Friday, October 14, 2011

အိမ်ပြန်မယ့်အချိန်

အိမ်မှာနှင်းတွေ ဝေနေမယ့်အချိန်
ငါ့မှာက .......
မိုးစက်တွေကြွေလို့ ။

တွေးရင်းတွေးရင်းနဲ့ 
ဝေးဝေးလာခဲ့တာ
မိုးကုတ်စက်ဝိုင်းက ကောင်းကင်နဲ့ မြေကြီး
ဘ၀ကို ပြောင်းပြန် ပြန်စီးလိုက်ချင်တယ်။


မနက်ခင်းတွေက
ငါ့ရင်ကို.........
အလွမ်းနဲ့ ဆွဲဖွင့်တယ်
မပြည့်စုံခြင်းသံစဉ်တွေနဲ့  
တဆတ်ဆတ်ခုန်နေတဲ့ ရင်ခွင် 
ကျနော် အိမ်ပြန်ချင်တယ်။


မေမေရေ
အားလုံးပြီးဆုံးသွားတဲ့ တနေ့ မှာ 
ရောက်လေရာကပြန်ထ
ငယ်ဘ၀ကိုပြန်သွား
မေမေ့ရင်ခွင်မှာ ပြန်နားပါရစေ။    ။


နေဘုန်းလတ်

No comments: