ကမ္ဘာကြီးရဲ့ နေရာအနှံ့ မှာလွတ်လပ်မှုအတွက်ပုံစံအမျိုးမျိုးနဲ့ ရုန်းကန်နေကြရဆဲပါ။ ဒီဗွီဒီယိုမှာ ကားမောင်းဖို့ အတွက် တိုက်ပွဲဝင်ရတဲ့
ဆော်ဒီအာရေးဗီးယားကအမျိုးသမီးငယ်ကိုတွေ့ ရမှာပါ။ ပြီးခဲ့ တဲ့ မေ ၂၁ ရက်နေ့ က မနားအယ်လ်ရှရစ်ဖ် ဆိုတဲ့ အမျိုးသမီးငယ်ကို
ကားမောင်းတဲ့ပြစ်မှုအတွက်အာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။ နောက်ထပ်ကားမမောင်းတော့ပါဘူးဆိုတဲ့ ခံဝန်ကိုလက်မှတ်ထိုးခဲ့ 
ရပြီး အချုပ်မှာတပတ်ကြာနေခဲ့ရပါတယ်။ ဆော်ဒီမှာအမျိုးသမီးတွေမဲပေးခွင့်မရှိပါဘူး။ ဘဏ်အကောင့်ဖွင့်တာမျိုးကအစ ဖခင်၊ယောက်ျားဒါမှမဟုတ်အမျိုးသားအုပ်ထိမ်း သူတယောက်ယောက်ရဲ့  ခွင့်ပြုချက်လိုအပ်ပါတယ်။ ဒီနေ့ ဇွန်လ(၁၇)ရက်နေ့ ဟာသူတို့ တိုက်ပွဲခေါ်ထားတဲ့ နေ့ ပါပဲ။ "Women2Drive 17th June"ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုကိုဒီနေ့ 
စတင်ပါပြီ။ CNN နဲ့ အင်တာဗျူးမှာ ရှရစ်ဖ်ပြောတဲ့စကားကမိုးဟာ မိုးစက်တပေါက်ကနေစတင်တာပါ တဲ့ ။ သတင်းကြေငြာသူက တော့ဒီလှုပ်ရှားမှုဟာသူတို့ သွားရမယ့်ခရီးရှည်ကြီးအတွက်ပထဆုံးခြေတလှမ်းလို့ ဆိုပါတယ်။

No comments:
Post a Comment