Tuesday, December 20, 2011

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို တဦးတည်းကူညီမည့် ဂျော့ဆိုရော့စ် မြန်မာပြည်လာမည်


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို တဦးတည်ကူညီမည့် ဂျော့ဆိုရော့စ် မြန်မာပြည်လာမည်

သူကြွယ်တစ်ဦးဖြစ်သူ ဂျော့ဆိုရော့စ်
ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ပညာရပ်များ လေ့လာရန် ဒါရိုက်တာ လူရွှင်တော် ဦးဇာဂနာဦးဆောင်သည့် အဖွဲ့ဝင်များသည် ပြည်ပနိုင်ငံများသို့ ၁၆-၁၂-၂၀၁၁ ရက်တွင် လေ့လာရေး ခရီးစတင်ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါလေ့လာရေးခရီးတွင် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်၍ ရုပ်ရှင်စတူဒီယိုများ ရုပ်သံသတင်းဌာနများအား လေ့လာမည်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာများနှင့်လည်း တွေ့ဆုံဆွေးနွေးမေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် အတွက်သွားတာပါ။ ဒီလိုသွားရင်း ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရိုက်ကူးရန် အတွက်ပါ ရုပ်ရှင်စတူဒီယိုတွေနဲ့ ပတ်သက်တာတွေ လေ့လာသွားမှာပါ။ ကမ္ဘောဒီးယားမှာ မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဘယ်လိုရိုက်လဲဆိုတာ သင်တန်းပို့ချတဲ့ Metal Film School ရှိတယ်၊ အဲဒီကို သွားလေ့လာမယ်။ မြန်မာပြည်ကိုလာဖို့လဲ ဖိတ်ခေါ်မယ်" ဟု ဦးဇာဂနာက ပြောသည်။

ထို့ပြင် ရုပ်ရှင်သင်တန်းပို့ချမှုနှင့် ပတ်သက်၍ အမေရိက၊ ပြင်သစ်၊ ဂျာမနီရှိ ပညာရှင်များမှာ ဒီဇင်ဘာလကုန်မှစ၍ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည့် လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်အား ၂၀၁၂ ဇန်နဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများအား New York Film Institute တွင် သုံးလကြာ ရုပ်ရှင်သင်တန်းတက်ရောက်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိဇာတ်လမ်းရိုက်ကူးရန် ပြည်တွင်းရှိ အကြီးအကဲများနှင့် အတ္တုပ္ပတ္တိဇာတ်လမ်းရိုက်ကူးရန် ပြည်တွင်းရှိ အကြီးအကဲများနှင့် အနုပညာရှင်များ၏ ဝိုင်းဝန်းကူညီမှုများ အပါအဝင် ပြည်ပနိုင်ငံရှိ ဟန်ဂေရီဖွား ဂျူးလူမျိုးအမေရိကန် ရင်းနှီးမြှုပ်နှံသူ သူကြွယ်တစ်ဦးဖြစ်သည့် ဂျော့ဆိုရော့စ်က ဗိုလ်ချုပ်ဇာတ်လမ်းအတွက် တစ်ဦးတည်း ငွေကြေးထောက်ပံ့ရန် ဒီဇင်ဘာနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း  ပြည်မြန်မာသတင်းဂျာနယ် မှာ ဖော်ပြထားသည်။
By: သစ်ထူးလွင်

No comments: