Wednesday, December 28, 2011
ကျောင်းသားတပ်မတော်ဥက္ကဌဟောင်းများ၏သဘောထား
ကျောင်းသားတပ်မတော် ဥက္ကဌများ
(၁) ရဲဘော်ထွန်းအောင်ကျော်(ပထမအကြိမ်ညီလာခံသက်တမ်း၊ ၁​၉​၈​၈-၁​၉​၈​၉)
(၂) ရဲဘော်မိုးသီး​ဇွန်(ဒုတိယအကြိမ်ညီလာခံသက်တမ်း ၁​၉​၈​၉-၁​၉⁠၉​၁၊ တတိယအကြိမ်ညီလာခံသက်တမ်း၁​၉⁠၉​၁-၁​၉⁠၉​၆၊ ပေါင်းစည်းရေးညီလာခံ သက်တမ်း၁​၉⁠၉​၉ )
(၃) ရဲဘော်Dr. နိုင်အောင် (တတိယ​အကြိမ် ညီလာခံ သက်တမ်း၊ ၁​၉⁠၉​၁-၁​၉⁠၉​၆၊ ပေါင်းစည်းရေးညီလာခံ သက်တ်း၁​၉⁠၉​၆-၁​၉⁠၉​၉၊ ပဉ္စမအကြိမ် ညီလာခံ​သက်တမ်း ၁​၉⁠၉​၉-၂​၀⁠၀​၁)
(၄) ရဲဘော်စိုင်းမြင့်သူ (ပဉ္စမအကြိမ်ညီလာခံ​သက်တမ်း၊ ၂​၀⁠၀​၁)
(၅) ရဲဘော်သံခဲ (ဆဌမအကြိမ်ညီလာခံ​သက်တမ်း ၂​၀⁠၀​၁-၂​၀⁠၀​၃ မှန၀အကြိမ် ညီလာခံ​သက်တမ်း၂​၀​၁​၁- အထိ)
ABSDF ဥက္ကဌ ဟောင်း ကိုထွန်းအောင်ကျော် ၏ သဘောထား
 ငါတို့လူ့အခွင့်အရေးကိုဘယ်လောက်တန်ဖိုးထားကြသလဲစောင့်သိရိုသေကြသလဲ?။
ကိုထိန်လင်းရဲ့ “ကျွန်တော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”ကို ဖတ်ရတော့  ယူကြုံးမ ရဖြစ်ရ တဲ့အပြင်တော်တော် လဲသံ ဝေဂရခဲ့ပါတယ်။ ကျွန်တော် တို့နိုင်ငံမှာစစ်အာဏာရှင်စံနစ် ကိုတွန်းလှန်ဖို့ကြိုးစားရင်း၊ နိုင်ငံရေးအဖွဲ့ အစည်း တွေ ပြည်သူ့အရေး၊ ဒီမိုကရေစီရေးတွေပျောက်ကွယ်၊ ပန်းတိုင်ကိုမေ့ပြီး ၊ ရန်သူကပင်မလုပ်တဲ့ ရက် စက်မှုအပေါင်းသရဖူဆောင်း တဲ့အထိလူ ကိုလူလို့ မမြင် တော့ ဘဲ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေပါ တယ်ဆိုသူတွေက လူ့အခွင့် အရေးတွေကိုမျက်ကွယ်ပြု၊ လူတွေကို အဟိတ်တိရစ္ဆာန်တွေလိုအရိုင်း အစိုင်းခေတ် ကအတိုင်းလူမဆန်တဲ့နှိပ်စက် နည်းတွေနဲ့ မတွေး ဝံ့လောက်အောင် ရက်ရက်စက်စက်နှိပ်စက်ပြီး၊ အပြစ်ရှိ ပါတယ်လို့ ဝန် ခံခိုင်း၊ ကမ္ဘာ့အလယ် မှာ လူရိုင်းတိုင်းပြည်လိုပြုကျင့်ခဲ့တာတွေကြောင့်၊ ဗမာနိုင်ငံကို တကယ် ကယ်တင်ချင် တယ်၊ တကယ် လူ့အခွင့်အရေးကိုလေးစားတယ်၊ ပြည်သူတွေအတွက်ရယူပေးချင်ပါ တယ်ဆိုတဲ့ သူတွေအား လုံးကြပ်ကြပ်အသဲထဲမှာစွဲနေအောင်မှတ်သားထားပြီး၊ ငါတို့ဒီလိုအလုပ်မျိုးတွေ ကိုဘယ်တော့မှ မလုပ်ဘူးလို့၊ မိမိကိုယ်ကိုမိမိ လေးလေးနက်နက် ဂတိပြုပြီး စက်ဆုပ်ရွံရှာ စွာ စံနမူနာယူသင့်တယ် လို့တိုက် တွန်းချင်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဖြုတ်၊ထုတ်၊သတ်လမ်းစဉ်ဟာ ကွန်မြူနစ်တွေရဲ့ လမ်းစဉ် ဟာ မင်း မဲ့ဝါ ဒနဲ့ဘာများခြားနားလို့လဲလို့မေးခွန်းထုတ်ရတဲ့ကိန်းဆိုက်ခဲ့သလို၊ မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်း သား များဒီမိုကရက်တစ်တပ်ဦးဟာလည်းမင်းမဲ့စရိုက်နဲ့ကျောက်ခေတ်ကိုပြန်သွားမှာလား? ပြည်သူတွေကို ဒီမိုကရေစီရအောင်တိုက်ယူကြမှာလား?ဆိုတာမြောက်ပိုင်းအေဘီအက်ဒီ အက်ရဲ့လူမဆန် တဲ့နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုကမေးခွန်းထုတ်လာရတော့တယ်။ 
ဒီလိုလုပ်ရပ်တွေကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းသွား ရတာမဆန်းဘူးလို့ပြောရမှာဘဲ၊ မြန်မာ့နိုင် ငံရေး မှာ အဓိကပြသနာကကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့အကျင့်ဆိုးဘဲဖြစ် တယ်။ တရားဥပဒေဘောင် အတွင်းကစစ်ဆေးပြီးအပစ်ရှိရင်အပစ်ပေး၊ အပစ်မရှိရင်မရှိတဲ့အလျှောက်လွှတ်တာ မျိုးကိုလေးလေး နက်နက် မကျင့် သုံးသ၍နိုင်ငံရေးရည်မှန်းချက်တွေနဲ့ဝေးနေဦးမှာဘဲ။ အဓိကတရားဥပဒေကိုတော ထဲမှာမှို့လို့၊ ကျင့်သုံးဘို့မလွယ်ဘူးဆိုတဲ့ဆင်ချေပေးမနေဘဲ ၊ တောမှာဖြစ်ဖြစ်၊ မြို့မှာဖြစ် ဖြစ်၊ တရားဥပဒေ ကိုလိုက်နာဘို့လိုတယ်၊ တရားကိုစောင့်သိကြဘို့လိုတယ်။ အလွန်စိတ်မကောင်း ဖြစ်ရတာက၊ ဗကပတွေ ရဲ့အမှားကိုနှောင်းလူတွေဖြစ်တဲ့ အေဘီအက်ဒီအက်ကခေါင်းဆောင်တွေသိရဲ့မြင်ရက်နဲ့ ဘာလို့ပုံတူကူး ချရက် စက်ပြရတာလဲဆိုတာဘဲဖြစ်တယ်။ 
ဒီလုပ်ရပ်ဟာကျောင်းသားတွေရဲ့လက်နက်တော်လှန် ရေးကိုပျက်လိုပျက်စီးလုပ်တာထက်ကျော်လွန်ပြီးလုံးဝကျဆုံးသွားအောင်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေအမျှော်အမြင်နည်းစွာနဲ့လုပ်လိုက်တာလို့မြင်တယ်။ စစ်အာဏာရှင်တွေက ပြည်သူတွေကို၊ လက်နက်နဲ့ ဗိုလ်ကျစိုးမိုးနေတာကို တိုက် မဲ့သူတွေကိုယ်တိုင်က ကိုယ့်လက်ထဲမှာလက်နက်ရောက် လာတော့၊ ရန်သူထက် ဆိုးတဲ့နှိပ်စက်နည်းတွေနဲ့ ကိုယ်လူအချင်းချင်းထဲမှာရန်သူ့သူလျှိရှိတယ်ဆိုပြီး၊ အပစ်ရှိသူ ၁၀၀ လွတ်ရင်လွတ် ပါစေ၊ အပစ်မဲ့သူတယောက် အပစ်မကျစေနဲ့ဆိုတဲ့တရားသဘောနဲ့ဆန့် ကျင်ပြီး အပစ်ရှိသူတယောက်မိ ဘို့ အပစ်မဲ့သူ ၁၀၀ သတ်ချင်သတ် မယ်ဆိုတာဖြစ်လာခဲ့တာကြောင့် တကယ့်တော်လှန်ရေးသမားတွေတောတွင်း ခံခဲ့ရတာပါ။
ဒီကိစ္စမှာအဲဒီအချိန်ကတာဝန်ယူထားတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေမှာလုံးဝတာဝန်ရှိတယ်၊ ဒီကိစ္စကို တနေ့နေ့မှာ ဖြေရှင်းကြရမယ်၊ အဲဒီနေ့ဟာလည်းမကြာခင်ရောက်လာတော့မှာဖြစ်တယ်၊ ဒီမို ကရေစီရ ရင်တောင် ကိုယ့် တိုင်း ပြည်ကိုယ်မပြန်ရဲမဲ့လူတွေလဲရှိမှာပါ။
လွန်ခဲ့တဲ့အနှစ်၂၀ လောက်ကကိစ္စဟာ၊ အချိန်ကြာလာရင်ပျောက်ကွယ်သွားမယ်လို့ထင်ရင် အမှားကြီးမှား လိမ့် မယ်။ ABSDF ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲ? ဘယ်သူ့မှာတာဝန်ရှိ သလဲမေးရင် တာဝန် အရှိဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ထိုစဉ်ကဥက္ကဌတာဝန်ယူထားတဲ့သူတွေကရှင်းပြနိုင်ရင်ပိုကောင်းမယ်။ ဒါမှ ကျောင်းသားတော်လှန်ရေး ကြီးဘာကြောင့်မအောင်မမြင်ဖြစ်ခဲ့ရတယ် ဖရိုဖရဲဖြစ်ရတယ် ဆိုတာ သိမယ်လို့ယုံကြည်ပါတယ်၊ 
အနှစ်၂၀ကျော် ကြာပြီမို့အားလုံးသိခွင့်ရှိတယ်လို့ယုံကြည်လို့လဲဖြစ်ပါတယ်၊ အဲဒီတုံးကဦးဆောင်ခဲ့တဲ့သူတွေ အနေနဲ့ ဘာကြောင့်ဒီလိုအရုပ်ဆိုး အကျဉ်းတန်မှုတွေဖြစ်ခဲ့ရတယ်၊ ဘယ်သူကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့သ လဲ?၊ အေဘီဗဟိုကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့တာလား? အေဘီကချင်ကကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာလား?။ ကိုယ်တွေ့အဖြစ်မှန်များကိုသတ္တိရှိရှိတင်ပြပြီးအများကစဉ်းစားကြဘို့ ဖြစ်ပါတယ်။
အေဘီဥက္ကဌတယောက်အနေနဲ့ကိုယ်လေးစားတန်ဘိုးထားတဲ့အဖွဲ့ကြီးအခုလိုကိုယ့်ရဲဘော်အချင်းချင်းသတ်တဲ့အထိအရုပ်ဆိုးအကျဉ်းတန်တဲ့လုပ်ရပ်အတွက်အထူးဘဲစိတ်မကောင်းဖြစ်မိသလိုရေငုံနှုတ်ပိတ်အနေသင့်ဘူးလို့ယူဆတဲ့အတွက်အခုလိုရေးသားလိုက်တာဖြစ်တယ်၊ ကိုထိန်လင်းအနေနဲ့အဲဒီတုံးကဘယ်သူတွေကညှင်းပန်းနှိပ်စက်ခဲ့တယ်၊ ဘယ်သူကဖြင့်အမိန့်ပေးတယ်၊ အဓိက ဦးဆောင်သူတွေကိုနံမည်နဲ့တကွရေးသားဖြည့်စွက်ပေးပါလို့ပြောချင်ပါတယ်။ 
အထူးပြောချင်တာကတော့ ABSDF မှာလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ရဲဘော်တွေနဲ့ ၊ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ သူတွေနဲ့မရောယှက်စေချင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်သူလက်တွေဝင်မွှေလာမှာ ကိုလဲတော် လှန်ရေးသတိရှိဘို့လိုတယ်။ အခုလိုအရေးကြီးနေတဲ့အချိန်မှာ လက်ရှိတာဝန်ထမ်းဆောင်နေ တဲ့ABSDF ကိုတိုက်ခိုက်ဘို့ လက်နက်ကိုင်လမ်းစဉ်ကိုသေး သိမ်အောင် လုပ်ဘို့လုပ်လာနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လူစစ်ပြီးရဲဘော်သုံးကျိတ်ဖွဲ့ခဲ့တာတောင်ရှုမောင် ခေါ်ဗိုလ်နေဝင်းလိုလောက်ကောင် အာဏာရူးကကပ်ပါလာသေးတာဘဲ။ ဒါကြောင့်ဘယ်သူကဘာဆိုတာမသိခင်ဝါးလုံးရှည်နဲ့မယမ်းဘို့လိုတယ်။ ABSDF ကျောင်းသားတော်လှန်ရေးကိုယုံယုံကြည်ကြည်နဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေ ကိုတော့ မစော်ကားမိဘို့လိုတယ်။
အားလုံးကိုလေးစားလျှက်
ထွန်းအောင်ကျော် 
ကျောင်းသားတပ်မတော်ဥက္ကဌဟောင်း မိုးသီးဇွန်ရဲ့ သဘောထား
အေဘီဥက္က္ကဌဟောင်းမိုးသီးဇွန် မြောက်ပိုင်းလူသတ်ပွဲအပေါ် သဘောထားဘယ်လိုရှိသလဲ။
သူပဲသိနိုင်မှာပါ။ သူ့ ဘလော့သွားကြည့်တော့လည်း တလောကလုံး ဆူညံ နေတာ
သူဘာမှမကြားသလိုပါပဲ။ အမြဲတမ်းခေါင်းစဉ်သစ်တွေနဲ့ ပြည့်နေတဲ့  we fight ,we win ဘလော့ကြီးမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ တစိုးတစိမတွေ့ ရှိရပါ။အမြဲတမ်းအသံထွက်နေတတ်တဲ့ မိုးသီးဇွန် ထူးဆန်းစွာ တိတ်ဆိတ်နေတော့ ဆိတ်ဆိတ်နေလိုတာ မိုးသီးဇွန်ရဲ့ သဘောထားပဲလို့ ယူဆပါတယ်။
မြောက်ပိုင်းလူသတ်ပွဲအပေါ်မှာဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ သဘောထားဘယ်လိုရှိမလဲ။
သူ့ သဘောဘယ်လို ရှိမယ်ဆိုတာ ကျနော်တို့ မှန်း လို့ ရပါတယ်။ 
 ဥက္ကဌဟောင်းစိုင်းမြင့်သူရဲ့ သဘောထား
ဒီဥက္ကဌဟောင်းတယောက်ကရောဘယ်လို သဘောထားရှိမလဲ။ 
သူလည်း တိတ်ဆိတ်ငြိမ်သက်နေပါတယ်။
လက်ရှိဥက္ကဌ ကိုသံခဲရဲ့ သဘောထား
လက်ရှိဥက္ကဌကိုသံခဲရဲ့ သဘောထားကရော။
...သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စ ဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှား ရှိနေပါရက်နဲ့ ဘာသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဘို့ ဘာမှ မလိုဘူးထင်တယ် ...
ကိုသံခဲရဲ့ သဘောထားကို ကိုထိန်လင်းရေးတဲ့ ကျနော်လူကက်ဆက်  မှာအဲဒီလိုဖတ်လိုက်ရပါတယ်။
ကိုကိုဦးရေ
ခင်ဗျားပြောတာသိပ်မှန်တယ်ဗျာ ၊ မတရားနှိပ်စက်ညှင်းပန်းပြီး ကိုယ်လိုချင်တဲ့အဖြေရအောင်ယူထားတဲ့ဝန်ခံချက်တွေဟာ တကယ်တော့တရားမဝင်တဲ့အပြင် ရာဇဝတ်မှုကျူးလွန်တာဖြစ်ပါတယ်၊ တချို့ခံခဲ့ရတဲ့ရဲဘော်တွေဟာ ABSDF ကိုနစ်နာမှာစိုးလို့ နှစ်ပေါင်း ၂၀ လောက်ရေငုံ နှုတ်ပိတ်နေခဲ့ကြတယ်၊ တကယ်လေးစားဘို့ကောင်းပါတယ်၊ မြောက်ပိုင်းကအသက် လုပြေး လာပြီး၊ နအဖက သူတို့အတွက်အန္တရာယ်ရှိတဲ့အတွက်ထောင်နှစ်ရှည်ထပ်ချပြီး ၊နအဖ ထောင်ထဲ မှာဆုံးပါးသွား ရတဲ့ ကိုရာကျော် (ရော်နယ်အောင်နိုင်ကသူလျှိဆိုပြီး ဖိနပ်ချွတ်ပြီးမျက်နှာကိုရိုက်ခဲ့သူ)တို့ ဟာစပိုင် တွေ မဟုတ် ဘူးဆိုတာ ခိုင်မာတဲ့သက်သေပြချက်တွေဘဲ၊ ဒါကိုဘယ်သူတွေက ငြင်း ချက်ထုတ်ချင်သေးလဲ? အလင်းပြန်ဝင်တဲ့သူတွေထဲကထောင်ထပ်ကျသူတွေ ဘယ်နှစ်ယောက်ရှိလဲ၊ သိတဲ့ သူတွေပြောရင်သိပ်ကောင်း မယ်၊ တကယ်တော့သူလျှို  လို့မတရားစွပ်စွဲခံရပြီးနှိပ်စက်ခံဒါဏ်ရာတွေနဲ့ အသက် လုပြေးလာတဲ့ကျောင်း သား တွေကို စစ်အစိုးရကလွှတ်မပေးဘဲ ထောင် ထဲမှာဆက်ထားတာကြည့်ရင် မြောက် ပိုင်းသူလျှိဖမ်းပွဲဟာအမှား အယွင်းများစွာရှိနေခဲ့တယ်လို့မှတ် ချက်ချ ရမှာ ဖြစ်တယ်။ သူတို့လူဆိုရင် ဘယ်သူ ကထောင်ချမှာလဲ။
နောက်တခုသတိပြုရမှာကအဖြစ်မှန်တွေဖေါ်ထုတ်တယ်ဆိုပြီးကျောင်းသားတပ်မတော်ကိုရန်သူ့လူတွေကဝင်ဖြဲမဲ့အန္တရာယ်ကိုတော့အထူးသတိထားရမယ်လို့မြင်တယ်၊ ABSDF ဟာဒီမိုကရေစီနည်းကျဖွဲ့စည်းခဲ့ပြီး၊ လူ့အခွင့် အရေးတွေကိုတိတိကျကျလေးစားလိုက်နာရမယ်၊ စောင့်သိရိုသေရမယ်ဆိုတာ အခြေခံဥပဒေထဲမှာအတိ အလင်း ပြဌါန်းထားပြီးဖြစ်တယ်၊ ဒါကြောင့်ဒီလိုလုပ်ရပ်ကိုကျူးလွန်တာဟာ ABSDF စည်းမျဉ်းဥပဒေကို ချိုးဖေါက်ခဲ့တာဖြစ်တယ်။ ဒီလိုလုပ်ခဲ့တဲ့လူတွေဟာABSDF ဥပဒေကိုချိုးဖေါက်တဲ့ အပြစ်ရှိတယ် နောက်တမှုကလူ့အခွင့်အရေးကိုချိုးဖေါက်တဲ့အပြစ်ရှိတယ်။
ကိုကိုဦး ခင်ဗျားအနေနဲ့ တတိယအကြိမ်ညီလာခံမှာ ဘာဖြစ်ခဲ့တယ်၊ အေဘီနှစ်ခြမ်းကွဲတဲ့အခါ မြောက်ပိုင်းက ဘယ်သူ့ဖက်မှာရပ်ခဲ့ သလဲဆိုတာပြောပြနိုင် ရင်မြောက်ပိုင်းကဘယ်အုပ်စုဘက်က ရပ်တည်ခဲ့ သလဲဆိုတာ အ များသိနိုင်မှာပါ။ ဒီအခါမြောက်ပိုင်းကိစ္စကို ဘယ်ဗဟိုကကိုင်တွယ်ဖြေရှင်းတယ်၊ ဘယ်သူတွေမှာတာဝန်ရှိ တယ်ဆိုတာပိုပြီးရှင်းလာမယ်လို့ထင်တယ်။ သံလွင်စခန်းမှာတတိယအကြိမ်ညီလာခံလုပ်တော့ကိုမိုးသီးက မြောက်ပိုင်းမှာသူလျှိတွေမိတယ်ဆိုတာကြေးနန်းရတယ်လို့ထုတ်ပြောလာတော့ကျုပ်ရှိနေသေးတယ်။ နောက် ကိုယ်စားလှယ်တွေအားလုံး၊ လုံခြုံရေးအရ ၊စစ်ပူလာလို့မဲနယ်ပလောကိုညီလာခံရွှေ့သွားတော့မလိုက် တော့ ဘဲဘန်ကောက်ကိုပြန်တက်သွားလို့နောက်ပိုင်းဘာတွေဖြစ်တယ်ဆိုတာမသိတော့ဘူး။ ခင်ဗျားကညီလာခံဆက်တက်တော့ကျုပ်ထက်အများကြီးသိတယ်။ ABSDF စစ်တမ်းမညှာတမ်း ထုတ်ဘို့ တော့လိုနေပြီလို့ထင်တယ်။ အသက်တွေလဲကြီးလာကြပြီလေ၊ “နေပါအုံးအချိန်မကျသေးဘူး”ဆို တဲ့သူတွေ ကိုတခုတော့ပြောချင်တယ်၊ မင်းတို့မှမခံရဘဲကိုးကွလို့၊နှစ်၂၀ ဆိုတာလုံလောက်တဲ့စောင့်ထိန်းမှုဘဲ၊ မတရား လုပ်သူတွေသေမှအမှုကိုစစ်ပါတော့လို့ပြောကြမှာလား။ သေတဲ့သူတွေသေကုန်ကြပြီ၊ ကိုယ်ချင်းစာစိတ်က လေးထားပြီး၊ အသတ်ခံလိုက်ရတဲ့ကျောင်းသားစစ်စစ်တွေရဲ့ဂုဏ်သိက္ခာကိုပြန်ဆယ်ဖို့ ကိစ္စမှာမတရားစွပ်စွဲ ခဲ့တဲလူတွေအားလုံးမှာတာဝန်ရှိတယ်၊ ဒီလူတွေဟာသူတို့အမှားကိုဝန်ချတောင်းပန်ရမယ်၊ တော်လှန်ရေးသမားတွေဘဲကွာလုပ်ရဲရင်ခံရဲရမှာပေါ့၊ ကိုယ့်အလှည့်ကျမနွဲ့စတမ်းပေါ့။ ABSDF ဂုဏ်သိက္ခာကျအောင်လုပ်တဲ့သူမှန်သမျှတော့ဘယ်တော့ မှခွင့်မ လွှတ်ဘူးဆိုတာမှတ်ထားလိုက်။
ထွန်းအောင်ကျော်
No comments: