Friday, September 23, 2011

တွေးရခက်ကြီးပါ ဦးပီတာလင်းပင်

မြန်မာ့ နိုင်ငံရေးကတော့ တနေ့ ရွှေ ၊ တနေ့ ငွေ ဆိုသလို အကောင်း ဘက်ကို ဦးတည်မည်လော၊ အလိမ် စခန်း ဘက် ဦးလှည့် ပြန်ဦးမည်လော ခန့် မှန်း လို့  မရအောင် ဖြစ်နေပါတယ်။ တခါသေဖူး ပျဉ်ဖိုး နားလည် ဆိုသလို ခိုင်း နှိုင်းရမလား၊ -`ခဲမှန် ဖူးသည့် စာသူငယ်´ လို နမူနာ ပေးရမည်လော အလိမ် အညာ ခံရပေါင်းများတဲ့ ပြည်သူတွေ-နဲ့  နိုင်ငံရေး လှုပ်ရှားတဲ့ သူတွေကတော့ မယုံကြည် နိုင်အောင် ဖြစ်နေကြ ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်မှုကို ဦးတည် တဲ့ ကနဦး ခြေလှမ်းတွေ စတင် ပေါ်ထွက် နေပြီလို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ မှာ ကျင်းပနေတဲ့ Clinton Global Initiative (CGI) နှစ်ပတ်လည်ညီလာခံမှာ ပြောကြား လိုက်ပါတယ်။
အမေရိကန် သမ္မတဟောင်းဘီလ်ကလင်တန်ဦးဆောင်တဲ့CGI ရဲ့ ဒီနှစ်ညီလာခံကို ဒေါ်အောင် ဆန်းစုကြည် က ရန်ကုန်မြို့ နေအိမ်ကနေ အင်တာနက် Skype ဗီဒီယိုက တဆင့် မိန့်ခွန်း တိုက်ရိုက်ပြော ဆိုခဲ့တာ ပါ။
တကယ်လို့ မြန်မာ့အရေးကို ကမ္ဘာက ကူညီချင်တယ်ဆိုရင် လက်ရှိ ပြည်တွင်းမှာ ဘာတွေဖြစ်နေသလဲ ဆိုတာ ကမ္ဘာက လေ့လာသိရှိဖို့ လိုပါတယ်။ အဲဒီလို သိရှိနေနိုင်ဖို့ သတင်းစာထဲပါတာလောက် ဖတ်ယုံမ ဟုတ်ဘဲ အဖြစ်အပျက်တွေ နောက်ကိုလည်း မျက်ခြေမပြတ် လိုက်ပြီး ကြည့်နေဖို့ လိုအပ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

လက်ရှိ ဦးသိန်းစိန် အစိုးရအပေါ် အကောင်း-အဆိုး အမြင် ၂မျိုးနဲ့  မြင်နေကြရမှာ ယုံကြည် သူတချို့ ကတော့ မြန်မာပြည်ထဲ ပြန်ဝင် နေကြပါပြီ။

လူသိထင်ရှား ရှိကြတဲ့ အထဲက ပထမဆုံး ပြန် ၀င်သူတွေကို ပြရရင် သီး ၄-သီး အငြိမ့်အဖွဲ့ က ကိုဂေါ်ဇီလာတို့ ပါ။ ဟော အခု ၁၉။၉။ ၂၀၁၁ တနင်္လာ နေ့ က ပြည်ပရောက် စင်ပြိုင် အစိုးရ အဖွဲ့ က ၀န်ကြီးဟောင်း ဦးပီတာလင်းပင်ဟာ မြန်မာနိုင်ငံကို ပြန်သွားတယ်လို့ သိရပါတယ်။

သူ ပြန်သွားတဲ့ သတင်းတွေကို ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ အစရှိတဲ့ မြန်မာအသံလွှင့် ဌာနေ တွ ကလည်း- အမေရိကန်ရောက် ၉၀ ရွေးကောက်ပွဲ လွှတ်တော်အမတ် မြန်မာနိုင်ငံပြန် ဆို တဲ့ ခေါင်းစဉ်တွေနဲ့ ဆက်တိုက် ထုတ်လွှင့်နေကြတာ ကြားနေရပါပြီ။

ဦးပီတာလင်းပင်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြင်ဦးလွင် မဲဆန္ဒနယ်အမှတ်-၂ ကနေ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့ သူပါ။ သူဟာ ထိုင်း၊ အမေရိကန် စတဲ့
ပြည်ပနိုင်ငံတွေမှာ မြန်မာ့ ဒီမိုကရေစီရေးအတွက် ၂၁ နှစ် ကြိုးပမ်း ဆောင်ရွက် ခဲ့ပြီး၊ ဦးသိန်းစိန် အစိုးရရဲ့ ကမ်းလှမ်းချက် နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး ပြန်သွားတဲ့ ၁၉၉၀ ခုနှစ် အနိုင်ရ လွှတ်တော် အမတ် လည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် အစိုးရတို့ အကြား နိုင်ငံရေးအရ တွေ့ဆုံမှုတွေကို ထောက်ခံကြိုဆိုပြီး၊ ကူညီ ဆောင်ရွက် လို တဲ့ အတွက် မြန်မာနိုင်ငံကို ပြန်လာခဲ့တာ ဖြစ်ကြောင်း အပါအ၀င် ဦးပီတာလင်းပင် ပြည်ပအသံလွှင့် ဌာန တခု
ဖြစ်တဲ့ က RFA ကို ထုတ်ဖော်ပြောကြား ရာမှာတော့ -
“ဒေါ်အောင်ဆန်းစုကြည်နဲ့လက်ရှိ အစိုးရ သမ္မတကြီးတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ အမျိုး သား ရင်ကြားစေ့ရေးဟာ လုံးဝ လမ်းစ ပွင့်ပြီဆိုတာ ယုံကြည်တဲ့ အတွက်ကို ကြိုဆိုခဲ့တယ်။ လက်တွေ့ပြချင်တဲ့ အနေနဲ့ ကျနော် မြန်မာပြည် ပြန်လာချင်တယ်၊ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင် ချင်တယ် ဆိုတာကို သံအမတ်ကြီးက တင်ပေးပါတယ်။ နောက် သုံးလေးရက် နေတဲ့ အခါမှာ သမ္မတကြီး ကိုယ်တိုင်က ကျွန်တော်ရဲ့ တင်ပြချက်ကို လက်ခံပါတယ်” လို့ ထုတ်ဖော် ရင်ဖွင့် ရှာပါတယ်။

ဦးပီတာလင်းပင်ဟာပြည်ပအခြေစိုက် NCGUB အဝေးရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် ဝန်ကြီးဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ သူမြန်မာနိုင်ငံကို ပြန်ဖို့အတွက် နယူးယောက်မြို့ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ကူညီ ဆောင်ရွက် ပေးခဲ့တယ်လို့ ပြောပါတယ်။

ဦးပီတာလင်းပင် မြန်မာနိုင်ငံ ပြန်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ NCGUB အဝေးရောက် မြန်မာနိုင်ငံအမျိုးသား
ညွန့်ပေါင်း အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က NCGUB ရဲ့ သဘောထား ကတော့ --“ဒါကတော့ ဦးပီတာလင်းပင်ရဲ့ ဒီကနေ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကြားထဲက ဖြစ်ပေါ် တိုးတက်မှုတွေက အကောင်းဘက်ကို ဦးတည်နေတယ်လို့ သူယုံကြည်လို့ ပြန်သွားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါက လက်ရှိ အခြေအနေတွေဟာ တကယ်ပဲ အကောင်းဘက်ကို ဦးတည် နေသလား ဆိုတာကို စမ်းသပ်တာလည်း ဖြစ်နိုင်ပါတယ်” တဲ့။

ဒါတွေက အကြမ်းဖျင်း ရေဘူယျ ဖြစ်စဉ်တွေပါ။
ထူးခြားချက်ကတော့သူ မြန်မာ ပြည်ကို ပြန်မယ့်အကြောင်း ပြည်ပရောက် နာမည်ကြီး နိုင်ငံရေး သမားတွေ ဖြစ်တဲ့ မောင်မောင်ကျော်၊ နေတင်မြင့်၊ထွန်းအောင်ကျော်၊ဦးနွယ်အောင်(ဂျာမဏီ)တို့နဲ့တိုင်ပင် ပြီး မှ ပြန်တာလို့  ဗွီအိုအေ အင်တာဗျူးမှာ ထုတ်ဖော်ပြော ဆိုပါတယ်။

နောက်ထူးခြားချက်တရပ်က သူ မြန်မာပြည် ပြန်တာကို ဝေဖန်မှာ မကြောက်ကြောင်း၊ သူ့ ကို ဝေဖန်မဲ့ သူဟာ ပြည်ပမှာ စားခွင့်ရ၊ နေတဲ့ သူတွေက ကသာ ဝေဖန်မှာ ဖြစ်ကြောင်း၊ ပြည်ပ နိုင်ငံရေးဟာ (၂၁) နှစ်ကြာအောင် ကိုယ်တိုင် ထဲထဲ ၀င် ၀င် လုပ်ဆောင်ခဲ့ပေမယ့် ဘာမှ တိုးတက်တဲ့ ဖြစ်ထွန်း မှု မရှိလို့
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့  ပူးတွဲ လုပ်ဆောင်နေကြတဲ့ တိုးတက်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ယုံကြည်ပြီး ပြန်တာ ဖြစ်ကြောင်း ဗွီအိုအေ သတင်းဌာနကို ထပ်မံ ဖွင့်ဟ ပြောဆို ပြန်ပါတယ်။

ဒီနေရာမှာ ကျွန်ုပ် သဘောနဲ့ ဦးပီတာ လင်းပင် ပြောဆို ချက် ဖြောင့် ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။
ပြည်ပ နိုင်ငံရေးဟာ (၂၁) နှစ်ကြာအောင် ကိုယ်တိုင် ထဲထဲ ၀င် ၀င် လုပ်ဆောင်ခဲ့ပေမယ့် ဘာမှ တိုးတက်တဲ့ဖြစ်ထွန်း မှု မရှိဆိုတာ မမှန်ပါ။
တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီးရှိပါတယ်။ အနှစ်ချုပ် ထောက်ပြရသော်--
 
ပြည်သူတွေ
ဆင်းရဲ တွင်းက လွတ်အောင် ကယ်တင်မယ်၊ ပြည်ပမှာ ပြည်တွင်းမှာထက် နိုင်ငံရေး
ပိုလုပ်နိုင်မယ်လို့ အော်ဟစ်ပြီး ထိုင်းဘက် ထွက်လာတဲ့ ပြည်ပ အတိုက်အခံတွေ
လုပ်ရပ် ပြန် ကြည့်ရင်-
(က ) အမေရိကန်ကမ္ဘာ့ ပုလိပ် ငပွကြီး မြန်မာ့ အရေး ၀င်မရှုပ်ရေးသည် ပထမ
(ခ) တရုတ် အကူအညီနဲ့ မြန်မာ့ အရေး ဖြေရှင်း အောင်ပွဲခံရေးသည် ဒုတိယ
(ဂ) နှာခေါင်းရှည် အဖြူကောင်တွေဆီက ရသမျှ ငွေကြေးနှင့် ရနိုင်သမျှ အကူအညီ ရအောင်ယူရေး၊ ညာဝါးရေးသည်

တတိယ
(ဃ) မြန်မာ ပြည်သူတွေ လိုချင်တဲ့ လွတ်လပ်မျှတတဲ့ ဒီမိုကရေစီ စနစ် ထွန်းကားရေးသည် စတုတ္တ-
ဖြစ်တယ် ဆိုတာ မျက်စိဖွင့် နားစွင့်ထားတဲ့ နိုင်ငံရေးနားလည် သူတိုင်း လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား နေတာ သိနိုင်မြင်နိုင်ပါတယ်။

အဲဒီ အချက်တွေအရ သူတို့ လုပ်ရပ် အောင်မြင်မှုကို လေ့လာကြည့်ရင်--
၁-ပြည်ပရောက်အတိုက်အခံတွေလုပ်လို့ တော်လှန်ရေး နှစ် (၂၁)ကျော် သက်တမ်း ရှည်တဲ့ အထိ
သူတို့ ရည်ရွယ်ချက်ဖြစ်တဲ့ ရှေ့ မျှော် အနောက်မုန်း ၀ါဒ ကို မြန်မာ ပြည်သူတွေ မသိအောင် ဟန်မပျက် ရပ်တည်လာတာ အောင်မြင်မှု တခုပါ။

၂။ ပြည်ပရောက် အတိုက်အခံတွေ လုပ်လို့  အမေရိကန် သမ္မတ ဂျော့ရှ်ဘု ရဲ့ ၂၀၀၆ တွင် ဒီမိုကရေစီ
မြင်စေရမည် စီမံ ကိန်း ပျက်ခဲ့ရပါတယ်။
ဒါကြောင့်
အမေရိကန်တွေ ၂၀၀၆ မှာ ကတည်းက မြန်မာ ပြည်ကို ဒီမိုကရေစီ ရအောင်လဲ
မလုပ်နိုင်၊ မြန်မာပြည်အတွင်း ထဲထဲဝင် နိုင်ငံရေး စီးပွါးရေး တိုးချဲ့ မလာနိုင်တာပါ။
တရုတ်ကသာ စီးပွါးရေး နိုင်ငံရေး ပြည်တွင်းရော ပြည်ပမှာပါ ချုပ်ကိုင် လာတာ ပိုမြင်လာရပါတယ်။

၃။
ပခုက္ကူက စလိုက်တဲ့ စနက်မီးကို ထိုင်းနယ်စပ်ပြည်ပကလူတွေ မီးအထိုးကောင်းလို့၂၀၀၇ ရွှေ ၀ါရောင် တော်လှန်ရေးမှာ ဘုန်းကြီးတွေ ဆန္ဒ ပြကြ တယ်။ ဒါကို ပြည်ပရောက် အတိုက် အခံတွေ အလုပ်ကောင်းလို့ စစ်တပ် ရက်စက်မှု ကမ္ဘာက ပိုသိပြီး ခွင်ရိုက်တတ်တဲ့ အဖွဲ့ တွေ နာမည်ကောင်းရ ထောက်ပန့် ကြေးတွေရ ခဲ့ပါတယ်။

၎။ ၂၀၀၈ နာဂစ် မုန်းတိုင်း ကြီးမှာ -ပြည်ပရောက် အတိုက်အခံတွေ နှုတ်ဆိတ်နေကြ၊ အသံတွေ တိုးညှင်းနေခဲ့လို့ လုပ်လို့ အမေရိကန် နဲ့ အပေါင်းအပါ ကူညီရေး စစ်သင်္ဘောတွေ ၀င်ဖို့ အခက်အခဲရှိခဲ့ပြီး ကူညီရေး မအောင်မြင်ခဲ့ပါ။သူတို့ အသံကျယ်ကျယ်နဲ့ ၀င်ရေး ၀ိုင်းအော်ခဲ့ကြရင် အဲဒါကို အထောက်အထား ယူပြီး ၀င်ရောက်နိုင်ခဲ့ရင် အခြေအနေ တမျိုး ဖြစ်နိုင်ပါတယ်။
အမေရိကန်နဲ့အပေါင်းအပါများ ခမျာ နအဖ စစ်အစိုးရကလည်း လက်မခံ ၊ ပြည်တွင်း အဓိက အတိုက်အခံ ပါတီတွေကလည်း ၀င်လာဖို့ အသံမထွက်။ ပြည်ပ အတိုက်အခံတွေကလည်း တုန်ဏှိဘာဝေ- တေမိ လက်သစ်တွေလို လုပ်နေကြခဲ့တာ ဆိုတော့ ၀င်ဖို့ အားမရှိ ဖြစ်ခဲ့ပါတယ်။

၅။ စိုင်ရှင်ကိုအကြောင်းပြပြီးအမေရိကန်၊ ပြင်သစ်၊အင်္ဂလန်၊ နော်ဝေစတဲ့ဥရောပ နိုင်ငံတွေ မြန်မာ ပြည်ထဲ ၀င်ရောက် ရင်းနှီး မြှုပ်နှံတာကို သပိတ်မှောက်ကြ ကန့် ကွက်ကြ လို့  မြန်မာ ပြည်က ပြန်ထွက်သွားကြရတယ်။
ဒါပေမယ့် တရုတ်က တဖြည်း ဖြည်း ရင်းနှီး မြှုပ်နှံ လာတာကိုကျတော့ နှုတ်ဆိတ်နေလိုက်ကြတာ အခုဆို တရုတ်ဟာမြန်မာ ပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံ ဖြစ်လာပါတယ်။
မြို့ကြီးတွေရဲ့ အဓိက အချက်အချာ နေရာတိုင်းမှာ တရုတ်မျက်နှာတွေ မမြင်ချင်အဆုံး ဖြစ်ခဲ့ရတယ်။

၆။
တရုတ်က ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို မြန်မာပြည်တွင်းမှာ ကန် ကွက်ကြ၊ အော်ဟစ်ဝေဖန်ကြ၊ အဖမ်းခံ ဆန္ဒပြကြပေမယ့် ဧရာဝတီဟာ မြစ်ကနေ ချောင်း ဖြစ်ရမှာကို ပီတီ ဖြာပြီး တရုတ် အောင်မြင်မှုကို တစိမ့်စိမ့် ပီတီ ဖြာနေသလားမသိ။ ပြည်ပရောက် ရဲရဲတောက် ဆရာကြီးတွေ က နှုတ်ဆိတ်နေကြတယ်။
မြစ်ဆုံ စီမံကိန်းသာ ဆက်လက် တည်ဆောက်ခွင့်ရခဲ့ရင် အရှေ့ မျှော်တွေရဲ့ နောက်တိုး အောင်မြင်မှု တခုဖြစ်ဦး မှာပါ။

တကယ်တော့ စစ်အစိုးရနဲ့ ပြည်ပ ရဲရဲတောက် အတိုက်အခံတွေဟာ ခေတ်သစ် နီရိုကိုလိုနီတွေဆိုပြီး
နှခေရှောင်း၊ အဖြူကောင်တွေ မုန်းကြတာ၊ တရုတ် အားကိုးပြီး အင်အား ကြီးထွား
အောင် လုပ်ချင်တာချင်း တူညီကြတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ဖြစ်ခဲ့တာပါ။

ဦးသိန်းစိန်၊ဦးရွှေမန်းတို့နဲ့ အပြိုင် ပြည်ပရောက် အမတ်တွေရော၊ နိုင်ငံရေးမှာ ဦးထုပ်ဆောင်းခွင့်ရ-မိုက်ခွက်ကိုင် ပြောခွင့်ရတဲ့ သူတွေရောရဲ့  တိုးတိုး တိတ်တိတ် ခိုးကြောင်ခိုးဝှက်တရုတ်သွား တောလား တွေက သက်သေခံ နေပါတယ်။

အရှေ့မျှော် အနောက်မုန်း သမားတွေ ရဲ့  အဲသလို အောင်မြင်မှု တွေကို ဦးပီတာလင်းပင် တကယ်မသိတာလား၊ မသိဟန်ဆောင်အောင်ပြီး ပြည်ပရာက် နိုင်ငံရေး သမားတွေ ဘာအောင်မြင်မှု မှ မရှိဘူးလို့ ပြောလေသလား။

သူများတွေ ဒီမိုကရေစီဖော်ဆောင်ရေး ရံပုံငွေကို လှီးဖြတ်၊ ခိုးဝှက်ကြသလို ``မင်းသွေး မင်းဆက် လင်းပင်မင်းသားကြီးရဲ့´´ ဂုဏ်တော်ငဲ့ပြီး ဦးပီတာလင်းပင် မခိုးဘူးဆိုတာ လက်ခံနိုင်ပေမယ့် ပြည်ပမှာ အထက်က ဖော်ပြထားတဲ့ အောင်မြင်မှုတွေ လုပ်တာ ကျွန်တော်မသိပါ ဆိုတာ မဖြစ်နိုင်ပါ။

အဓိက လိုရင်း ချုပ် ပြောရမည်ဆိုပါက--
ထိုင်းနယ်စပ် ရောက်ပြီး စင်ပြိုင်အစိုးရ ဖွဲ့စမှာ ယူအင် အစည်းအဝေး အတွင်း ထိုင်ခွင့်ရစဉ်က ဖြစ်စေ၊
အမေရိကန် သမ္မတေ၈ျာ့ဘုရှ်၏လ၂၀၀၆ မှာ ဒီမိုကရေစီမြင်စေရမည် စီမံချက်မှာ ဖြစ်စေ၊
ရွှေဝါရောင် တော်လှန်ရေးမှာ အဓိက ကူညီနိုင်မယ့် နိုင်ငံတွေ အင်အား လစ်ဗျားတွေလို အသုံးချနိုင်ခဲ့ရင် ဖြစ်စေ၊နာဂစ်ကူညီရေးမှာ အမေရိကန် စစ်သင်္ဘောတွေ ၀င်ဖြစ်ရောင် ၀ိုင်းဝန်း ဆောင်ရွက်တွန်းအားပေးခဲ့လျှင်ဖြစ်စေပြည်ပရောက်စင်ပြိုင် အစိုးရနှင့်တကွ မြန်မာ့ အတိုက်အခံတို့ စွမ်းစွမ်းတမံ အသုံးချ အမြတ်ရအောင် လုပ်နိုင်ခဲ့လျှင် မြန်မာ့ အရေးဟာ လစ်ဗျားမှာထက် အဖြေရလဒ်ကောင်း ထွက်မှာ သေချာပါတယ်။

အကယ်၍သာ လစ်ဗျား အတိုက်အခံတွေလို ပြတ်သားတဲ့ မျိုးချစ်စိတ် နဲ့ ဒီမိုကရေစီ ဘယ်လို နည်းနဲ့
ရရ အောင်ပွဲရရှိရေးဘက် ဦးတည်ခဲ့ရင်ရှိခဲ့ရင် ပြည်သူတွေ ဒီမိုကရေစီရ မရသွားနိုင်ပေဖူးလား။

လင်းပင်မင်းသားကြီး ရဲ့ သွေး ဦးပီတာ လင်းပင်ရေ-
တွေးရခက်ကြီးပါခင်ဗျ။

ဖိုးသောကြာ
--၂၃-စက်တင်ဘာ -၂၀၁၁

hittai.netမှ ကူးယူဖော်ပြပါသည်...

No comments: