Friday, December 2, 2011

မင်္ဂလာရှိတဲ့ ပွဲ

(ဒေါ်အောင်ဆန်းစုကြည်၊မစ္စဟီလာရီ ပူးပေါင်းသတင်းစာရှင်းလင်းပွဲ)

    ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တွေ့ဆုံ
    Friday, 02 December 2011 13:57

    မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သည် ဒေါ်အောင် ဆန်းစုကြည်နှင့် ယနေ့နံနက် ၉ နာရီခန့်က ရန်ကုန်မြို့ရှိ ဒေါ်အောင် ဆန်းစုကြည် ၏ နေအိမ် တွင် တွေ့ ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုသည် ၁နာရီ ၄၅ မိနစ်ခန့်ကြာမြင့် ခဲ့ပြီး တွေ့ဆုံ မှုအပြီးတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့သည် ၉ မိနစ်ခန့် မီဒီယာ များနှင့်တွေ့ဆုံခဲ့ပါသည်။

    မီဒီယာများနှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ''ဟီလာရီအနေနဲ့ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးတွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတဲ့အခါ မှာ ကောင်းမွန် တဲ့ တွေ့ဆုံ မှုရှိခဲ့တယ်။ မြန် မာနိုင်ငံရဲ့ ပြန်လည်ထိတွေ့ဆက်ဆံရာမှာ အမေရိကန်ရဲ့ ခြေလှမ်းအစတွေဖြစ်သလို နှစ်နိုင်ငံကြားမှာ နား လည်မှု၊ ဆွေးနွေးမှုတွေနဲ့ ဆက်သွားကြမှာ ဖြစ်ပါတယ်။ အခုအချိန်က အမေရိကန်က ကျွန်မ တို့ အ တွက် ကောင်းမွန်တဲ့ ဂိတ်ပေါက်တစ်ခုပဲ။ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာမှာလိုအပ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ ထိတွေ့ဆက် ဆံသွားဖို့ မျှော်လင့် တယ်။ ကျွန်မတို့ အကူအညီတွေ လိုပါတယ်။ အမေရိကန်နိုင်ငံမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အပါအ၀င်ပါ။ နိုင်ငံမှာလိုအပ်မယ့် နည်းပညာတွေအတွက် ပံ့ပိုးမှုတွေမှာ ကမ္ဘာ့ဘဏ်တွေလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။ ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံနေရ တဲ့ နိုင်ငံရေး သ မားတွေ ပြန်လည်လွတ်မြောက်လာဖို့ အဲလိုပြောတဲ့အခါမှာ တိုင်းပြည်ရဲ့ အခြေခံကျလှတဲ့ တရားဥပဒေ စိုးမိုးရေးပိုင်းအရ နောင်မှာနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်နိုင်အောင် လုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် တရားဥ ပဒေစိုး မိုးရေးပိုင်းကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်မတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးစုတွေ အများကြီးပါ ။ တိုင်းရင်း သားလူမျိုးစုတွေရဲ့ သာတူညီမျှရှိစေမယ့် ခံစားခွင့်တွေ တိုင်းရင်းသားအရေးတွေကိုလည်း အလေးထားစဉ်း စားကြဖို့ မျှော် လင့်တယ်။ အဲဒီအတွက် ကျွန်မ အခိုင်မာ ယုံကြည်တာကတော့ မြန်မာနိုင်ငံရဲ့ တရားဥ ပဒေစိုးမိုးရေးပိုင်းမှာ လိုအပ်ချက်တွေကို အစိုးရသစ်၊ အမေရိကန်သာမက နိုင်ငံတကာအဖွဲ့အ စည်း၊ အတိုက်အခံ ၊တစ်ကမ္ဘာလုံးက တူညီတဲ့လုပ်ဆောင်ချက်၊ တန်ဖိုးတွေ သာရှိမယ်ဆို အားလုံးလက်တွဲပါဝင်ကူညီကြဖို့ လိုတယ်။ ကျွန်မယုံကြည်ပါတယ် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ နောက်ပြန်မကွေ့ဘူးဆိုတာ။ ပြီးတော့ တရုတ်နိုင်ငံ အရေးကိစ္စပါ။တရုတ်က ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကောင်းမွန်တဲ့ ဆက်ဆံ ရေးတွေ ဆက်ရှိနေဖို့လည်း ကျွန်မမျှော်လင့်တယ်" ဟု ပြောကြားခဲ့ပါသည်။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ''ကျွန်မအနေနဲ့ ပြောချင်တာကတော့ ဒီမိုကရေစီဆိုတာ ပန်းတိုင်တစ်ခုပါ။ အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ အမှန်တစ်ကယ်ပဲ မိတ်ဖွဲ့နိုင်ငံဖြစ် ချင်ပါတယ်။ ကျွန်မတို့ အလုပ်တွေလည်း အများကြီးလုပ်ချင်ပါတယ်။ အကယ်၍ ဒီထက်ပိုပြီး ဒီမိုကရေ စီနည်း ကျင့်သုံးမယ်၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်၊ ကာလကြာရှည်စွာရှိခဲ့တဲ့ တိုင်းရင်းသားရေးရာ ပဋိပက္ခတွေ အဆုံးသတ်မယ်၊ ပြီးတော့ ရွေးကောက်ပွဲမှာ လွပ်လပ်ပြီး တရားမျှတပြီး ယုံကြည်နိုင်လောက်တဲ့အခြေအနေတွေ ဖြစ်လာမယ်ဆိုရင်ပေါ့။ နောင်မှာလည်း အ မေရိကန်က အနီးကပ် ဆက်လက်ပြီး စစ်မှန်တဲ့ အကူအညီ ပေးမှုတွေ အကြံပေးမှုတွေ လုပ်ဆောင်သွား မှာပါ။ နှစ်ပေါင်း များစွာက မြန်မာက လူအများရှေ့မှာ ရပ်တည်ဖို့ ခက်ခဲမှုအနေအထားတွေ ရှိခဲ့တယ်။ အခုအချိန်မှာတော့ ကျွန်မတို့မြင်ချင်တာက မြန်မာဟာ ကမ္ဘာမှာ မှန်ကန်တဲ့နေ ရာတစ်ခုမှာ ရှိနေမှုပါ။ ပြီးတော့ မြို့သာမက ကျေးလက်ဒေသမှာရှိနေတဲ့ ဖွံ့ဖြိုးမှုလိုအပ်တဲ့ မိသားစုတွေ၊ ကလေးသူငယ် တိုင်းဟာ ကောင်းမွန်တဲ့ ပညာရေးတွေပေးနိုင်အောင် အခွင့်အရေးတွေ ရှိရမယ်။ ကျန်း မာရေး စောင့်ရှောက်မှုတွေ ရှိရမယ်။ အမေရိကန်အနေနဲ့ မြန်မာနဲ့ အကောင်း ဆုံး မိတ် ဖက်နိုင်ငံအဖြစ် မျှော် လင့်ပါတယ်။ အနာဂတ်မှာတော့ နိုင်ငံသားတိုင်းဟာ မှန်ကန်တဲ့နေရာတစ်ခုမှာ ရှင်သန်ရပ် တည်နိုင်ဖို့ ကျွန်မတို့ စောင့်ကြည့်မျှော်လင့်မိပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
    ''ကျွန်မတို့မှာ အစိုးရအတွက် ကျွန်မတို့မြင်ချင်တဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေအတွက် ရေးဆွဲသတ်မှတ်ထားတာတွေ ရှိပါတယ်။ ကျွန်မအနေနဲ့ သီးသန့်ဆွေးနွေးပွဲမှာရော၊ အများပြည်သူ ဆွေးနွေးပွဲတွေမှာပါ ပြောခဲ့တာကတော့ ကျွန်မတို့အနေနဲ့ လုပ် ဆောင်ချက်တစ်ခုကို လုပ်ဆောင်ချက်တစ်ခုနဲ့ တုံ့ပြန်ဆောင်ရွက်သွားမှာ ဆိုတာပါပဲ။ တစ်ကယ်လို့များ လုံလောက်တဲ့ တိုးတက်မှုများရှိခဲ့မယ်ဆိုရင်တော့ လုံးဝသိသာတာကတော့ ကျွန်မတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို စဉ်းစားသွားမယ်ဆိုတာပါပဲ။ ဒါပေမယ်လို့ ကျွန်မ အရင်ကပြောသလိုပဲ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ တွေ့ဆုံဆွေးနွေးမှုအဆင့်ဟာ အစဦးအဆင့်ပဲ ရှိသေးပါတယ်။ အဲဒီအဆင့်ကို လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကြိုးစားတည်ဆောက်ခဲ့ရတာပါ''ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။

    (နောက်ဆုံးရ သတင်းများနှင့် သတင်းဓါတ်ပုံများကို Eleven Media Group Facebook တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။)

    No comments: