Tuesday, September 27, 2011

ဘာမှငြိမ်စရာမရှိဘူး

ကျနော့်သဘောထားကျနော် ရှင်းရှင်းပြောရ ရင်တော့ ဒေါ်အောင် ဆန်းစုကြည် ဒီစစ်အစိုးရ နဲ့  ဆွေးနွေးနေ  တာနဲ့  ငြိမ်ငြိမ်ဆိမ်ဆိမ် နေရမယ်ဆိုတာ မဟုတ်ဘူးလို့  ကျနော်ယူဆတယ်။ 
ဘာမှ ငြိမ်စရာမရှိဘူး။ 
ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုမငြိမ်မသက်ဖြစ်ရတဲ့ကိစ္စတွေက အစိုးရက လုပ်ရမယ့်ကိစ္စတွေကို မလုပ်လို့  မငြိမ်မဆိမ် ဖြစ်နေတာကိုး။ လွှတ်ရ မယ့်အချိန်မှာ မလွှတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးဘူး ဆိုတဲ့အခါကျတော့ မငြိမ်မဆိမ်ဖြစ်နေမှာ ပေါ့။ တောင်းဆိုကြမှာပေါ့။ မိသားစုတွေ၊ လိုလားတဲ့ လူတွေ ကတော့ ပြောကြဆိုကြမှာပေါ့ဗျာ. ဒါပဲပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးနေတဲ့ အတွက် ဆိုပြီးတော့ မလိုလားဘူးဆိုတာတော့ ..အဲဒါတော့ မမှန်ဘူး လို့ ကျနော် ထင်တယ်။

(၂၇၊ စက်တင်ဘာ၊ ၂၀၁၁ ည ၇း၃၀ အာအက်ဖ်အေမှ မနေ့က လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ သဘောထား မေးမြန်းမှု အသံလွှင့်ချက်မှ)

No comments: