Thursday, July 28, 2011

တို့ ဗမာကွ

ဗိုလ်ချုပ်ပြောတဲ့ဗမာဘောလုံးပွဲ
ဘောလုံးပွဲကြည့်။ ကျနော်တို့ ဗမာတွေ။ဟုတ်လား။ ဘောလုံးပွဲမယ်ကန်ကြတဲ့ အခါမယ်ဆိုရင် ကိုယ်ကပထမစဂိုးစသွင်းရရင် အတော်လေးတခါထဲအားတက် လာတယ်။နောက်တခါ တော်တော်လေးဂိုးလေးများလာပြီဆိုရင်လျှော့လျှော့ပေါ့ပေါ့ကန်ချင် လာ တယ်။ ငါနိုင်မှာပါပဲ။ အဲဒါနဲ့ နေပြီးတော့တဖက်ကနေပြီး အပြီးသတ်ကာကျမှ တခါထဲကပ်ပြီးတော့ဂိုး သွင်းသွား လို့ သရေဖြစ်ဖြစ်ရှုံးတာဖြစ်ဖြစ်  ကျနော်တို့ ဘောလုံးပွဲရာဇ၀င် မယ်ပြန်ပြီးစဉ်းစားကြည့် ရင်တွေ့ နိုင်တယ်။ဒါတင်မကသေး ဘူးရှုံးသွားတဲ့လူက လဲပဲ ဘောလုံးကန်လို့ ရှိရင် ပထမအပိုင်းမယ်နာရီဝက်မယ်ရှုံးသွားရင်တော့တော်သေးတယ်။ ကန်သေးတယ်။ဒုတိယနာရီဝက်မယ် ကန်လို့ ၁၀မိနစ်လောက်လည်းကြာရော ကိုယ့်ဘက်က ဂိုးလည်းမသွင်းနိုင်ဘူးဆို အဲဒီကျ လူချတာပဲ။ ဒါကျနော်တို့ ဗမာဘောလုံးပွဲတွေ ဘောလုံးကန်တဲ့ အကျင့်။ဒါဘာလည်းဆိုလို့ ရှိရင်ဗမာတွေစိတ်ထဲမယ်တော့ ထင်လိမ့်မယ်ပေါ့။ ဒါဗမာစိတ်ဓာတ်ထက်တယ်ဘာညာ။တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပဲ။ ဒါ။ဒီစကားဟာ ဒီနေရာမယ်သုံးဖို့ ဟာတွေပဲ။ ဗမာတွေ စိတ်ဓာတ်ကမဟုတ်တဲ့ နေရာတွေသွားပြီတော်နေတယ်။ တကယ့်နေရာတွေကျတော့အသုံးမ ကျဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင်ဆိုတာမျိုးအသုံးမကျချင်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်မယ့်နေ ရာမယ်အသုံး မကျချင် ဘူး။ဗမာ ဗမာချင်းချဖို့ ပဲလုပ်ချင်တယ်။ဟုတ်လား။ အဲဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည်ဘယ်တော့ မှ ပြန်လည်မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည်ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရေးလည်း ဘယ်တော့မှ အဲဒီတော့ကာ ကျနော်တို့ အဲဒီစိတ်ဓာတ်မျိုး ကိုလုံးဝ ဖျောက်ပစ် ဖို့ လို တယ်။ကျနော် တို့ ဟာဘာအလုပ် ပဲလုပ်လုပ် ပြီးတဲ့အထိ နောက်ဆုံးတနေ့ ပြီးတဲ့ အချိန်မယ်ရှုံးမယ်ထင်သည်ဖြစ်စေ ၊နိုင်မယ်ထင် သည်ဖြစ်စေ မလျှော့တမ်းဇွဲနဲ့  ကျနော်တို့ သွားမယ်။

Myanmar VS Oman Soccer Match Interrupted by Crowd with Violence!! from Htoo Tay Zar on Vimeo.

No comments: