Sunday, January 22, 2012

ABSDF(NB) ကိစ္စနှင့် ပတ်သက်သူများသို့

by Maungmaung Skw on Sunday, 22 January 2012 at 03:28
“သိက္ခာရှိရှိ ကာကွယ်ခုခံသောအားဖြင့်” “သတ္တိရှိရှိ ဗြောင်ထွက်ဆွေးနွေးကြပါ” “စာတမ်းတွေတင်ကြဖို့ အချိန်ရောက်ပါပြီ” “သူများရေးတဲ့ ဆောင်းပါးတွေမှာ ၀င်မှတ်ချက်ပေးတာမျိုး” “ပဟေဠိပုစ္ဆာ တပုဒ်တွက် သလိုမျိုး မေးခွန်းထုတ်နေတဲ့ လုပ်ရပ်” “ပြဇာတ်ထဲက ဒဏ်ရာ အနာတရမင်းသားတယောက် ကိုယ့်ရဲကြေ ကွဲမှုကို အယားဖြေ တယောထိုး ငိုကြွေနေတာမျိုး” “ကိုယ့်နှလုံးသားကို ကိုယ်ဘာသာသစ္စာရှိဖို့လိုပါတယ်” “မရှင်းမလင်းလုပ်နေသူများအတွက် ကျွန်တော်တို့ရဲ့အသံတစုံတရာရှိမှာမဟုတ်ပါဘူး” “သူရဲဘောကြောင် စွာဆက်လက်ငြိမ်သက်နေမယ်ဆိုရင်ပိုပြီးအရှက်တကွဲအကျိုးနဲမဲ့ဖြစ်ရပ်တွေကိုကြုံတွေ့ရပါလိမ့်မယ်”....................

များပြားလိုက်တဲ့ စွတ်စွဲချက်တွေ-ဆုံးဖြတ်ချက်တွေ- စီရင်ချက်တွေပါလားဗျာ။ကျွန်တော်က သူတို့တစ်တွေနဲ့ နီးစပ်တဲ့သူ ပတ်သက်တဲ့သူ သူတို့အကြောင်း အများထက်နဲနဲပိုသိတဲ့သူ တယောက် အနေနဲ့ရော သူတို့စခန်းကိုနှစ်ခေါက်ရောက်ဘူးတဲ့သူတယောက်အနေနဲ့ရော ကျွန်တော်နားလည်တာလေး နဲနဲတင်ပြချင် ပါတယ်။ ဒီကနေ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှား ရေးသားနေကြသူများ ခင်ဗျား- ရှေ့ဆက်ပြီး ဘာလုပ်ကြမှာလည်း။ နိုင်ငံတကာတရားရုံးမှာ အမှုဖွင့်ကြမှာလား-နိုင်ငံတော်အစိုးရကို စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပေးဘို့တောင်းဆိုပြီး တာဝန်ရှိသူတွေကို အရေးယူဘို့ လုပ်ကြမှာလား။ ခံရတုန်းက သူရဲဘောကြောင်စွာ အော်ဟစ်ငိုကြွေးပြီး ခံခဲ့ကြတာ မဟုတ်သလို အခုလည်း အယာဖြေ တယောထိုး ငိုကြွေးမနေကြပါဘူး။ ကိုယ်ပြောလို့ ဘာမှဖြစ်လာဦးမှာမဟုတ်ဘဲ အဖွဲ့အစည်းရဲ့ သိက္ခာ ကျတာဘဲ အဖတ်တင်မှာဆိုတာကိုကြည့်လို့ ရဲရင့်စွာ ငြိမ်နေကြတာပါ။ ရှင်းရှင်းလင်းလင်းငြိမ်နေကြတာပါ။ ဘယ်သူ့ကို ဦးတည်ပြီး စာတမ်းတင်ကြရမယ်ဆိုတာကို သဘော မပေါက်ကြပါ။ လက်ရှိ ABSDF ခေါင်းဆောင်များက သူတို့ အပေါ် မကောင်းပြောနေပေမဲ့ အဖွဲ့အစည်း၏ပုံရိပ် ထိခိုက်မည်ကို စိုးရိမ်နေကြဆဲ ဖြစ်ပါသည်။ ထိရောက်တဲ့ အလုပ်တခုကို ပီပီပြင်ပြင် လုပ်နိုင်ပြီ ဆိုတဲ့ အချိန်ရောက်လာရင် အမှန်တရားကိုပြောပြဖို့ အားလုံး အဆင်သင့်ရှိကြပါတယ်။ နန်းအောင်ထွေးကြည်နဲ့ သင်းသင်းညီတို့ကိုဘဲ ကြည့်ပါ-သူတို့ ဘယ်သူကိုမှ လူသိရှင်ကြား မလုပ်ခဲ့ကြပေမဲ့-လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အမှန်တရားကို ရေးသားခဲ့ ကြတာဘဲ မဟုတ်လား။သူတို့ရဲ့ ရဲဝန့်ကြပုံများ ပြောရင်ယုံနိုင်စရာတောင်မရှိပါဘူးဗျာ-ကျွန်တော်ရောက်နေ တဲ့အချိန် မိဘတွေလည်းပါလာတဲ့အချိန်  သူတို့အခြေအနေတွေလည်းဘာမှန်းမသိ-မိဘတွေလည်း ပြန်နိုင် မပြန်နိုင်မသေချာသတ်နေဖြတ်နေတဲ့သွေးညှီနံ့တွေထောင်းလမောင်းထနေတဲ့အချိန်မှာတောင် ကျော်နိုင်ဦး တို့-ဘိုဘိုတို့-နန်းအောင်ထွေးကြည်တို့ဟာ  မိဘလူကြီးတွေကို ဟာသတွေလုပ်ပြီးစိတ်ပြေပျောက် သွားအောင် စိတ်သက်သာရာရအောင် လုပ်နိုင်ခဲ့တာ ကိုယ်တွေ့ဗျ။ဒီတော့ဗျာ မရိုသေစကားပြောပါရစေ-ကျွန်တော့စကားမှားသွားလွန်သွားရင် ခွင့်လွှတ်ပါလို့တော့ ကြိုတင်တောင်းပန်ပါတယ်--အရသာခံဖို့သက် သက်တော့ ဒီကိစ္စတွေကို ပြောနေရေးနေတာ မဖြစ်စေချင်ဘူး-တခုခုဖြစ်မြောက်အောင်လုပ်ကြ မှ ဖြစ်လိမ့် မယ်။          
မောင်မောင်-ရွှေကရ၀ိက်

Maungmaung skw facebook မှကူးယူဖြော်ပသည်။

2 comments:

လင်္ကာ said...

Aung Moe Win သူရဲဘောကြောင်သူများဆိုတာ လုပ်ခဲ့သူတွေကို ပြောတာပါ ကိုမောင်မောင်ရေ
8 hours ago · Like · 2
Aung Moe Win စာတမ်းတင်ရမဲ့သူ ဆိုတာ ပြည်သူ့ဆီကိုပါ။ နိုင်ငံတကာမှာ ရှိတဲ့ပြည်သူတွေအားလုံးက ခံရသူတွေဘက်က နာကျင်ဒေါသထွက်နေကြတယ်။ အမှန်တရားအတွက် တခုခုလုပ်ပေးချင်ကြတယ်။ ကာယကံရှင်တွေက ရေးကြပြောကြမှ ပွဲက ပိုမြိုင်လာမှာပါ။
8 hours ago · Like · 2
Aung Moe Win ခင်ဗျားက ရေးနေတာပဲ မို့လား ကိုမောင်မောင်၊ မရေးသင့်သေးဘူး လို့ ပြောနေတဲ့သူတွေကို ဆိုလိုတာပါ
8 hours ago · Like · 2

လင်္ကာ said...

Aye Aye Soe Win KO MG MG SKw, Ko Aung Moe Win meant another peron, not you...
4 hours ago · Like · 1
Maungmaung Skw ကျွန်တော်နားလည်ပါတယ်။ကိုအောင်မိုးဝင်းကိုရော ကိုမောင်မောင်
ဝမ်းတို့ကိုရော နားလည်ပါတယ်။သူတို့
စေတနာကိုလည်း သဘောပေါက်ပါတယ်။ကျွန်တော့်ကိုလာပြောပြတဲ့ လူငယ်တွေ
က တောင်းဆိုလာကြလို့ ရေးတင်လိုက်
ရတာပါ။လူအများ အခြေအနေကို သဘောပေါက်စေချင်တာလည်းပါတာ
ပေါ့လေ။ဒီလိုရေးကြတဲ့သူတွေ ရှိမှလည်း
အမှန်တရားဆိုတာက ပေါ်ပေါက်လာမှာ
ဆိုတာကိုလည်း သိပါတယ် မအေးအေး
စိုးဝင်း။ကျွန်တော်အခြေအနေကိုလည်း
သဘောပေါက်ပေးပါ။
4 hours ago · Like · 1