Monday, January 16, 2012

ကျွန်တော်သိခဲ့သော ABSDF(NB) အကြောင်း အပိုင်း(၂)

by Maungmaung Skw on Monday, 16 January 2012 at 01:50
                                       ကျွန်တော်သိခဲ့သော ABSDF(NB) အကြောင်း၊အပိုင်း(၂)

အဲ့ဒီလိုဖွဲ့စည်းပြီးလှုပ်ရှားနေကြရင်း-မျိုးဝင်းနဲ့ မိုးညှင်းအုပ်စုတို့ရဲ့ အုပ်စုဖွဲ့ပြီး တပ်တွင်းဗိုလ်ကျ စိုးမိုးရေး တွေလုပ်လာသည့်အတွက် ဦးစီးအဖွဲ့ဝင်တစ်ဦးဖြစ်သော နေဒွန်း(မြစ်ကြီးနား)သည် စိတ်ပျက် လက်ပျက် ဖြစ်သွားပြီး “စည်းရုံးရေးနှင့် ရံပုံငွေ ရှာကြံရေး” လုပ်ဆောင်ရန် ဟု အကြောင်းပြ ကာ မန္တလေး ဘက်သို့ ထွက်ခွာသွားခဲ့ပါသည်။နောက်ပိုင်းတွင် မျိုးဝင်းမှ စီးပွားရေးတာဝန်ခံ အဖြစ် ခန့်အပ်ခဲ့ပြီး ဖားကန့် သို့ သွားရောက်နေထိုင်စေခဲ့ပါသည်။

ဗဟိုကော်မတီဝင်များထဲမှ စောယဉ်ထွေး(ရွှေကူ)၊ခင်မောင်ဝင်း(ရွှေကူ)၊ဇော်ဝင်းချစ်(ဗန်းမော်)တို့ လည်း မျိုးဝင်းတို့အုပ်စုနှင့် မပြေလည်ကြပါ။ခရိုင်မှူးများဖြစ်ကြသော အောင်ထွေး(ဗန်းမော်) နှင့် သန်းဇော် (မိုးကောင်း) တို့သည် ဗဟိုကော်မတီ အတွင်းရေးမှူး တာဝန်ယူထားသော မျိုးဝင်းနှင့် မပြေလည်မှုကြောင့် ၄င်းတို့၏ဇာတိသို့ ပြန် သွားကြ ပါသည်။
အောင်ထွေး(ဗန်းမော်)၏ ဗန်းမော်ခရိုင်မှူးတာဝန်အား ဇော်ဝင်းချစ်(ဗန်းမော်)အား၎င်း၊ သန်းဇော် (မိုး ကောင်း) ၏ မိုးကောင်းခရိုင်မှူး တာဝန်အား စောယဉ်ထွေး(ရွှေကူ)အား၎င်း တာဝန်ယူစေခဲ့သည်။
ထိုအတောအတွင်း ရွှေကူခရိုင်မှူးအောင်ကျော်မိုးသည် KIA အဖွဲ့ဝင် တစ်ဦးနှင့် စကားများ ရန်ဖြစ်ရာ မှ သေနတ်နှင့်အပြစ်ခံရပြီး သေဆုံးသွားသည့်အတွက်၎င်း၏ ရွှေကူခရိုင်မှူးတာဝန်ကို ခင်မောင်ဝင်း (ရွှေကူ) အား တာဝန်ပေးခဲ့သည်။ထိုအခါ ABSDF(KS) အဖွဲ့ ဦးစီးကော်မတီဝင်များထဲတွင် လွှမ်းမိုး(မိုးကောင်း) နှင့် လှဌေး(ဗန်းမော်) တို့ နှစ်ဦးသာ ကျန်ခဲ့ပါတော့သည်။

ထိုအခြေအနေတွင် ABSDF(ဗဟို )-မာနယ်ပလော သို့ကိုယ်စားလှယ်စေလွှတ်ရန် အကြောင်းဖြစ်လာ သော အခါ ABSDF(KS) ၏ ဗဟိုကော်မတီ ဥက္ကဌ ကျော်ကျော်(မြစ်ကြီးနား) နှင့် ဦးစီးကော်မတီဝင် လှဌေး(ဗန်း မော်)တို့ကို ကိုယ်စားလှယ်များအဖြစ်ရွေးချယ်ပြီး မာနယ်ပလောသို့ စေလွှတ်ခဲ့သည်။

ထိုအခါ ABSDF(KS) တွင် ဦးစီးကော်မတီဝင် အဖြစ် လွှမ်းမိုး တစ်ဦးတည်း ကျန်ခဲ့ပြီး၊ဗဟိုကော်မတီဝင် များထဲတွင် မျိုးဝင်းက ရာထူးအကြီးဆုံး၊တာဝန်အကြီးဆုံးဖြစ်နေလေသည်။မျိုးဝင်းနှင့်လွှမ်းမိုးတို့ နှစ်ဦး သား နေရာ တိုင်း မှာ ထိပ်တိုက်တွေ့နေကြလေသည်။
လွှမ်းမိုးက “ဦးစီး အဖွဲ့မှ ချမှတ်ပေးသော လမ်းစဉ်ကို ဗဟို ကော်မတီက အကောင်အထည်ဖော်ပေးရ မည်” ဟုပြောဆိုတတ်ပြီး-မျိုးဝင်းက “ဦးစီးအဖွဲ့ ဆိုသည်မှာ နာယက အဖြစ်သာတင်ထားခြင်း ဖြစ်သည် -ဦးစီး အဖွဲတွင် ဘာမှ လုပ်ပိုင်ခွင့်မရှိ” ဟု ပြောဆိုနေသည်။
မျိုးဝင်းက အင်အားတောင့်တင်းပြီး လွှမ်းမိုးတွင် အင်အားမရှိပါ။
ထိုအချိန်တွင်ABSDF(KS)ဖွဲ့စဉ်ကမဲပေးခွင့် မရခဲ့ကြသောစစ်ကိုင်းကျောင်းသားအုပ်စုကABSDF(စစ်ကိုင်း)  ဟု သီးခြားဖွဲ့စည်းကြမည်ဟု  စည်းရုံး လှုပ်ရှားလာကြသည်။
အဆိုပါစည်းရုံး လှုပ်ရှားမှုကို ဦးကျော်ကျော်အုန်း(တန့်ဆည်)၊ဦးရန်နိုင်စိုး(တန့်ဆည်)၊ဦးသောင်းမြင့် (တန့် ဆည်)၊ အားစိုက် (ခေါ်)တင်မောင်အေး(ကသာ)  နှင့် စိုးကြီး (ကောလင်း) တို့က ဦးဆောင်ခဲ့ပေသည်။

maung maung  (skw) facebook စာမျက်နှာမှကူးယူဖော်ပြသည်။

ကျနော်သိထားသော ABSDF(NB)  ကောက်ကြောင်းအပိုင်း(၁)

1 comment:

လင်္ကာ said...

Kyaw Gyi AB ဦးကျော်ကျော်အုန်း နာမည်ရင်းက ဦးကျော်အုန်းပါ၊ဦးရန်နိုင်စိုး နာမည်ရင်းက ဦးစိုးလင်း(ကျူရှင်ဆရာ)ပါ၊ဦးသောင်းမြင့် ကတန့် ဆည်မြို့ နယ်ဒေါင့်ကြီးရွာပါ၊ကိုအားစိုက် ရဲ့ ကလောင်နာမည်က မှိုင်းအေး(ဧရာဝတီ) ၊အမှားပြင်တာမဟုတ်ဘူးနော် နဲနဲထပ်ဖြည့် တာပါ