Tuesday, August 16, 2011

ကျွန်တော်နှင့်ကျွန်ုပ်၏သညာရိုက်ချိုးမှုမှတ်တမ်း



အာရုံငါးပါးထဲခြေထိုးခံရတာတောင်
မိန်းမလျှာတွေကိုယ်ဝန်ဆောင်ချင်ပုံမျိုးနဲ့ 
ညဟာဘောင်ဘင်ခတ်သွားတယ်။

အတတ်ပညာအထင်ကရရပ်ဝန်းထဲ
ကိုယ့်ကိုယ်ကိုလှည့်စားပြီး ဂုဏ်ယူနေ
ချစ်ခြင်းမေတ္တာ ဆုံ ထဲက
နှောင်ငင်ဖွတ်သတ်ခြင်းခံရတဲ့    ‘ ‘  ဟာ ငါပေါ့

ကိုယ့်အတွက်ထောက်တည်ရာရဖို့ နဲ့ 
သူတကာအပေါ်ဖြေရှင်းချက်ပေးဖို့ 
အချက်အလက်နဲ့ သိလိုစိတ်အားကြီးသူတွေ
ပင်လယ်နဲ့ အမျောပါခံဘ၀များ
ဘာကိုမှမမုန်းတတ်ဖူးပြောဖို့ 
သေချာပေါက်မျှော်လင့်ချက်တွေ
ခပ်ကုတ်ကုတ်ရှောင်သွား

ပန်းပုရုပ်တွေကိုမချစ်တတ်တော့ဘူး
ပင်စည်ကိုပဲချစ်တယ်
မူလပင်မအလှတွေမှာ လျှို့ ဝှက်မှုရှိတယ်
ငါဟာငါအဖြစ်သေဆုံးခဲ့ပြီး
ငါပြန်ဖြစ်လာတဲ့ ဘ၀မျိုးကိုချစ်တယ်။

ငါကြားအောင်ငါအော်ပြရတယ်။
ငါကြားအောင်ငါပြန်အော်ခဲ့ရပြီ။

ဂေါတြဘူ

No comments: