Thursday, January 12, 2012

401

4   0  1
U Ag thein 13jan 8am by dvbradio
 ယခုအကြိမ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ဆိုထားသည်မှာ ' ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီး သည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက်တစ်ခုခုထား၍ဖြစ်စေ ၄င်းအပေါ် ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၄င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ် အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင် သည်' ဟု ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့် သမ္မတကြီး၏ သဘောဆန္ဒဖြင့်ပေးခြင်းဖြစ် သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ '' အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်ခွင့်ရှိသည်'' ဟူ၍ဖြစ်ပါသည်။

No comments: