Wednesday, September 21, 2011

လရောင်အောက်ကတောခွေးများ

အိမ်ပေါက်စေ့ မုန့်ညင်းစေ့ရှာသလို
ပြက္ခဒိန်ထဲ
သေနတ်တချက် မပေါက်ဖူးတဲ့နေ့ရက်တရက်ကို
အိပ်မက်ရင်းနဲ့လိုက်ရှာ
ကြာလာတော့
ကိုယ့်အနာဖေး ကိုယ်ထိုင်ခွာနေရတာကိုပဲ
အရသာတခုလိုဖြစ်လာ
ဒဏ်ရာကင်းမဲ့တဲ့ သူရဲကောင်းဆိုတာ
လိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်...လို့အဆိုရှိလေရာ

 မနက်တုံးဆီက ကြော့ဆုံးမှာ
နှင်းဆီဟာ ခွာလိပ်လို့
အချစ်ဆုံးရေ
စစ်ရှုံးတာလည်း
နှစ်သုံးဆယ်မပြည့်သေးပါဘူး
နွားရိုင်းသွင်းချိန်လည်း ဆုံးပြီ
ညီအကိုလုံးလုံး မသိတော့ဘူး..
 လရောင်နဲ့ထောင်ဖမ်းဖို့
သားရဲတွင်းနှုတ်ခမ်းဝမှာ
လမင်းက ဓားရိုးကမ်းလို့.....။ ။
သစ်ကောင်းအိမ်
(၀၉ ၊ ၁၈ ၊၂၀၁၁)

1 comment:

WHY? WHY? WHY? said...

သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ် ဖတ်ခွင့်ရလို့ ရေးသူကိုကော တင်ပေးသူကိုပါ ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ကဗျာဆိုတာ ဘာမှန်းမသိပဲ ရေးနေတဲ့သူတွေ များလွန်းလို့ စိတ်ပျက်မိပေမဲ့ ခုလို အားပြည့် အတွေးပါတဲ့ကဗျာမျိုးတွေ ကြိုးကြားတွေ့ရတဲ့အခါမှာ ကျေနပ်ရပါတယ်။