Friday, January 13, 2012

ကိုလွင်မိုးမြင့်

Burma VJ Media Network
ထောင်ထဲမှာ ကျနော်တို့ ရဲဘော်တွေ ကျန်သေးတယ်။ ပိုပြီး ခံပြင်းတာက ဒီမိုကရေစီအတွက် အဖွဲ့အစည်းတခု အဖြစ် ဖျက်မြင်းအနေနဲ့ ထောက်လှမ်းရေးတွေကို တယောက်ပဲ ချန်ပြီး အကုန် ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် ကျနော်တို့ ရဲဘော်တွေ အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ သာယာဝတီထောင်ကနေ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ကိုလွင်မိုးမြင့်က ပြောဆိုလိုက်ပါတယ်။ ကိုလွင်မိုးမြင့်ဟာ ပုဒ်မ ၅ည၊ ၁၇/၁ ၊ ပုံနှိပ် ၂၀၊ ပုံနှိပ် ၁၇၊ ၁၃/၁ တို့နဲ့ ထောင်ဒဏ် ၂၉ နှစ် ကျခံရပြီး ပြန်လည် လွတ်မြောက်လာချိန်မှာ နေသား ၁၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

No comments: