Friday, November 11, 2011

သေဆုံးသွားခဲ့သူများအကြောင်း

(KM Thet)
စာရေးဆရာ
စိတ်ကျရောဂါဖြင့်သေသည်
ဘုန်းတော်ကြီး
ဒေါသ ထွက်ပြီး ပျံလွန်တော်မူလေ၏
လူသတ်သမား
တရားနာရင်း ကံကုန်သည်
ကျောင်းသားလေး မှာ ဘိန်းခန်းထဲတွင်သေသည်
နိုင်ငံရေးသမား အချို့  အရက်သောက်လွန်ပြီးသေသည်
အင်ဂျင်နီယာ
ကာကူလေတာ ပျက်သဖြင့်သေသည်။
ကျောင်းဆရာ
ခလေးတွေကို စိတ်နာပြီး သေသွားသည်။
သရော်စာရေးသူ
လွမ်းဖျားလွမ်းနာကျပြီး အနိစ္စရောက်၏
အသည်းကွဲနေသူ
နိုင်ငံရေးဟာသ များကြောင့်
အသက်ပျောက်ရရှာသည်
တပ်ချုပ်ကြီး
ဆေးလိပ်သောက်စရာ မရှိသဖြင့်
သက်တမ်းကုန်သည်
မြင်းတစီး ဓါးတလက်ဖြင့် သူရဲကောင်း
အမျိုးသမီး များကိုကြောက်ရွံ့ပြီး လိပ်ပြာလွင့်သည်
ခလေး ရေချိုးခန်းထဲအအေးပတ်သွားသည်
မှတ်တမ်းရေးသူ
သတိမေ့ရောဂါဖြင့် ကွယ်လွန်သည်
အားလုံးသည်
ဘာလင်တံတိုင်းကို ဖြိုချရန်ကြိုးစားခဲ့ဘူးသူများ
ချစ်သူများဆုံဆည်းရန်ကြိုးစားခဲ့သူများ
ဖြစ်သဖြင့်
အမှတ်တရအလေးပြုလိုက်ပါသည်
သူတို့ အားလုံးအား သတ်ပစ်လိုက်သူမှာ
ကျနော်ကိုယ်တိုင်ဖြစ်ပြီး
ထိုသူတို့ အားလုံးမှာလည်း ကျနော်ကိုယ်တိုင် ဖြစ်ခဲ့ပါသည်။

No comments: