...

အာဏာရှင် မဖြစ်ညစ်ကျယ်များ
အမြန်ဆုံး ကျဆုံးပါစေသား...

(atn)
Augustine Nge facebook မှကူးယူဖော်ပြသည်။

No comments: