Saturday, October 15, 2011

နိုင်ငံရေးအကျဉ်းသား

 
တရာသီလုံး ပွဲကျပ်ချည်းကစားနေခဲ့ ရပြီး
တနိုင်ငံလုံး လူအချခံနေရတဲ့ပွဲမှာ
သူတို့ ဟာ
သစ္စာတရားရဲ့  အားထားရဆုံးနောက်ခံလူ။

တစ်ဘ၀လုံးတက်
တစ်ဘ၀လုံးဆင်းနဲ့ 
လူ့ သဘာဝရဲ့  အလှဆုံးခံစစ်ရှင်။

အလို ....
ငါ့နှလုံးသားသာ အမောလုံခဲ့ရင်
ခုချိန်ဆို အုတ်ရိုးဆိုတာ အိမ်ကွင်း။    ။

AMT

No comments: