Wednesday, January 4, 2012

စိတ်ပျက်တေးသံ


ကြိုးစားထားခဲ့တာတွေကို
အငြိုးထားခဲ့လေသလား ။ ကြေကွဲမှု တစုံတရာ
နာကြည်းမှု အထိုက်အလျောက်
ပေါက်ကွဲမှု အပြည့်အဝ
လျာထားချက်တွေက တိကျလွန်းပြန်တယ် ။ ကုက္ကိုရွက်ကြွေတွေ တဖွဲဖွဲ
နေ့ရက်တွေ ပြန့်ကြဲသွားကြ
ဘယ်တော့များမှလဲ
ဘယ်တော့များမှလဲ - တဲ့။ နေပူပူ ကွင်းပြင်ထဲ
ကိုယ့်ကိုယ်ကိုယ် တံလှပ်လို့ ထင်မိသူ ပါ
လောကဓါတ်ရှုခင်းကို
သက်ပြင်းတပုဒ်နဲ့ တုန့်ပြန်ဖို့
အသံကို သွန်ချမိပြန်ပေါ့။ ကြည်မောင်သန်း
ဧပြီ ၂၀၀၁ ၊ Fashion Image Magazine

No comments: