Monday, December 19, 2011

နှလုံးလေဟပ်ပြီးတကောင်တော့ကြွသွားပြီ



  • မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီမှာ သေဆုံးသွားခဲ့ ရပြီ ဖြစ်ကြောင်း ပြုံးယမ်းရှိ အစိုးရပိုင် သတင်းဌာနမှ တနင်္လာနေ့က ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်သည်။ အဆိုပါ ခေါင်းဆောင်ကြီး ကင်ဂျုံအီမှာ လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းကြေငြာသူမှ ငိုရှိုက်သံဖြင့် ပြောကြားသွားခဲ့သည်။

    အဆိုပါ သတင်းကြေငြာသူမှာ အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားခဲ့ပြီး ခေါင်းဆောင်ကြီးအနေဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကို ထိ ခိုက်လောက်အောင်ပင် အလုပ်ကြိုးစားခဲ့သဖြင့် ယခုလို သေဆုံးသွားရခြင်းဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။ ယခုလို သေဆုံးခဲ့ ရခြင်းကြောင့် မြောက်ကိုရီးယား နိုင်ငံရှိပြည်သူများမှာ မင်သက်ခဲ့ရကြောင်းလည်း သိရသည်။ ကင်ဂျုံအီမှာ မြောက်ကိုရီးယားနိုင်ငံကို လွန်ခဲ့သည့် ၁၉၉၄ ခုနှစ်တွင် ၎င်း၏ ဖခင် ကင်အီဆွန်း သေဆုံးအပြီးတွင် အုပ်ချုပ်ခဲ့ခြင်းဖြစ်ကာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က လေဖြန်းမှု ခံစားရအပြီးတွင် လူထုမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သူလည်း ဖြစ်သည်။ ယခုလိုသေဆုံးမှုကြောင့် ၎င်း၏ အနေရာတွင် တတိယမြောက် သားဖြစ်သူ ကင်ဂျုံဝန်းကို လက်လွှဲခဲ့ဖွယ်ရှိကြောင်းလည်း BBC သတင်းတွင် ပြောကြားလိုက်သည်။
    By: သစ်ထူးလွင်
  • ခေါင်းဆောင်ကြီးသေလို့ ငိုကြတဲ့ တပည့်တွေ

    No comments: