Monday, June 20, 2011

အာဆတ်မိန့် ခွန်းအပြီး ဆီးရီးယားလူထုရဲ့ တုန့် ပြန်မှု


သမ္မတအာဆတ်ရဲ့  ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတဲ့ ဝါးတားတားမိန့် ခွန်းအပြီးမှာဆီးရီးယားလူထုတွေလမ်းမပေါ်ထွက်လာကြပါတယ်။  
သူ့ ရဲ့ မိန့် ခွန်းမှာ အနာဂတ် ဆီးရီးယားကို National Dialogueရဲ့ ရလာဒ်အပေါ်အခြေခံပြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ဖို့ ဒီဒိုင်ယာလော့ကိုအလွှာစုံကျယ်ကျယ်ပြန့် ပြန့် ပါဝင်စေလိုပြီးအခြေဥပဒေသစ်ဆီသို့ ဖြေးဖြေးချင်းစတင် သွားကြရမယ်လို့ လည်းဆိုပါတယ်။တချို့ လူတွေကဆန္ဒပြပွဲမှာငွေပေးလို့ ပါဝင်ခဲ့ ရတာဖြစ်ပြီးဆီးရီးယားနိုင်ငံသားတွေရဲ့ ဆန္ဒအမှန်ကို  ကြားခံတခုမပါပဲနားထောင်ဖို့ ဆန္ဒရှိပါတယ်တဲ့။ 
ဆီးရီးယားက လနဲ့ ချီတဲ့ ဆန္ဒပြ ပွဲတွေအတွင်းမှာလူ၁၁၀၀ လောက်သေဆုံးခဲ့ ရပြီး ထောင်နဲ့ ချီအဖမ်းခံခဲ့ ကြရပါတယ်။ ဒီဗွီဒီယိုဖိုင် ကတော့MrSyria75ဆိုတဲ့ ဘလော့ဂါက ကပြီးခဲ့တဲ့ လေးနာရီလောက်ကပဲအင်တာနက်ပေါ်တင်ခဲ့ တာပါ။

 

No comments: