မင်းလည်းငြိတွယ်ခဲ့တာပဲ
မြောင်းတွေက မင်းမမွေးခင်ကတည်း ကပုပ်နေတာ
ဝမ်းစာကို အမဲလိုက်သလို လိုက်နေသူ တွေလည်း
ကမ္ဘာဦးကတည်းကမုဆိုးပဲ
အလိုမကျမှုတွေဖောက်ချလိုက်ရင်
ဝမ်းတွေဝပြီးမြောင်းတွေ လှသွားနိုင်ပါ့မလား
မနေချင်ရင်တခြားမြို့ကိုပြောင်း လိုက်ကြတာပေါ့
ရန်ကုန်မှာပြန်လဲပေးစရာမြို့  အပိုမရှိဘူး။
ငါလည်းတောင်ခြေမြို့ကလေးကိုပဲ ချစ်တယ်
ဒီနှစ်ပိုင်းအတွင်း ရန်ကုန်မှာ
ငါ့ကိုယ်ငါဘယ်နှစ်ခါပြန်ရှာခဲ့ ရသလဲ မင်းမသိဘူး။
တော်ဝင်တံတားပေါ်မှာ
ကြော်ငြာကမ်းတဲ့ကလေးတွေ
သူတို့အသံကို သူတို့ပြန်မခေါ်ရဲတာ ကြာပြီ။
ပန်းဆိုးတန်းတံတားအောက်က ညှီစို့ စို့မိတ်ကပ်မလေးတွေ
သူတို့ငယ်ဘဝ
ဘယ်နားကပြန်ကောက်ရမလဲ.....
စောင့်နေတာကြာပြီ။
ရန်ကုန်ဟာမင်းတို့အတွက် ရာသီစြာေ ဖဖျော်မှုမဟုတ်လို့
စိတ်ပျက်နေသလားသူငယ်ချင်း
အားနာတဲ့အကြောင်းပြောပါရစေ.......
ဆူးလေလမ်းမကြီးတလျှောက် လသာနေတယ် သူငယ်ချင်း
တစ္ဆေဆိုတာ လမိုက်ညမှာပဲခြောက်တတ် တယ်။ ။
အောင်ဆန်းလင်းသို့.......
အောင်မှူးဝေ
မောင်(စွယ်စုံကျမ်း)ဘလော့မှ ကူးယူဖော်ပြပါသည်။
မြောင်းတွေက မင်းမမွေးခင်ကတည်း
ဝမ်းစာကို အမဲလိုက်သလို လိုက်နေသူ
ကမ္ဘာဦးကတည်းကမုဆိုးပဲ
အလိုမကျမှုတွေဖောက်ချလိုက်ရင်
ဝမ်းတွေဝပြီးမြောင်းတွေ လှသွားနိ
မနေချင်ရင်တခြားမြို့ကိုပြောင်း
ရန်ကုန်မှာပြန်လဲပေးစရာမြို့  အပိ
ငါလည်းတောင်ခြေမြို့ကလေးကိုပဲ
ဒီနှစ်ပိုင်းအတွင်း ရန်ကုန်မှာ
ငါ့ကိုယ်ငါဘယ်နှစ်ခါပြန်ရှာခဲ့
တော်ဝင်တံတားပေါ်မှာ
ကြော်ငြာကမ်းတဲ့ကလေးတွေ
သူတို့အသံကို သူတို့ပြန်မခေါ်ရဲတာ
ပန်းဆိုးတန်းတံတားအောက်က ညှီစို့
သူတို့ငယ်ဘဝ
ဘယ်နားကပြန်ကောက်ရမလဲ.....
စောင့်နေတာကြာပြီ။
ရန်ကုန်ဟာမင်းတို့အတွက် ရာသီစြာေ
စိတ်ပျက်နေသလားသူငယ်ချင်း
အားနာတဲ့အကြောင်းပြောပါရစေ.......
ဆူးလေလမ်းမကြီးတလျှောက် လသာနေတယ်
တစ္ဆေဆိုတာ လမိုက်ညမှာပဲခြောက်တတ်
အောင်ဆန်းလင်းသို့.......
အောင်မှူးဝေ
မောင်(စွယ်စုံကျမ်း)ဘလော့မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment