Wednesday, August 24, 2011

လှည်းတန်း

အမေတွေသားပျောက်ရှာနေကြ 
သချိ င်္ုင်းတ၀က်၊ ပန်းခြံတ၀က်
တောမှောက်တတ်တဲ့ နေရာ
ပေါက္ခရ၀ဿတိမ်တွေဆာနေတဲ့
ရေငတ်တောလေးရဲ့ 
ဖိနပ်ဗလာခြေရာလေးများအထပ်ထပ်။   ။


လက်ပူတိုက်ထားတဲ့ မြို့ လေးရဲ့ 
မျက်ရည်ဝနေတဲ့ စည်းရိုးကြီးနဘေး 
ယားယံတတ်တဲ့ လမ်းမများကျောပေါ်က 
ခေါင်းစဉ်မတတ်နိုင်တဲ့တေးတွေကိုသီဆိုသူ
သူဖုန်းစားကြီး မဟာဂန္ဒီ ခွက်မှောက်တဲ့နေရာ 
သူဖုန်းစားကြီးဒေါက်တာရီဇော်ခွက်ပျောက်တဲ့နေရာ
မိုးမလင်းသေးတဲ့အကျဉ်းသားရပ်ကွက်လေ


ရိတ်သိမ်းခွင့်မရရှာတဲ့ 
စိုက်ပျိုးသူတို့ လက်တွေရဲ့ 
လက်သီးများ ပွက်ပွက်ထရာလယ်ယာမြေ
အစိမ်းကြွေတွေရဲ့ တလင်း


အသွေးအသားနဲ့ ခင်းကျင်းလို့ 
အနှစ်လေးဆယ်အတင်းအဓမ္မအိပ်ယာကြီးကို ကုတ်ခြစ်ခဲ့တဲ့ 
ငါတို့ အမရဲ့ လက်ရုံးကြောတွေအဲဒီမှာ

အဲဒီမှာမာရ်နတ်တွေရဲ့  နှလုံးသားကိုတောင်းခံနေရင်း 
အဆုတ်ထဲကဆဲရေးသံတွေဟာ
မျက်ရည်ယဉ်ယဉ်လေးဖြစ်သွားရှာတဲ့ 
ငါတို့ ညီမလေးရဲ့ တော်လဲသံတွေလည်းရှိတယ်။

အဲဒီမှာ
ကိုယ့်အကိုင်းအခက်နဲ့ ကိုယ်မသိနိုင်ရှာတဲ့ 
နှင်းခါးရိုက်ခံရတဲ့ အပွင့်တွေလည်းရှိတယ်။



အဲဒီမှာ 
ကိုယ့်အကိုင်းအခက်အခက်နဲ့ ကိုယ်မသီးနိုင်ရှာတဲ့ 
နှင်းခါးရိုက်ခံရတဲ့ အပွင့်တွေလည်းရှိတယ်။


အဲဒီမှာ 
ပရောဂအကိုက်ခံနေရဆဲ 
ရောဂါသည်တွေရဲ့ ချဉ်ဆီနဲ့ မျိုးဖောက်ထားတဲ့ 
မုန်တိုင်းရဲ့ လက်ဖျံရိုးတွေလည်းရှိတယ်။


အဲဒီမှာ
ကိုဗဟိန်းရဲ့ မြင်းခွာပေါက်သံတွေအောက်က 
သွေးဖောက်ခံရတဲ့ မီးတောက်တွေလည်းရှိတယ်။

အဲဒီမှာ
ဘ၀များစွာရဲ့ ရုပ်ကြွင်းတွေကိုရှာနေရင်း
ကိုယ့်ဘ၀ကိုယ်ထိုးထည့်ထားရတဲ့ 
အိပ်တန်းပျက် လွယ်အိတ်ပေါက်တွေလည်းရှိတယ်။


ရှိတယ်
ဖြစ်တယ်
အ၀တ်တထည်ကိုယ်တခုဟာ
အမဲလိုက်ခွေးတွေရဲ့
ကျဉ်တတောင့်ရဲ့ 
ပစ်မှတ်အပျော့ဖြစ်တယ်။


အလံတပိုင်းဟာ သွေးတိတ်စေတဲ့ပတ်တီးစ
ပုဝါတထည်ဟာ သွေးစွန်းနေတဲ့ အလံတခု
ဖြစ်တယ်
ကံ့ကော်ပွင့်ကစော်တွေဖောက်သောက်လိုက်တဲ့ 
ဖုန်းဆိုးရာသီရဲ့ 
လိမ္မော်ရောင်ကြိုးဝိုင်းဖြစ်တယ်။


အဲဒီမှာအရေပြားတွေပေါ်က ဗုံသံတွေ
ဗုံသံတွေကို တစို့ ထိုးကနေကြတဲ့ 
လမ်းလျှောက်သင်ခါစ စည်းချက်တွေ
ဗုံသံတွေ
စည်းချက်တွေ
ဒရွတ်တိုက်လဲလဲကျနေတဲ့ 
စည်းချက်တွေ
ဗုံသံတွေ
အဲဒီမှာအလင်းပျက်တွေချောက်ခြား
ညဟာတိတ်တဆိတ်အူပြီလားဆိုမှဖြင့်
လမ်းမများရဲ့ မွှေးညှင်းပေါက်တွေထဲက
အမှောင်ရဲ့ သချိ င်္ုင်းဟာ ကုန်းရုန်းထ
အမှောင်ရဲ့ သချိ င်္ုင်းဟာ 
ကုန်း    ရုန်း       ထ။      ။




KKM



No comments: