Thursday, January 12, 2012

၆၅၁ ထွက်ပြီ။ ဒဲ့ပဲ။

သရက်ထောင်

၁- ကိုမင်းကိုနိုင်
၂-မင်းခေါင်ထွဋ်
၃-တင်ထွဋ်ပိုင်
၎-မင်းသိန်းထွန်း
၅-သူရအောင်
၆-ကိုကိုလှိုင်
-ဂျော်လီထွန်း
ရှမ်း(SSA)အဖွဲ့ မှ ၆ ဦး ၊ ကရင်လူမျိုး ၂ ဦးနှင့် ကိုသန်းဇော်(၁၉၈၉ သန်လျှင်ရေနံချက်စက်ရုံ ဗုံးခွဲမှုဖြင့် စွပ်စွဲခံရသူ) တို့  ကျန်ရှိသေး 
 Burma VJ Media Network
 သရက်အကျဉ်းထောင်မှ ဝန်ထမ်းများ၏ ပြောကြားချက်အရ လွတ်မြောက်မည့်သူများထဲတွင် ကိုမင်းကိုနိုင် ပါဝင်နိုင်သည်ဟု သိရှိရသည်။ သတင်းရယူရန် စောင့်စားနေသည့် သတင်းထောက်များ ၁၂ ယောက်ဝန်းကျင်ခန့်ရှိပြီး အတည်မပြုနိုင်သေးသည့် သတင်းများအရ ကိုမင်းကိုနိုင်အား နံနက် ၈နာရီခွဲတွင် လွှတ်ပေးမည်ဟု သိရှိရသည်။ 
Eleven Media Group

မြစ်ကြီးနား

မြစ်ကြီးနားအကျဉ်းထောင်မှနိုင်ငံရေးအကျဉ်းသားများဖြစ်တဲ့ သီဟသက်ဇင်၊ကျော်ဝင်း၊ကြည်စိုး။ဇေယျာအောင်၊မျိုးမင်းသန်း၊ ဦးဝီရသူတို့လွတ်ပါတယ်။
Freedom News Group(Burma) မှကူးယူဖော်ပြသည်။ 

တောင်ကြီးထောင်

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇နာရီ ၃၀ မိနစ်
News Update: More political prisoners name were confirmed

တောင်ကြီးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများအနက် ဦးရွှေထူး မှလွဲ၍ အားလုံးလွတ်မြောက်မည်၊ သာယာဝတီမှ ၁၀ ဦးလွတ်မြောက်မည်။ ဘူးသီးတောင် အကျဉ်းထောင်တွင် မလွတ်မြောက်ပဲ ကျန်ရှိသူမှာ ကိုအေးမင်းစိုးဖြစ်သည်ဟုလည်း သိရှိရသည်။ ကျန်ရှိသူများမှာ ဖောက်ခွဲမှုများဖြင့် စွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူများဖြစ်သည် ဟုသိရှိရသည်။
Yangon Press International  မှကူးယူဖော်ပြသည်။ 
တောင်ကြီးထောင်မှ ဂျင်မီ ၊မြအေး၊ဇော်သက်ထွေး ၊ကျော်ကိုကို၊ကိုမောင်ကံ၊ဇော်မင်းဦး၊ကိုဇော်ဝင်း၊ကိုအောင်ကျော်ကျော်၊သူ၇စိုး။မန်းဇော်ထွေးတို့အားလုံး လွတ်ပါတယ်။

လားရှိုးထောင်၊ဘူးသီးတောင်ထောင်

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇ နာရီ ၁၅ မိနစ်
News Update: More political prisoners name were confirmed
လားရှိုးထောင်မှ ကိုမင်းဇေယျာ၊ ကိုမင်းဟန်၊ မဟန်နီဦး တို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မည်ဟု မိသားစုဝင်အတည်ပြု၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် အပါအ၀င် ၉ ဦးလွတ်မြောက်မည်ဟု အတည်ပြုနိုင်ပြီး ၁ ဦးကျန်ရှိမည်ဟုလည်း သိရသည်။ လက်ရှိပြုစုထားသည့် စာရင်းအရ ဘူးသီးတောင် ထောင်တွင် နိုင်ကျဉ်း ၁၀ ဦးထိန်းသိမ်းထားသည်ကို သိရသည်။
Yangon Press International  မှကူးယူဖြော်ပသည်။


ဘူးသီးတောင် ထောင်မှ ဌေးကြွယ်၊စည်သူမောင်၊သန့်စင်မျိုး၊အောင်ဇော်ဦး၊ကျော်ဝင်းဆန်း၊မောင်မောင်လတ်၊ဦးပြည်ကျော်၊ကျော်မင်းတို့လွတ်ပါတယ်။

ရွှေဘိုထောင်

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇နာရီ
News Update: more political prisoners name were confirmed
ရွှေဘိုထောင်မှ လွတ်မြောက်သည့် နိုင်ငံရေး အကျဉ်းသားများအနက် ၈၈ မျိုးဆက်မှ ကိုသက်ဇော်နှင့် မမီးမီးခေါ် မသင်းသင်းအေး တို့ပါဝင်သည်ဟု မိသားစုဝင်က အတည်ပြုပြောဆိုသည်။ ၎င်းတို့နှစ်ဦးမှာ ၆၅ နှစ်ထောင်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်သည်။

ဗန်းမော်ထောင်

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၆နာရီ ၄၅ မိနစ်
News Update: more political prisoners name were confirmed
ဗန်းမော်ထောင်တွင်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်မည်ဟု အတည်ပြုနိုင်၊ ဗန်းမော်အကျဉ်းထောင်တွင် အန်အယ်ဒီ အလုံမြို့နယ်မှ ဦးဘမြင့်၊ ၈၈ မျိုးဆက်မှ ဒေါ်မာမာဦး   နှ င့် ကိုကျော်စွာဋ္ဌေး ၊ ဒေါက်တာဝင့်သူ၊တို့ပါဝင်မည်ဖြစ်သည်

မိုင်းဆတ်ထောင်

ဇန်န၀ါရီ ၁၃ ရက် နံနက် နောက်ဆုံးရသတင်း နံနက် ၆နာရီခွဲ
News Update: more political prisoners name were confirmed
မိုင်းဆတ်အကျဉ်းထောင်မှ ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်) နှင့် ကရင်လေး စောနေထူး တို့လွတ်မြောက်မည်ဟု အတည်ပြု နိုင်ကြောင်း သိရှိရသည်။

ကျောက်ဖြူထောင်၊မြင်းခြံထောင်

ဇန်န၀ါရီ ၁၃ ရက် နံနက် သိရှိရသမျှ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်မှု စာရင်း
ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။
မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား၁၁၊ မ ၂ဦး တို့လွတ်မြောက်သည်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲချမှတ်ခံထားရသူ  မသက်သက်အောင်  လည်းယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကိုလှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။
လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ၊ သရက်ထောင်မှ ကိုသန်းဇော်  တွင်ပါဝင်သည်။ 
Yangon Press International မှကူးယူဖော်ပြသည်။

No comments: