Saturday, January 21, 2012

အမြန်ဆုံးလွှတ်ပေးပါ။

၁၉၉၆-၁၉၉၈ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအေးအောင်၊
ရမည်းသင်း ထောင်မှ ကိုဇော်ဇော်အောင်(လူအခွင့်အရေး)၊
တောင်ငူ ထောင်မှ ကိုရင်(ခ)မျိုးမြင့်(ခ)ရှင်ပညာဝံသ ၊
ကိုမျိုးသန့် (ဗ.က.သ)၊
ဆရာ ဦးရွှေထူး (မန္တလေး) ၊
ဖဒိုမန်းငြိမ်းမောင် ၊
ကိုအေးမင်းနိုင် နှင့် ဇနီး မစန်းစန်းမော်၊
ဦးမြင့်အေး (၇၄ ကျောင်းသားဟောင်း ) ကြည့်မြင့် တိုင် NLD ဟောင်း လူ့ အခွင့်အရေးလှုပ်ရှားသူ၊
ကိုသိန်း(ခ)ကိုသိန်းထွန်း
ကိုလက်ယျာထွန်း၊
ဖိုက်တာအောင် (ခ) နိုင်အောင်၊
ကိုမြဟန် (မြင့်ဟန်)၊
သန်လျှင်ရေနံချက်စက်ရုံကို ဗုံးမခွဲဘဲ ဗုံးခွဲပါတယ်ဆိုပြီး မတရားညဉ်းဆဲပြီး ဖြောင့်ချက်ယူထားခံရသော သန်းဇော်(ခ) သန့် ဇော်၊ နှင့် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးပါ။

(မှတ်ချက်။ ။အမည်စာရင်းများကို ရသလောက်ဆက်ပြီး တင်ပေးသွားမှာဖြစ်ပါတယ်။)
Thar Swe facebook မှကူးယူဖော်ပြသည်။

1 comment:

လင်္ကာ said...

Than Win Htut ကျနော် ဘိုင်အိုကျူရှင်ဆရာလုပ်နေတဲ့အချိန်မှာ စတွေ့တော့ ၁၉ နှစ်သား အရွယ်အေးအောင်ပါ။ ကျူရှင်ခန်းလေးမှာ သိန်းသောင်းချီတဲ့ငွေကို ကိုင်ပီး အမှားအယွင်းမရှိ ရှင်းလင်းရိုးသားတယ်။ ဆင်းရဲတဲ့ ကျောင်းသားတွေကို ညှာတယ်။ ကျူရှင်လခမယူပဲ တက်ခိုင်းဖို့ ကူညီပေးဖို့ ၀န်မလေး။ အချိန်မရွေး အခမဲ့ study guide လုပ်ပေးဖို့ ၀န်မလေးဘူး။ ၉၇။ ၉၈ ကာလတွေက အဲဒီကျူရှင်ခန်းလေးထဲမှာပဲ စာကြည့်တိုက်လေး လုပ်ကြ တဲ့အခါ နေမျိုးကျော် (နေဘုန်းလတ်)နဲ့ ၂ယောက် ကလေးတွေကို စာအုပ်တွေ ဖတ်ဖို့ တိုက်တွန်း တတ်တယ်။ ကို သားဆွေ နဲ့ ၂ယောက်သား ကျူရှင်ခန်းလေးထဲမှာ ညည ပုန်းအိပ်ကြဖူးသေးတယ်။ ဒါတွေလုပ်ရင် ဒုတ်တွေလာမယ် အိမ်မပြန်ပါနဲ့ လို့ အတန်တန်ပြောတဲ့ကြားက အိမ်အပြန်လမ်းမှာ အဖမ်းခံရတယ်ကြားရ။ တီဗီ သတင်းတွေ မနက်ကစလွှင့်ဖို့ နော်ဝေမှာ ညလုံးပေါက်အိပ်ရေးပျက်ခံရလဲ လွတ်သင့်သူတွေ လွတ်လာလို့ ၀မ်းသာတယ်။ ဒါပေမယ့် အေးအောင် ဒီတခါ ဘာလို့ပါမလာရသလဲ။ အဖွဲ့ချုပ်စာရင်းထဲမှာ ဘာလို့သူမပါရသလဲ နီမိုလှိုင် နဲ့ တွေ့ရင် မေးချင်တယ်။