Tuesday, December 27, 2011

ကျောင်းသားတပ်မတော်ခေါင်းဆောင်ဟောင်းများ၏သဘောထား

ABSDF ဥက္ကဌ ဟောင်း ကိုထွန်းအောင်ကျော် ၏ သဘောထား

ငါတို့လူ့အခွင့်အရေးကိုဘယ်လောက်တန်ဖိုးထားကြသလဲစောင့်သိရိုသေကြသလဲ?။
ကိုထိန်လင်းရဲ့ “ကျွန်တော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”ကို ဖတ်ရတော့ ယူကြုံးမ ရဖြစ်ရ တဲ့အပြင်တော်တော် လဲသံ ဝေဂရခဲ့ပါတယ်။ ကျွန်တော် တို့နိုင်ငံမှာစစ်အာဏာရှင်စံနစ် ကိုတွန်းလှန်ဖို့ကြိုးစားရင်း၊ နိုင်ငံရေးအဖွဲ့ အစည်း တွေ ပြည်သူ့အရေး၊ ဒီမိုကရေစီရေးတွေပျောက်ကွယ်၊ ပန်းတိုင်ကိုမေ့ပြီး ၊ ရန်သူကပင်မလုပ်တဲ့ ရက် စက်မှုအပေါင်းသရဖူဆောင်း တဲ့အထိလူ ကိုလူလို့ မမြင် တော့ ဘဲ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေပါ တယ်ဆိုသူတွေက လူ့အခွင့် အရေးတွေကိုမျက်ကွယ်ပြု၊ လူတွေကို အဟိတ်တိရစ္ဆာန်တွေလိုအရိုင်း အစိုင်းခေတ် ကအတိုင်းလူမဆန်တဲ့နှိပ်စက် နည်းတွေနဲ့မတွေးဝံ့လောက်အောင် ရက်ရက်စက်စက်နှိပ်စက်ပြီး၊ အပြစ်ရှိ ပါတယ်လို့ ဝန် ခံခိုင်း၊ ကမ္ဘာ့အလယ် မှာလူရိုင်းတိုင်းပြည်လိုပြုကျင့်ခဲ့တာတွေကြောင့်၊ ဗမာနိုင်ငံကို တကယ် ကယ်တင်ချင် တယ်၊ တကယ် လူ့အခွင့်အရေးကိုလေးစားတယ်၊ ပြည်သူတွေအတွက်ရယူပေးချင်ပါ တယ်ဆိုတဲ့ သူတွေအား လုံးကြပ်ကြပ်အသဲထဲမှာစွဲနေအောင်မှတ်သားထားပြီး၊ ငါတို့ဒီလိုအလုပ်မျိုးတွေ ကိုဘယ်တော့မှ မလုပ်ဘူးလို့၊ မိမိကိုယ်ကိုမိမိ လေးလေးနက်နက် ဂတိပြုပြီး စက်ဆုပ်ရွံရှာ စွာ စံနမူနာယူသင့်တယ် လို့တိုက် တွန်းချင်ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဖြုတ်၊ထုတ်၊သတ်လမ်းစဉ်ဟာ ကွန်မြူနစ်တွေရဲ့ လမ်းစဉ် ဟာ မင်း မဲ့ဝါ ဒနဲ့ဘာများခြားနားလို့လဲလို့မေးခွန်းထုတ်ရတဲ့ကိန်းဆိုက်ခဲ့သလို၊ မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်း သား များဒီမိုကရက်တစ်တပ်ဦးဟာလည်းမင်းမဲ့စရိုက်နဲ့ကျောက်ခေတ်ကိုပြန်သွားမှာလား? ပြည်သူတွေကို ဒီမိုကရေစီရအောင်တိုက်ယူကြမှာလား?ဆိုတာမြောက်ပိုင်းအေဘီအက်ဒီ အက်ရဲ့လူမဆန် တဲ့နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုကမေးခွန်းထုတ်လာရတော့တယ်။ 

ဒီလိုလုပ်ရပ်တွေကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းသွား ရတာမဆန်းဘူးလို့ပြောရမှာဘဲ၊ မြန်မာ့နိုင် ငံရေး မှာ အဓိကပြသနာကကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့အကျင့်ဆိုးဘဲဖြစ် တယ်။ တရားဥပဒေဘောင် အတွင်းကစစ်ဆေးပြီးအပစ်ရှိရင်အပစ်ပေး၊ အပစ်မရှိရင်မရှိတဲ့အလျှောက်လွှတ်တာ မျိုးကိုလေးလေး နက်နက် မကျင့် သုံးသ၍နိုင်ငံရေးရည်မှန်းချက်တွေနဲ့ဝေးနေဦးမှာဘဲ။ အဓိကတရားဥပဒေကိုတော ထဲမှာမှို့လို့၊ ကျင့်သုံးဘို့မလွယ်ဘူးဆိုတဲ့ဆင်ချေပေးမနေဘဲ ၊ တောမှာဖြစ်ဖြစ်၊ မြို့မှာဖြစ် ဖြစ်၊ တရားဥပဒေ ကိုလိုက်နာဘို့လိုတယ်၊ တရားကိုစောင့်သိကြဘို့လိုတယ်။ အလွန်စိတ်မကောင်း ဖြစ်ရတာက၊ ဗကပတွေ ရဲ့အမှားကိုနှောင်းလူတွေဖြစ်တဲ့ အေဘီအက်ဒီအက်ကခေါင်းဆောင်တွေသိရဲ့မြင်ရက်နဲ့ ဘာလို့ပုံတူကူး ချရက် စက်ပြရတာလဲဆိုတာဘဲဖြစ်တယ်။ 

ဒီလုပ်ရပ်ဟာကျောင်းသားတွေရဲ့လက်နက်တော်လှန် ရေးကိုပျက်လိုပျက်စီးလုပ်တာထက်ကျော်လွန်ပြီးလုံးဝကျဆုံးသွားအောင်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေအမျှော်အမြင်နည်းစွာနဲ့လုပ်လိုက်တာလို့မြင်တယ်။ စစ်အာဏာရှင်တွေက ပြည်သူတွေကို၊ လက်နက်နဲ့ ဗိုလ်ကျစိုးမိုးနေတာကို တိုက် မဲ့သူတွေကိုယ်တိုင်က ကိုယ့်လက်ထဲမှာလက်နက်ရောက် လာတော့၊ ရန်သူထက် ဆိုးတဲ့နှိပ်စက်နည်းတွေနဲ့ ကိုယ်လူအချင်းချင်းထဲမှာရန်သူ့သူလျှိရှိတယ်ဆိုပြီး၊ အပစ်ရှိသူ ၁၀၀ လွတ်ရင်လွတ် ပါစေ၊ အပစ်မဲ့သူတယောက် အပစ်မကျစေနဲ့ဆိုတဲ့တရားသဘောနဲ့ဆန့် ကျင်ပြီး အပစ်ရှိသူတယောက်မိ ဘို့ အပစ်မဲ့သူ ၁၀၀ သတ်ချင်သတ် မယ်ဆိုတာဖြစ်လာခဲ့တာကြောင့် တကယ့်တော်လှန်ရေးသမားတွေတောတွင်း ခံခဲ့ရတာပါ။

ဒီကိစ္စမှာအဲဒီအချိန်ကတာဝန်ယူထားတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေမှာလုံးဝတာဝန်ရှိတယ်၊ ဒီကိစ္စကို တနေ့နေ့မှာ ဖြေရှင်းကြရမယ်၊ အဲဒီနေ့ဟာလည်းမကြာခင်ရောက်လာတော့မှာဖြစ်တယ်၊ ဒီမို ကရေစီရ ရင်တောင် ကိုယ့် တိုင်း ပြည်ကိုယ်မပြန်ရဲမဲ့လူတွေလဲရှိမှာပါ။

လွန်ခဲ့တဲ့အနှစ်၂၀ လောက်ကကိစ္စဟာ၊ အချိန်ကြာလာရင်ပျောက်ကွယ်သွားမယ်လို့ထင်ရင် အမှားကြီးမှား လိမ့် မယ်။ ABSDF ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲ? ဘယ်သူ့မှာတာဝန်ရှိ သလဲမေးရင် တာဝန် အရှိဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ထိုစဉ်ကဥက္ကဌတာဝန်ယူထားတဲ့သူတွေကရှင်းပြနိုင်ရင်ပိုကောင်းမယ်။ ဒါမှ ကျောင်းသားတော်လှန်ရေး ကြီးဘာကြောင့်မအောင်မမြင်ဖြစ်ခဲ့ရတယ် ဖရိုဖရဲဖြစ်ရတယ် ဆိုတာ သိမယ်လို့ယုံကြည်ပါတယ်၊ 

အနှစ်၂၀ကျော် ကြာပြီမို့အားလုံးသိခွင့်ရှိတယ်လို့ယုံကြည်လို့လဲဖြစ်ပါတယ်၊ အဲဒီတုံးကဦးဆောင်ခဲ့တဲ့သူတွေ အနေနဲ့ ဘာကြောင့်ဒီလိုအရုပ်ဆိုး အကျဉ်းတန်မှုတွေဖြစ်ခဲ့ရတယ်၊ ဘယ်သူကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့သ လဲ?၊ အေဘီဗဟိုကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့တာလား? အေဘီကချင်ကကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာလား?။ ကိုယ်တွေ့အဖြစ်မှန်များကိုသတ္တိရှိရှိတင်ပြပြီးအများကစဉ်းစားကြဘို့ ဖြစ်ပါတယ်။

အေဘီဥက္ကဌတယောက်အနေနဲ့ကိုယ်လေးစားတန်ဘိုးထားတဲ့အဖွဲ့ကြီးအခုလိုကိုယ့်ရဲဘော်အချင်းချင်းသတ်တဲ့အထိအရုပ်ဆိုးအကျဉ်းတန်တဲ့လုပ်ရပ်အတွက်အထူးဘဲစိတ်မကောင်းဖြစ်မိသလိုရေငုံနှုတ်ပိတ်အနေသင့်ဘူးလို့ယူဆတဲ့အတွက်အခုလိုရေးသားလိုက်တာဖြစ်တယ်၊ ကိုထိန်လင်းအနေနဲ့အဲဒီတုံးကဘယ်သူတွေကညှင်းပန်းနှိပ်စက်ခဲ့တယ်၊ ဘယ်သူကဖြင့်အမိန့်ပေးတယ်၊ အဓိက ဦးဆောင်သူတွေကိုနံမည်နဲ့တကွရေးသားဖြည့်စွက်ပေးပါလို့ပြောချင်ပါတယ်။ 

အထူးပြောချင်တာကတော့ ABSDF မှာလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ရဲဘော်တွေနဲ့ ၊ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ သူတွေနဲ့မရောယှက်စေချင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်သူလက်တွေဝင်မွှေလာမှာ ကိုလဲတော် လှန်ရေးသတိရှိဘို့လိုတယ်။ အခုလိုအရေးကြီးနေတဲ့အချိန်မှာ လက်ရှိတာဝန်ထမ်းဆောင်နေ တဲ့ABSDF ကိုတိုက်ခိုက်ဘို့ လက်နက်ကိုင်လမ်းစဉ်ကိုသေး သိမ်အောင် လုပ်ဘို့လုပ်လာနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လူစစ်ပြီးရဲဘော်သုံးကျိတ်ဖွဲ့ခဲ့တာတောင်ရှုမောင် ခေါ်ဗိုလ်နေဝင်းလိုလောက်ကောင် အာဏာရူးကကပ်ပါလာသေးတာဘဲ။ ဒါကြောင့်ဘယ်သူကဘာဆိုတာမသိခင်ဝါးလုံးရှည်နဲ့မယမ်းဘို့လိုတယ်။ ABSDF ကျောင်းသားတော်လှန်ရေးကိုယုံယုံကြည်ကြည်နဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေ ကိုတော့ မစော်ကားမိဘို့လိုတယ်။
အားလုံးကိုလေးစားလျှက်
ထွန်းအောင်ကျော် 

 အတွင်းရေးမှူးဟောင်းကိုသန်းဝင်းရဲ့ သဘောထား
ကချင်ဒေသABSDF(မြောက်ပိုင်း)တွင်ဖြစ်ပွားခဲ့သောလူမဆန်စွာနှိပ်စက်၊ညှင်းပမ်း၊ရက်စက်စွာသတ်ဖြတ်မှု တွင်အဓိကတာဝန်ရှိသူများသည်းယခုအချိန်တွင်တာဝန်ယူဖြေရှင်းပေးရန်ပြင်းထန်စွာတောင်းဆိုလိုက်သည်။

ဤကိစ္စသည် ကျနော်တို့ ၈၈၈၈ အရေးတော်ပုံကြီးမှပေါက်ဖွားလာသောABSDF ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာ ၊အစဉ်အလာကြီးသောသမိုင်းကို အမဲစက်ထင်စေသည်သာမက၊ ဘုရားရှင်ရဲ့ တရားတော်၏
ဆိုဆုံးမမှုအောက်တွင်အပြည့်အ၀နာခံ၍ယဉ်ကျေး၊စာနာစွာနေထိုင်ကြသောမြန်မာပြည်ဖွားများ၏ဂုဏ်သိက္ခာကိ
ုပါစော်ကားပြီးအမဲစက်ထင်စေတဲ့လုပ်ရပ်ဖြစ်တယ်၊ ကမ္ဘာ့အလယ်မှာမိမိတို့လူမျိုး ကဲ့ရဲ့ ရှုတ်ချ အထင်သေး
ခံရတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွန်မြတ် မှန်ကန်စွာတိုက်ပွဲဝင်နေသော ကျောင်းသားတပ်မတော်ကိုပြည်သူ များအ ယုံအကြည်မဲ့စေသောလုပ်ရပ်ဖြစ်တယ်လို့ကျနော်ခိုင်ခိုင်မာမာစွပ်စွဲပါတယ်၊အမြန်ဆုံးဖြေရှင်းဖို့လိုအပ်ကြောင်း ကိုထပ်မံတောင်းဆိုပါတယ် ။

အောင်မိုးဝင်း ရေးသော မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ သည် သူစိတ်ကူးယဉ် ၍ ရေးသား ထားချက် မဟုတ်ပါ ၊ကိုယ်တိုင်ခံစားခဲ့ရသောသူများမှပေးပို့သော ခိုင်မာသည့်အချက်အလက်များမှထုတ်နှုတ်ရေး သားခြင်းဖြစ်ပါတယ်၊ကျနော်ကိုယ်တိုင်သိတဲ့ကိစ္စဖြစ်သောကြောင့် ဤ ညှင်းဆဲ သတ်ဖြတ်မှုဖြစ်ရပ်သည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်ဖြစ်ပါကြောင်းထောက်ခံရေးလိုက်ရပါတယ်။

ဤ ဖြစ်ရပ်ပေါ်တွင်အခြေခံ၍ ရေးသားခဲ့သော ကိုထွန်းအောင်ကျော် ၏ ရပ်တည်ရေးသား ချက်သည် ကျနော်နှင့်ထပ်တူထပ်မျှဖြစ်ပါကြောင်း အသိပေးထောက်ခံအပ်ပါတယ်။
ကိုယ်တိုင် ကံနိမ့်စွာဖြင့် နာကျင်စွာ စတေးခံသွားကြသော သူရဲကောင်းများ၊ကံကောင်းစွာဖြင့် အသက် ရှင် ကျန်ရစ်ခဲ့ကြသောသူရဲကောင်းများကိုကျနော်အလေးပြုအပ်ပါတယ်၊စတေးခံခဲ့ရသူများအတွက် ကောင်းရာဘုံဘ၀မှာပျော်
ရွှင်စွာစံစားနိုင်ပါစေ။ကျနော်သည်ရဲဘော်များနဲ့ထပ်တူနာကျင်စွာခံစားရပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်။
ပြုလုပ်သူများသည် တချိန်မှာမိမိလုပ်ရပ်နဲ့ထပ်တူခံစားရမယ်ဆိုတာအမြဲရင်မှာပိုက်ထားကြပါ။ ကိုယ့်အလှည့်ကျရင်မနွဲ့ကြဖို့တော့လိုတယ်အဆင်သင့်ပြင်ထားကြပါ။ဒါမှတရားမှာပေါ့ ။


တော်လှန်သောသစ္စာဖြင့်
သန်းဝင်း
အထွေထွေအတွင်းရေးမှူး ဟောင်း ( ၁၉၈၈ )
ABSDF
12/ 21/ 2011

ABSDFဥက္ကဌများ

(၁) ရဲဘော်ထွန်းအောင်ကျော်(ပထမအကြိမ်ညီလာခံသက်တမ်း၊ ၁​၉​၈​၈-၁​၉​၈​၉)
(၂) ရဲဘော်မိုးသီး​ဇွန်(ဒုတိယအကြိမ်ညီလာခံသက်တမ်း ၁​၉​၈​၉-၁​၉⁠၉​၁၊ တတိယအကြိမ်ညီလာခံသက်တမ်း၁​၉⁠၉​၁-၁​၉⁠၉​၆၊ ပေါင်းစည်းရေးညီလာခံ သက်တမ်း၁​၉⁠၉​၉ )
(၃) ရဲဘော်Dr. နိုင်အောင် (တတိယ​အကြိမ် ညီလာခံ သက်တမ်း၊ ၁​၉⁠၉​၁-၁​၉⁠၉​၆၊ ပေါင်းစည်းရေးညီလာခံ သက်တ်း၁​၉⁠၉​၆-၁​၉⁠၉​၉၊ ပဉ္စမအကြိမ် ညီလာခံ​သက်တမ်း ၁​၉⁠၉​၉-၂​၀⁠၀​၁)
(၄) ရဲဘော်စိုင်းမြင့်သူ (ပဉ္စမအကြိမ်ညီလာခံ​သက်တမ်း၊ ၂​၀⁠၀​၁)
(၅) ရဲဘော်သံခဲ (ဆဌမအကြိမ်ညီလာခံ​သက်တမ်း ၂​၀⁠၀​၁-၂​၀⁠၀​၃ မှန၀အကြိမ် ညီလာခံ​သက်တမ်း၂​၀​၁​၁- အထိ)

ကိုး​ကား

  1. http://www.absdf8888.org/
























No comments: