Friday, July 8, 2011

ဤနေရာ၌ ငါးများရေမချိုးရ



အလှပြင်ပ အလှမှာ
အခါခါပွင့်
အခါခါကြွေ

နိုင်ငံပြင်ပ နိုင်ငံသားများ

အသက်ရှိနေတာကိုငါတို့ သိနေသလိုမျိုး 
ဒီဇတ်ကားထဲမှာ 
မင်းလည်းပါတယ်
ငါလည်းပါတယ်
ကျော်ဝဏလည်းပါတယ်
ဖာဂူဆန်လည်းပါတယ်
တိုက်ဆန်လည်း ပါတယ်။

အလုပ်အကြောင်း
အိမ်အကြောင်း 
တနင်္ဂနွေ နိုင်ငံတော်အကြောင်းပြောရင်း
အစိုးရတထပ် သူပုန်တထပ်နဲ့ 
ဟမ္ဘာဂါတလံုး 
ကမ္ဘာကြီးထုပ်ပိုးပြီးသားဖြစ်တယ်။


မလိုအပ်ပဲကမ္ဘာကြီး မာကျောဖြောင့်တန်းလာ
ငါလည်း မလိုအပ်ပဲ ကားအသစ်ဝယ်စီးတယ်။

တကယ်တော့ 
နိုင်ယာဂရာ
ငါဒီကိုလာခဲ့တာ
ရေချိုးဖို့ သက်သက်မဟုတ်ဘူး။   ။
That's it !!!!!!

AMT




No comments: