Tuesday, December 6, 2011

ကိုထွန်းကြည်

၈၈မျိုးဆက်ကျောင်းသားဟောင်းနှင့် နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သူ ကိုထွန်းကြည်က ဒီဇင်ဘာ လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ၏ ရွေးကောက်ပွဲနှင့်လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် ကြေငြာချက်မှာ လက်မှတ်ရေးထိုးထားသူ လေးဦး ကိုသာ ကိုယ်စားပြုပြီး ၈၈ မျိုးဆက်ကျောင်းသားအားလုံးနှင့် ပါဝင်လှုပ်ရှားခဲ့သူ အားလုံးကို ကိုယ်စားမပြုကြောင်း ပြောပါတယ်။ ဒါကြောင့်လည်း ဒီနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ပြန်လည်စာထုတ်ပြီး ရှင်းလင်းရခြင်းဖြစ်ကြောင်းပြောပါတယ်။မိမိတို့ အနေဖြင့် မဟာဗျူဟာနှင့် အချိန်အခါ အရ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပြီး လုပ်ကိုင်သွားရမယ့် အချိန်ကာလဟု ယုံကြည် ကြောင်းနှင့် ၈၈ မျိုးဆက်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံလက်တွဲလုပ်ကိုင်သွားမည့် ပုံစံများကို ရှင်းပြခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုလည်း တချိန်တည်းတွင် ဆက်လုပ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီ ပန်းတိုင်ကို တိုင်းရင်းသားများနှင့် ဒီမိုကရက်တစ်အင်အားစုများညီညီညွတ်ညွတ်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဘားမားဗွီဂျေမီဒီယာ ကိုပြောခဲ့ပါတယ်။ ၈၈မျိုးဆက်ကျောင်းသားဟောင်း ကိုထွန်းကြည် ၏ သဘောထားအမြင် by Burma VJ Media

No comments: