Thursday, August 4, 2011

မညို မြကိုပြောပြချင်တဲ့အကြောင်း

တခါတခါ
ရည်းစားစာတွေရေးရင်း
နေ့ ကြီးရက်မြတ်များစွာကို
ဖြတ်သန်းရကောင်းမှန်း
ငါဟာသိလာခဲ့ပြီ။

မဆိုးပါဘူးကွ
လူနှစ်ယောက်ချစ်တာ
ရီကွန်စီလီရေးရှင်း အစ
ကတုံးတုံးမှ ချစ်မှာလား မညိုမြရဲ့ 
ရဲရဲတောက် နေ့ ရက်တွေအတွက်
တရားနာ
အသည်းကွဲတဲ့အခါ
အရက်သောက်
တကယ်က
အဲဒီအသည်း
ခဏခဏ ကွဲလာတာလဲ
ရည်းစားစာ စ ရေးတတ်ကတည်းကဘဲ
မညိုမြကို လွမ်းတဲ့အခါတိုင်း
တယောက် ယောက်ကို ရည်းစားစာ ပေးရလွန်းလို့ 
ပါးနာတာလဲ
စာထဲ မထည့်တော့ပါဘူး။


ဒီလောက်တောင် မူလွန်းတဲ့ မညိုမြ
ငါ
မိန်းမ အယောက်တရာ ရတဲ့အထိ
မင်းကို ချစ်ပြရဦးမယ်။ 


KMThet

No comments: