Saturday, January 21, 2012

မင်းကိုနိုင်

ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
0 Comments - 21 Jan 2012
"သံဃာ့ဂိုဏ်း မသင့်စေဖို့ "မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ..သို့သော်ရေးချိန်တန်လာ သော ကြောင့် ရေးလိုက်ပါသည် ­"အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံးရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်။ ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည်အဆင့်မြင့်မားလွန်းသော စာပေများ သံဃာထု အားလုံး အသုံးပြုကြရသည်။...

More Link
တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၂၊ ၂၀၁၂

၈၈မျိုးဆက်ကျောင်းသားများသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ကိုမင်းကိုနိုင်၏ အဖွင့်အမှာစကား

၂၁-၁-၂၀၁၁ နေ့လည် ၂ နာရီမှ ၄ နာရီထိ ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ကျင်းပခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ကိုမင်းကိုနိုင်၏ အဖွင့်အမှာစကား အပြည့်အစုံဖြစ်ပါသည်။

ဒီကနေ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကျော် က ကျွန်တော်တို့ ကြွေးကြော်ခဲ့သမျှ ပဲ့တင်သံတွေ ပြန်ထွက် လာတဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေသိမ်းတဲ့နေ့ပါ။ လောကဓမ္မတာအရပြောရင် ထိုက်တန်တဲ့ တုန့်ပြန်မှုနဲ့ ရလဒ်တွေကို ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။

ဆိုလိုတာကတော့ ခုလို သတင်းမီဒီယာ သမားတွေရဲ့ရှေ့မှာ တဖျတ်ဖျတ်တောက်နေတဲ့ ဓာတ်ပုံမီးတွေ ရဲ့အောက်မှာ ကျွန်တော်တို့ရပ်ပြီးတော့ စကား ပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ကျန် ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိသူမသိဘဝနဲ့ အသက်စွန့် သွားတဲ့ ကျောင်းသားလူငယ်တွေ၊ ဘဝရဲ့အစိတ် အပိုင်း များစွာကို ချပေးခဲ့ရပြီးတော့ ဒီလောကကို စွန့်လွှတ်သွား ရသူတွေ ကျောင်းသူပြည်သူတွေရဲ့ ကိုယ်စားကျွန်တော် တို့ မတ်တပ်ရပ်နေနိုင်သေးတဲ့အချိန် ဒီနေ့၊ ဒီအချိန်လို အခင်းအကျင်းမျိုးမှာ အခု သတင်းလောကမှာရော ပြည် သူလူထုရဲ့ ပြန်ကြားရေးလောကမှာရော ရေပန်းစားနေတဲ့ မေးခွန်းတွေ ရှိပါတယ်။

အဲဒါက ဘာလဲဆိုတာ့ နိုင်ငံ ရေး အခြေအနေကို ဘယ်လိုသုံးသပ်လဲဆိုတဲ့ မေးခွန်း ပါ။  ဖန်ခွက်ထဲမှာ ရေတစ် ဝက်ရှိတာကို ဘယ်လိုမြင်သ လဲဆိုတဲ့ ကိစ္စပါ။ တော်တော်ကို ကျယ်ကျယ်လောင် လောင် ကြားနေရပါတယ်။ အကောင်းမြင်သလား၊ အဆိုး မြင်သလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
ဖန်ခွက်ထဲမှာ ရေတစ်ဝက် အထူးသဖြင့် ကျွန်တော်တို့ ၈၈ မျိုးဆက် တွေ လက်ရှိ ပက တိနိုင် ငံရေးအခြေအနေ ဘယ်လိုမြင် သလဲဆိုတော့ '' တစ်ဝက်ကြီးများတောင်လို့လည်း အ ကောင်း မမြင်ပါဘူး။ တစ်ဝက်တည်း နည်းလိုက်တာလို့ လည်း အဆိုးအမြင်ပါဘူး'' တကယ်တော့ကျွန်တော် တို့  က ရေရှိမှ အသက်ရှင်မယ့် ငါးလိုပဲ။ ငါးတွေအတွက် ကတော့ တစ်ဝက်ကိစ္စ မဟုတ်ပါဘူး၊ အသက်ကိစ္စပါ။ ရေများဖို့လိုပါတယ်။
ဒါကြောင့်လည်း သတင်းသမား တွေ၊ မီဒီယာသမားတွေ သိပါလိမ့်မယ်။ ၂၃ နှစ်တာ ပေးဆပ်ပြီးတဲ့နောက်မှာ ရလာတဲ့အသီးအပွင့်တွေအဖြစ် အမှန်တရားကို ဖော်ထုတ်ကြဖို့ သတင်းမီဒီယာသမား တွေ တာဝန်ကိုထမ်းနေကြတယ်လို့ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရလာသမျှကတော့ ပြည်တွင်း သတင်း ငတ်မှုဆိုတဲ့ ပြဿနာမှာ အကြောင်းအရာ တစ်ခုဆိုပါ တော့၊ ၂ဝဝ၈၊ ၂ဝ၁ဝ အဲဒီတုန်းကဆိုရင် သတင်းမီဒီ ယာတွေရဲ့ ဖော်ပြနိုင်စွမ်းက ဖက်တစ်ဖက်တည်းကိုပဲ တင်ပြရပါတယ်။ အဲဒီအခါကျတော့ မတူကွဲပြားခြားနား တဲ့ အမြင်တွေအတွေးတွေကို ဖော်ပြခွင့်မရတဲ့အခါမှာ တစ်ဖက်သတ်ဖော်ပြတဲ့ အချက်အလက်တွေကပဲ အမှန် တရာဆိုတာ ဖြစ်ခဲ့ရတယ်။ အဲဒါကို ကျွန်တော်တို့ ပြောင်း မယ်ဗျာ။

ဒီကနေ့ သတင်းသမားတွေအားလုံး ကျွန်တော် တို့ဆန္ဒကို နားလည်ကြမယ်ထင်တယ်။ ကျွန်တော်တို့နဲ့ အတူ တူ အဲဒီအပြောင်းအလဲကို လိုက်ပါနိုင်ကြမယ်လို့ ရည်ရွယ်တဲ့ဆန္ဒနဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ် ရတာပါပဲ။ အရေးကြီးတဲ့ အချက်တစ်ချက်အဖြစ် ပါသလို၊ စာပေစိစစ်ရေးဆိုတာ လိုအပ်ပါတယ်လို့ အတွေးမျိုးနဲ့ ဆိုရင်တော့ ဒီလောက ထပ်တက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ထားရတာတွေ၊ အဲဒီလို တစ်ဖက် သတ် အမြင်တွေ ဖော်ပြလို့ မကြိုက်တာတွေကို မိမိနဲ့ သဘောမကျ တာတွေကို ဖယ်ရှားဖို့ဆိုတာ မဖြစ်ပါဘူး။သဘော ထားတွေ၊ အယူအဆတွေ အမျိုးမျိုးတင်ပြနိုင်ကြပါစေ ဆိုတဲ့ လွတ်လပ်ခွင့်မျိုးကို စာပေလောကသမားတွေ ထပ်ပြီး ခြေလှမ်းလှမ်းကြဖို့ ထပ်ပြီးတော့ ရေးကြထည့် ကြဖို့ ကျွန်တော်တိုက်တွန်းပါရစေ။

တချို့က ပြောပါ တယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ ဘယ်ကနေ ဘယ်လိုစပြီးတော့ ၈၈ ဘာလဲ၊ ၈၈ ဘယ် လဲ မေးခွန်းတွေ ရှိပါတယ်။ ၁၉၈၈ အားလုံးသိခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ မျိုး ဆက်အားလုံးဟာ ၈၈ မျိုးဆက်တွေပါ။ အဲဒီ မျိုးဆက် တွေဟာ ၈၈ အရေးတော်ပုံကြီး ပြီးတဲ့အခါမှာ နယ်ပယ် အသီးသီးကို စိမ့်ပြီး ဖြာပြီး ဝင်ရောက်သွားပါတယ်။ ဒီအချက် အရေးကြီးပါတယ်။ စီးပွားရေးလောက၊ အနု ပညာလောက၊ သတင်းမီဒီယာ၊ နိုင်ငံရေးသီးသီးသန့် သန့်လုပ်မယ့် လောက ဒီလိုပဲ အများပြည်သူအကျိုးကို သယ်ပိုးမယ့် အသင်းအဖွဲ့တွေ ပရဟိတလောကတွေထဲကို ရောက်ပါ တယ်။ နောက်ဆုံး ဝန်ထမ်းလောကတွေ အထိ ရောက်ပါတယ်။ ၈၈ အရေးတော်ပုံကြီးကို အင်နဲ့ အားနဲ့ ဆင်နွှဲခဲ့တဲ့ အဲဒီမျိုးဆက်ရဲ့ အသီးသီးသော အစိတ် အပိုင်းတွေဟာ နောက်ဆုံး လက်နက်ကိုင်အဖွဲ့အ စည်း တွေထိ ရောက်ခဲ့ပါတယ်။ အဲဒီအင်အားစုတွေရဲ့ စိတ်တွေ အဲဒီတုန်းက လူငယ်တွေ ၈၈ ရဲ့ ပုံရိပ်တွေပါ။ ဒီနေ့ မြန်မာပြည်ထဲမှာ ဧရာဝတီဆိုတဲ့ ပင်မသွေးကြောကြီး ထဲကလို တစ်ဆတ်ဆတ်ခုန်နေကြတုန်းပါ။
 

ဒီနေ့ သတင်း သမားတွေရှေ့မှာ ရပ်ရတဲ့ ၈၈ တွေဟာ ဘာလဲ ဆိုတော့ မကြာမီကမှ မြန်မာတစ်နိုင်ငံ လုံးမှာရှိတဲ့ အကျဉ်း ထောင်တွေကနေ ပြန်လာကြတဲ့ ၈၈ တွေပါ။ ဒါဖြင့်ရင် ၈၈ တွေ ဘာလုပ်မှာလဲ၊ မေးခွန်းရှိပါတယ်။ အရှင်းဆုံး ပြောရရင်တော့ သမိုင်းမှာ ၈၈ ပြီးတော့မှ နယ်ပယ်အသီး သီးကို ဖြန့်ကျက်သွားသလိုပဲ။ အခု ထောင်ထဲကပြန် ထွက်လာပြီး ပန်းပဲဖိုတွေထဲမှာ တစ်ကြိမ်နဲ့အားမရ နှစ် ကြိမ်၊ နှစ်ကြိမ်နဲ့အားမရ သုံးကြိမ်ဆိုသလို၊ သံကောင်း မှန်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီး အတိုက်ခံ ပေမှာ ထပ်ပြီး အထုခံတဲ့ ဓားတွေအဖြစ် လောကကြီးထဲ ပြန်ရောက် လာတာပေါ့။ အဲဒီတော့ ၈၈ တွေက ဘာဆက်လုပ်မှာ လဲဆိုတဲ့မေးခွန်းဟာ နယ်ပယ်အသီးသီးမှာရှိပြီးသားဖြစ် တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေနဲ့ ပြန်ပြီး လက်တွဲ ကြဖို့ ကျွန်တော်တို့နယ်ပယ်အသီးသီးကို ထပ်မံဖြန့်ကျက် ပြီးတော့အများအကျိုး၊ တိုင်းပြည်အကျိုး၊ လော ကပါလ တရားသုံးပါး ထွန်းကားဖို့အရေးကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါလို့။ အဲဒါကို ကျွန်တော်ပြော ချင်ပါတယ်။

အရာရာတိုင်းမှာ ကျောင်းသားတွေဟာ ကြားနေရမယ်၊ ဘက်မလိုက်ရဘူးဆိုတဲ့ အတွေးအခေါ်တွေ အယူအဆ တွေ ရှိခဲ့ပါတယ်။ ယေဘူယျအားဖြင့် မှန်ချင်မှန်ပါလိမ့် မယ်။ High Light အနေနဲ့တော့ ကျွန်တော်တို့ဟာ လောက ပါလတရား သုံးပါးဖြစ်တဲ့ တရားမျှတရေး၊ လွတ်လပ် ခြင်း တန်းတူညီမျှခြင်းဆိုတဲ့ အချက် သုံးပါးနဲ့ ပတ် သက်ရင်တော့ လောကပါလတရားသုံးပါးကို တည် ထောင်သူတွေနဲ့ ဖျက်ဆီးသူတွေကြားမှာတော့ ဘက်မ လိုက်ဘဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့ လောကပါလ တရား သုံးပါး တည်ထောင်သူဘက်ကနေ ပြတ်ပြတ် သားသား ဘက်လိုက်ရမှာ အဲဒါလေးကို အသိပေးပါရ စေ။ ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက်မှာလည်း အားလုံးကိုယ်စားပြောခဲ့ပါတယ်။ ပြုပြင်ပြောင်း လဲရေးလုပ် လိုသူ တွေနဲ့ လက်တွဲဆောင်ရွက်ရမယ်ဆိုတဲ့ ကိစ္စပါ။

ဒါ နောက်ဆုံးစကားပါ။ ၂၃ နှစ်တာ ပြည်သူလူ ထုရဲ့ ပေးဆပ်မှုရဲ့ နောက်ဘဝများစွာ အသက်များစွာ စတေးပြီးတဲ့နောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ငြင်း ပယ်လို့မရတဲ့ ပကတိမျက်မှောက်တရား အဖြစ် နောက် ဆုံး လက်ရှိအစိုးရကိုယ်တိုင် လက်ခံထားပါပြီ။ အဲဒါ ပြည်သူ့အောင်ပွဲ၊ လူထုအောင်ပွဲဆိုတာ ကို အောင်စိတ်နဲ့ မှတ်ပါ။ အဲဒီအတွက် ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ အဟောင်းအဆွေးကြီးဖြစ်တဲ့ ဖိနှိပ်ချုပ် ခြယ်ခြင်း အခွင့်ထူးခံခြင်းဆိုတဲ့ အဟောင်းကြီးကို ဖက် တွယ်ထားချင်တဲ့သူတွေကတေ့ နေရာတကာမှာ ရှိဦးမှာ ပါပဲ။ လွန်ဆွဲပွဲတစ်ခုလိုပါ။ လွန်ကြိုးနှစ်ဖက်ပဲရှိ ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့ အင်အားစု တွေ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် သူတို့က တစ်ဖက်၊ အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုသူတွေကတစ်ဖက် အဲဒီ လွန်ဆွဲပွဲမှာလည်း ၈၈ က ပြုပြင်ပြောင်းလဲရေး လုပ်လိုသူများဘက်ကပဲ လွန်ဝင်ဆွဲဦးမှာဆိုတာကို ရှင်းရှင်လင်းလင်း ကတိပေး ထားပါတယ်။

အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ အခုလို ရပ်ပြီး စကားပြောရတဲ့ ကာလဘာဖြစ်လဲ ဆို တော့ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အရ ကမ္ဘာ ပျက်မယ့်နှစ်မှာ ကျွန်တော်တို့ ကျွန်ပြန်ဖြစ် ခဲ့ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ်ပြန်တည်ရမယ့်ဘဝဆို တော့၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီမိုကရေစီ လိုလားသူတွေ အများစုကတစ်ကယ်တမ်းသာ ဦးညွတ်မယ်ဆိုရင်တော့ ကမ္ဘာပျက်မယ့်နေ့မှာ နိုင်ငံ သစ်တည်ဆောက်ရုံတင် မကဘူး။ ကမ္ဘာသစ်ပါ တည်လို့ရမယ်ဆိုတာ ယုံ့ပါတယ်လို့ ပြောရင်း ကျွန်တော့်စ ကားကို အဆုံးသတ်ချင်ပါတယ်။

The messenger journal

No comments: