Tuesday, June 21, 2011
စိမ်းလန်းသောကမ္ဘာမြေသို့ 
ကျော်သက်
ရာသီဥတု ပွင့်လင်းလာစ ဥရောပ နိုင်ငံတခုရဲ့ နွေဦးဟာ မြန်မာနိုင်ငံသားတယောက်အတွက် နေသာထိုင် သာ ကြည်နုးစရာ ရာသီဥတုတခုပါ။ ကော်ဖီဆိုင်ထိုင်ရင်းမျက်လုံးတွေဟာပတ်ဝန်းကျင်ကိုဝေ့၀ဲ ကြည့်နေမိ ပါတယ်။ ကျီးကန်းတောင်းမှောက် ။ ဟိုကြည့်ဒီကြည့်မျိုး မဟုတ်။ တိတိကျကျရှိသည်။
ကျနော် တို့ အတွက် အအေး မပြယ်တတ်သေးပေမယ့် သူ မအတွက် အတော်က လေး ပူအိုက်နေသည်
လား သို့ တည်းမဟုတ် သူမရဲ့ အလှအပတွေကို ကြော်ငြာနေတာလား ။ ကြိမ်သား နဲ့ ပြုလုပ်ထားတဲ့ ကုလား
ထိုင်ဟာ သက်တောင့် သက်သာ ရှိလွန်းလို့  ဒီဆိုင်မှာ မထဖြစ်အောင် ထိုင်မိတာလား မဆိုသာ။ ဒါမှ မဟုတ်စောစောကလို ကြော်ငြာတွေကြောင့်လား။ သေချာတာကအထွေအထူးလုပ်စရာအလုပ်မရှိ၍သာ ဖြစ် သည်။ လည်ဟိုက်နေအောင် ၀တ်ထားတဲ့ သူမကိုကျနော်ခန ခန ကြည့်မိသည်။ တိတိကျကျ ဆိုရလျှင် သူမရဲ့   ရင်နှစ် မွှာကြားမှ လောကယ်သီး။
ဒါနီလာဘဲ။
ဘာတွေငေးနေတာလဲ Economics sanction ကို ဘယ်လို ယူဆလဲ လို့ မေးနေ တယ် လေ။
ဘေးက သူငယ်ချင်းရဲ့ အမေးကြောင့် အာရုံ ပျက်သွားသည်။ဒါက ပညာရှင်တွေဖြေရ မေးရမှာတွေ။  ကိုယ့်ကို လာမေးနေသည်။ ဒီတော့ ရွတ်ဖြေ ဖြေလိုက်သည်။
အင်း၊ ရှေ့ ခုံမှာ ထိုင်နေတဲ့ ကောင်မလေး လို ဘဲယူဆတယ်။
ပေါက်တတ်ကရတွေကို အတည်အပေါက်ပုံစံပြောတတ်ထဲ့ ကျနော့စကားကြောင့်သူခေါင်းစားသွားသည်။ 
ပြီးတော့ ရှေ့ ခုံမှကောင်မလေးကို ပြူးပြူးပြဲပြဲ လှမ်းကြည့် သည်။
မမိုက်ဘူးလား။
မိုက်တယ်။
ဘယ်နေရာ အမိုက်ဆုံးလဲ။
ဟာ။ ဒီကောင်။
ဟုတ်တယ်။ သူဝတ်ထားပုံအရ ယောက်ျားတွေ ကြည့်ဖြစ်မယ့် နေရာမှာ သာမာန်ယောက်ျားတွေ မမြင် နိုင်တဲ့အရာတခု ရှိနေတယ်။ အဲ ဒါ အီးကော်နော့မစ် ဆင်ရှင်းနဲ့ ပတ်သက်တဲ့ ငါရဲ့ အမြင်ကို ဒီကောင်မလေးက ပါဖောင့်မင့်လုပ်ပြတာ။
မင်းဘာကို ပြောတာလဲ ငါနားမလည်ဘူး။
သူ ၀တ်ထားတာ နီလာကျောက် ကွ။ မြန်မာပြည်မှာဘဲ ထွက်တယ်။ ခင်ဗျား ထိုင်နေတာ ကြိမ်ကုလားထိုင်။ ကြိမ်ကုလားထိုင်တလုံးရဲ့ တန်ဖိုးဟာ ဆိုဖာ တလုံးထက် ဈေးကြီးတယ်။ မဟုတ်ရင် အတူတူပဲ။
ဒါက ဒီမှာပြောတာ။ အိမ်လခ။ မီးလခ။ ရေလခ ကို ဖယ်ပြီး ဒို့ လာစာရဲ့ ထက်ဝက်ကျော်တယ်။ ဒို့ ဆီက လက္ဖက်ရည်ဆိုင်တွေကတော့ ပလစ်စတစ် ခုံပုလေးတွေ နဲ့ နေမှာပေါ့။ ဆိုဖာ တလုံးရဲ့ တန်ဖိုး မြန်မာပြည်မှာ ဘယ်လောက်လဲ။ သူတို့ ကြိမ် ကုလားထိုင် ထိုင်လို့  ဒို့ ဆိုဖာပြန်ရရင် မဆိုးဘူး။ ငါ ဘာတာ စနစ်ပဲသိတယ်။ ဒီကြိမ်ကုလားထိုင်တလုံးအတွက် ဒို့ ဘယ်လောက်ရလိုက်သလဲ ဆိုတာ တခါတခါ စဉ်းစာကြည့်တယ်။
ကြိမ်တလုံးရဲ့ တန်ဖိုး ဘယ်လောက်လဲ မင်းသိလား။ တောင်တန်းတွေ၊တောအုပ်တွေ၊ သစ်ထုတ်လုပ်ရေး
တွေနဲ့ မစိမ်းခဲ့တဲ့ ကျနော့အတွက်ကတော့ ကုလားထိုင်တလုံးနဲ့ ပတ်သက်တဲ့ကျနော်တို့ ရဲ့ အရှုံးကို ခံပြင်း
နေမိတယ်။ သူတို့ ငွေနဲ့ တကျပ်ဖိုးစာလောက် ရမည်။ကြိမ်တလုံးးရဲ့ တန်ဖိုး ။ ကြိမ်တလုံးဆို၇င် ဒါမျိုး ကုလားထိုင်၂လုံးစာလောက်၇မည်။ ပြောရင်း ကျနော့ အသံတိမ်ဝင် သွားသည်။ ပိတ်တာ ဖွင့်တာထက် ငါတို့ တန်ရာတန်ကြေး ဘယ်လောက်ရသလဲ ဆိုတာကို ပဲ ငါ ကပြောနိုင်မှာ။ အဲဒီကုလားထိုင်တလုံးရဲ့  တန်ဖိုး ဟာအမျိုးအစားကို လိုက်ပြီး ခရိုနာ တထောင်က နေ ၅၀၀၀ထိရှိတယ်။ ငါ့မိသားစု ၂ လ လောက် ထိုင်စားလို့ ရတဲ့ တန်ဖိုးရှိတယ် ဒီမှာ။
လူတချို့ က ငြင်းခုန်ကြမယ်။ လူတချို့ က သူတို့ လုပ်စရာရှိတာ ဆက်လုပ်ကြမယ်။
လုပ်စရာ ရှိတာ လုပ်မယ့်လူတွေကလဲ လုပ်နိုင်တဲ့ အင်အားရှိဖို့  လိုအပ်တယ်။   ငြင်းခုန်ဖို့  အတွက် ငြင်းခုန်နိုင်တဲ့ ဗဟုသုတ ပညာလိုအပ်မယ်။ ငါကတော့ လက်တကမ်း အမြင်ကို ဘဲ ပြောလို့ ရမယ်။
ဆရာ့ ဆရာကြီးများ ကြားတွင် တိုင်းပြည်ချစ်စိတ် တခု တည်းဖြင့် နိုင်ငံရေး လောက သားတို့ ကြားရောက်ခဲ့သည်။ ဘယ်အယူအဆမျိုး နဲ့ နိုင်ငံရေးလုပ်ခဲ့ပါသလဲ။ ဘယ်လိုတွေလုပ်ခဲ့ပါသလဲ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်သည်။ စောစောက မေးခွန်းမျိုးကို ကျနော်ဖြေဖို့ ဗဟုသုတ မလုံလောက်။ အသိပညာမလုံလောက်။ ဘယ်လို အယူအဆတွေနဲ့ နိုင်ငံရေးလုပ်ခဲ့သလဲ လို့ ကိုယ့်ကိုကိုယ် ပြန်မေးသည်။
ဆရာကြီး ဆိုသူတချို့ က တော့ ကျနော်တို့ အစုအဖွဲ့ ကို ကုမ္မဏီဟုပြောသည်။
ကျနော်တို့ အလုပ် လုပ်ကြပုံကို ဝေဖန်ခြင်းဖြစ်သည်။ အထက်အောက်မရှိ။ နားလည်မှု မြင့်မားသည်။ တာဝန်ယူမှု အားနည်းသည်ဟု မြင်သည်လား ။ နှေးကွးသည်ဟု မြင်သည်လားမပြောတတ်။ တကယ်တော့ မနှေးကွေးပါ။ ထိန်းချုပ်မှု ခံထားရသည့် ဆက်သွယ်ရေးတွေကြောင့်နှောင့်နှေးခဲ့ခြင်းသာ။ အချင်းချင်းကြား ချုပ်ကိုင်မှု မရှိသလောက်။
ကျနော်တို့ ကို ဝေဖန်သူတို့ အောက်တွင်လဲ တာဝန်ကျေစွာ နေထိုင်ခဲ့ဖူးသည်။
ဘွန်ဇိုင်း နှင့် အာဏာရှင်ထုတ်လုပ်ရေးဟု ခံစားရသည်။ ကျနော်တို့ လောက် အလုပ်မဖြစ်။
အထက်အောက်မဟုတ်ပါဘူးဆိုသည့်တိုင် ငွေကြေးကထိုသို့ ဖြစ် စေသည်။၎င်းတို့ ကြားက  ငွေကြေးပြဿနာ ကိုမဝေဖန်လိုသလို စိတ်လဲ မ၀င်စားတော့။ အယုံအကြည်ပျောက်သည်။ မိမိတို့ ကြားတွင်ရော။
အားလုံးက အိတ်စိုက်တွေ ။ လိုနေသူကို ဖြည့်မည်။ ငွေကြေး နဲ့ ပတ်သက်ပြီး ပဒေသာပင် စိုက်ရန် ကြိုးစားတိုင်း ပဒေသာပင်ကား ဆွတ်ယူသူ တို့ ဒဏ်ကို မခံနိုင်ရာကား အကြိမ်ကြိမ်ရွာလည်နေခဲ့သည်။ သို့ သော် ကိုယ့်အတောင် အလံနှင့်ကိုယ် အလုပ်ဖြစ်သည်။ခုလိုမေးခွန်းမျိုးတွေအမေးခံလာရသည့်အခါ ကမ္ဘာ ကြီးတခုလုံးကလဲ ဟိုနေရာ ငလျှင်လှုပ်လိုက်။ ဒီနေရာမုန်တိုင်းတိုက်။ ဟိုနားမှာ  ရေကြီး  ဖြစ်နေ သည့်အချိန်။ မြန်မာပြည်နိုင်ငံရေးရဲ့ အချိုးအကွေ့ သည် နာဂစ်မုန်တိုင်း။ အမေရိကန် နိုင်ငံ၏ မူဝါဒ များပြောင်းလဲဖို့ စေ့ဆော် လိုက်သည့် အားအကောင်းဆုံးသူမှာ hurricane katherina ။ဆူနာမီ လှိုင်းများ။ ငလျှင်များသည် ကမ္ဘာ့အခင်းအကျင်းသစ် တခုကို မောင်းနှင်နေခဲ့လေပြီ။
ရှေးဟောင်းကျမ်းများ ပြန်လည်အသက်ဝင်လာသလား။ မိခင်ကမ္ဘာမြေကလူသားတွေကို အပြစ်ပေးခြင်း လား။  ကျနော်တို့ ဘယ်လို တုန့် ပြန်ကြသလဲ။ နာဂစ်မုန်တိုင်းတိုက်သွားသည့်နတ်ဆိုးကို ကြိမ်ဆဲမည်လား။ ယတြာချေမည်လား။
အကူအညီကယ်ဆယ်ရေးနှင့်နည်းလမ်းများရှာဖွေမည်လားဆိုသည်ကမိမိတို့  ရောက်နေခဲ့သည့်စိတ်အခြေ အနေ။ဒီအခြေအနေ အခင်းအကျင်းမှာ သက်ဆိုင်ရာ အစုအဖွဲ့ ကို မောင်းနှင်ဖို့ ရာ အင်ဂျင်တခုတော့လိုခဲ့ပြီ။
ငါတို့  neo.conservative ထက် မပိုနိုင်ဘူးကွ။ ဒါအလွန်ဆုံးဘဲထင်တယ်။
မှတ်မှတ်ရရ နောင်တော်တယောက်ရဲ့ စကား။ သိပ်လက်မခံချင်။ ကျနော်တို့  ကွန်မြူနစ်တွေ မဟုတ်။ အရင်းရှင်လဲမဟုတ်။ အမျိုးသားရေး အစွဲခေါင်းစဉ် အောက်အလုပ် လုပ်သူပင် မဟုတ်။ ဖြစ်နိုင်လျှင် ပါတီနိုင်ငံရေး အပြင်ကသာ နေချင်သူတွေ။ အက်ရှူးနိုင်ငံရေး ပရိုပိုဇယ်နိုင်ငံေ၇းကိုရွံရှာမုန်းတီးကြသည်။   ဖြစ်နိုင်လျှင်ကင်းချင်ကြသည်။ ဘယ်အကျိုးစီးပွါးအတွက် အလုပ် လုပ်သူတွေလဲ။
သို့ ဆိုလျှင် …။
သဘာကပ်ဆိုးကဲ့သို့  ဘေးအန္တရာယ်များကျရောက်သည့်အခါ ဖွံ့ ဖြိုး ပြီးနိုင်ငံများပင် အရေးပေါ် အကူအ ညီ ယူရမှုနှင့်မ ကင်း နိုင်ကြ။ ထို့ အပြင် တနေ့ က ဇိမ်ခံပစ္စည်း သည် ယနေ့ မရှိမဖြစ် လိုအပ်မှု ဖြစ် လာနေ သည့် ကမ္ဘာကြီး၏ အလျင်။
ကျနော်တို့ ကိုယ် ကျနော်တို့ မသိခဲ့  ဓါတ်မခွဲခဲ့သော်လည်း အနောက်ကမ္ဘာတွင် ထိုလူတို့ ကို နာမည်တခု တပ်ပြီးသား ရှိနေပြီးသား။ ထိုအရာကား သူတို့ ဆီက ခေတ်ပေါ်နိုင်ငံရေး အခင်းအကျင်း။တနည်း ကျနော်တို့ ၏ မူလ လက်ဟောင်း။
သို့ နှင့် ကျနော်
အေဘီစီဒီ ဖတ်တတ်ခဲ့သည်။
Conservationism, Enviromentalism and the Green
အမေရိကမှာပေါ်ထွန်းခဲ့တဲ့ ထင်ရှားတဲ့ ရှေးကျတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှု နှစ်ခုကတော့ ဂေဟ ဗေဒ အစုအဖွဲ့ များ သို့ မဟုတ် green များပါ။
၁၉ ရာစု နှောင်းပိုင်း သဘာဝ အရင်းအမြစ်များပြုန်းတီးလာမှု နှင့် ပတ်သက်ပြီး
အထူးသဖြင့် သစ်တော ပြုန်းတီးခြင်း က ကွန်ဆာဗေးတစ် ၀ါဒကို အားပေးစေ ပါတယ်။
ကွန်ဆာဗေးတစ်တွေက လူသားတွေရဲ့ လိုအပ်မှုအတွက် သဘာဝတရားဟာ အသစ်တဖန် ပြန်လည်ထုတ်   လုပ်နိုင်သော အရင်းအမြစ်တွေလို ယူဆပါတယ်။ ဒါပေမယ် အနာဂါတ် ကာလ နဲ့ ယနေ့    ကာလ သဘာဝ တရားမှ လူသားတွေရဲ့ အကျိုးစီးပွါးအလို့ ငှာအခြေခံကျသော အစီအမံများ ရေးဆွဲဖို့ လိုအပ်တယ် လို့ ယူဆ ပါတယ်။
Gifford Pinchot (1865/1946) လို အစောပိုင်း ကွန်ဆာဗေးတစ်တွေဟာ သယံဇာတပစ္စည်းများကို ပ၇မ်းပတာ ဆန်စွာ ရဲ ရဲ တင်းတင်း ထုတ်ယူခဲ့သူ တွေဖြစ်ပါတယ်။ Teddy Roosevelt ရဲ့ သမ္မတ သက်တမ်း ၂ ဆက်အတွင်း သစ်တောရေးရာ အကြီးအကဲ ဖြစ်ခဲ့သူ Pinchot က သဘာဝအရင်းအမြစ်ကို နိုင်ငံသားအားလုံးကြား မျှတစွာခွဲဝေေ၇းအတွက် ပြောဆို ခဲ့ပါတယ်။
၂၀ရာစုရဲ့ ပထမ ဆယ်စုနှစ်များအတွင်း ရှေးဦး ကွန်ဆာဗေးတစ်ဝါဒီတွေဟာသဘာဝပတ်ဝန်းကျင် ကိစ္စတွေကိုပြည်သူ့ အာဂျင်တာထဲထည့်သွင်းမှု၊အမျိုးသားပန်းခြံနှင့်တောရိုင်းတိရိစ္ဆာန်များ  နေရာပျောက်ဆုံး    မှုများ အတွက်တာ ၀န်ရှိခဲ့ပါတယ်။
သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အခြား ယှဉ်ပြိုင်တဲ့ အမြင်တခုကတော့Environmentalist သဘာဝပတ်ဝန်းကျင်ဝါဒီများရဲ့ အမြင်ပါ။ သဘာဝဟာသူ့  ကိုယ်တိုင်ကပင်တန်ဖိုးရှိပြီး ဖြစ်ပြီး အရင်းအမြစ် များ  ကာကွယ်ရာတွင် အလှအပတန်ဖိုးများကို ထည့်သွင်းစဉ်းစားခဲ့သူများဖြစ်ပါတယ်။
သာဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွင် လှပမှုထက် အသုံးဝင်မှုကို ဦးစားပေးသော ကွန်ဆာဗေးတစ် များနှင့်မတူကွဲပြားစွာဘဲ သဘာဝပတ်ဝန်းကျင်သမားတွေက လူသားတွေရဲ့ သက်ရောက်မှုက ကင်းတဲ့ ဘေးမဲ့နယ်မြေများအဖြစ် ပြုစု ပျိုးထောင်လို ခဲ့ကြပါတယ်။
ကွန်ဆာဗေးတစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်သမားတွေဟာ ဖွံ့ ဖြိုးမှုနှင့် ပတ်သက်ပြီးထိပ်တိုက် ရင်ဆိုင် ခဲ့ကြဖူးပါတယ်။
Green များအတွက်မူ ထိုအယူအဆ နှစ်ခုလုံးမှာ တိမ်နေသယောင်ဖြစ်နေခဲ့သည်။
အယူအဆ နှစ်ခုလုံးမှာ လက်ဘရယ် အရင်းရှင်စနစ် လူနေမှု အတွင်း အခြေခံကျသော လူနေမှု ပုံစံကို ဖြေဆိုဖို့  လစ်ဟင်းသလို ဖြစ်နေခဲ့ပြီး သဘာဝတရား ပျက်စီးမှု၏ ကမ္ဘာလုံးဆုံးရာ အကျိုးဆက်ကို ဆုပ်ကိုင်ဖို့ ရာ ပျက်ကွက်နေခဲ့သည်။
လူသားတို့ ၏ အပြုအမူနှင့် အတွေးအခေါ်ကို အသစ်ပြန်လည်တည်ဆောက် ရမည်သဘာဝတရားအပေါ်  မထီမဲ့မြင်ခေါင်းမာသောလူသားတို့ အားသဘာဝတရားကိုကိုးကွယ်စရာတခုအဖြစ်မြင်လာအောင်  ပြောင်းလဲ ယူရမည်ဟု စဉ်းစားသည်။သဘာဝတရား၏ ပင်ကိုယ်သဘာဝ တရားအတိုင်းရှိသည့် တန်ဖိုးကို လူသားတိုင်းနားလည်စေရမည်။
တည်ငြိမ်သည့် နိုင်ငံ့စီးပွားရေးသည် စားသုံးကုန်များ၊ အသုံးအဆောင်များနှင့်သယ်ယူပို့ ဆောင်ရေး လုပ်ငန်း များ ကိုအကူအညီအထောက်အပံ့ဖြစ်စေသည့်အသေးနှင့်အလတ်စားနည်းပညာများအပေါ်တွင်တည်မှီနေ   ပါလိမ့်မည်။
ဖြစ်နိုင်ပါက စားသောက်ကုန်လုပ်ငန်းများမှာ ဒေသအလိုက်သာ ဖြစ်သင့်ပြီး ထုတ်လုပ်မှု အသုံးအဆောင် များမှာလည်း ကြီးကြီးမားမားမဖြစ်သင့်ပဲ အသစ်ထုတ်လုပ်၍ ရနိုင်သော ပါဝါဆို့ (စွမ်းအင်အရင်းအမြစ်)များ ဥပမာ လေ၊ ရေ၊ ဘူမိစွမ်းအင် geothermal နှင့် နေရောင်ခြည်စွမ်းအင်ကဲ့သို့ သော အရင်းအမြစ်များပေါ်တွင် မီတည်ပြီးထုတ်လုပ်သင့်သည်ဟု သူတို့က ယူဆသည်။
Green အများစုက လူနေထူထပ်သော မြို့ ကြီးများ မှာ ပတ်ဝန်းကျင် သဘာဝ မနှစ်မြို့ စရာဟု မြင်သည်။
မြို့ ပြလူနေမှု အဆင့်အတန်းကို ထိန်းသိမ်း နိုင်ရန် စွမ်းအင် သုံးစွဲမှုနှင့် ပျက်စီးမှုလည်း မြင့်မားသည်။
Green တို့ ကခေတ်ပြိုင် ဖွံ့ ဖြိုးလာနေသောလူနေမှုအဖွဲ့ အစည်းများသည် သဘာဝ ပတ်ဝန်းကျင် ကို ခြိမ်းခြောက်မှု တခုဟု သုံးသပ်သည်။သူတို့ က ကမ္ဘာမြေနှင့် သက်ရှိတို့ အား လူသား တို့ ကြောင့်ဖြစ် တည်သော ကံကြမ္မာဆိုးများမှ ကာကွယ်ရန် အဆိုပြုချက် ၃ ခုကို တင်ပြကြသည်။
ပထမသူတို့ ကကွဲပြားခြားနားသည့်ဂေဟစနစ်ကိုကာကွယ်စောင့်ရှောက်လိုသည်။ ကွဲပြားခြားနားသော   ဂေဟစနစ်မှာအမှန်တကယ်ရှုပ်ထွေးစွာရှိနေခဲ့ပြီးကာကွယ်ထိန်းသိမ်းရန်လိုအပ်သည် အဘယ်ကြောင့် ဆိုသော် ပင်ကိုယ်သဘာဝ အားဖြင့် ရှိနေသော တန်ဖိုးအား လူသားတို့ အနေဖြင့် တိုင်းတာရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ဥပမာ သူတို့ က မုတ်သုန် တောများကို ကာကွယ်လို သည်မှာကင်ဆာ နှင့်  အခြား ရောဂါအတွက်ဆေးဝါးများကို ရရှိနိုင်သောကြောင့်သာမက ဘဲသစ်တောများမှာ ကမ္ဘာပေါ်မှ သဘာဝ သက်ရှိ ဖြစ်နေသည်ဟုယူဆသော ကြောင့်ဖြစ်သည် ၊ သက်ရှိ ရှိလျှင်ထိုအရာကိုတန်ဖိုးထားစောင့်ရှောက်ရ  မည် မဟုတ်ပါလား။ သူတို့ က သိပ္ပံပညာ သည်ဂေဟ စနစ်အတွင်း ရှိနေသည့် တစုံလုံးအားနားလည်နိုင်ရန် အားထုတ်ရမည်ဟု ဆိုသည်။
ဒုတိယ အဆိုမှာ ဘေးမဲ့ နယ်မြေများအား ကာကွယ်ထိန်းသိမ်းလိုခြင်းဖြစ်သည်။
သူတို့ ၏ အိုင်ဒီယာမှာ သဘာဝ အားလုံးမှာ လူသားတို့ စားသုံးရန် အသုံးပြုရန် မဟုတ်ဟူသော အချက်ပင်ဖြစ်သည်။
တတိယ ရည်မှန်းချက်မှာ တိရစ္ဆာန်တို့ အား သိပ္ပံပညာနှင့်စီးပွားရေးနယ်ပယ်သုတေသနများအတွက် အသုံး  မပြု ရန်ဖြစ်သည်။
Green တို့ ကသဘာဝ ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး အကြီးစား ပြောင်းလဲမှုများပြုလုပ်ရန်တောင်း ဆိုကြသည်။  လက်တွေ့ သဘောမျှသာ မက သေး၊ အခြေခံကျသော ကမ္ဘာမြေကို တန်ဖိုးထားမှု အပေါ်နည်းလမ်းများ ပြောင်းလဲမှုကို သူတို့ က ပြောင်းလဲစေလို ကြသည်။
အပြောင်းအလဲ အတွက် အပြောင်းအလဲ..
အပြောင်းအလဲကို ဘယ်လို လုပ်မလဲဆိုတဲ့ အကြောင်းအရာဟာ Green များကြား အသံအကျယ် ဆုံး ငြင်းခုန် တိုက်ခိုက်ဆဲ။ သဘာဝတရားအပေါ်လူသားတို့ ရဲ့ သဘောထား အကြီးစားပြောင်းလဲမှုတွေ မရှိမဖြစ် လိုအပ်     သည်ဆိုသည်ကို    သူတို့ ကအသိအမှတ်ပြုသည်သို့ သော်မည်သည့်အတိုင်းအတာ     ထိ မဖြစ်မနေ ပြောင်းလဲရန်လိုအပ်ပြီး ထို သို့ အပြောင်း အလဲကို မည်သို့ မည်ပုံပြုလုပ်မည်ဆိုသည့်အပေါ် သဘောထားတွေ မတူနိုင်ကြပါဘူး။
အကြမ်းဖက်မှုဆန်ဆန် ပြောင်းလဲခြင်းမျိုးကို Green တိုင်းလိုလို က မလိုလားကြပါဘူး။လူသားတို့  အပေါ် အကြမ်းဖက်ခြင်းမှာလဲ ကမ္ဘာမြေနဲ့ သက်ရှိတွေအပေါ်အကြမ်းဖက် ခြင်းပါဘဲ။  သို့ သော် Green တို့ သည်   အနောက်နိုင်ငံတို့ ၏ မူဘောင်စံချိန် စံညွန်းများအတွင်း မှာ အမြဲ အလုပ်လုပ်လို ကြသည်   တော့ မဟုတ်။ သည်တော့ တချို့ Green များသည် စေ့စပ်ညှိနှိင်းခြင်းနဲ့  ဗဟိုပျောက် မြို့ ပေါ် ပျောက်ကျားနည်းတွေ သုံးတတ်ကြသည်။
ကမ္ဘာမြေ ဦးစားပေး အဖွဲ့ တွေ ကတော့ လမ်းတံတား ။ ပစ္စည်း ပစ္စယ များနှင့် ဆောက်လုပ်ရေး ယာဉ်များ ဖျက်ဆည်းမှု ၊ ပျက်စီးမှုများ အတွက်ကာကွယ်ပြောဆိုတတ်ကြပါတယ်။
Greenpeace ရဲ့ ဦးတည်ချက်တွေဟာ သဘာဝ ကို အသုံးချမှုကို ဈေးကြီးစေရုံသာမက ဘဲ ၊ သဘာဝကို အန္တရာယ် ဖြစ်စေမယ့် အပြုအမူများ လုပ်ဆောင်ချက်များကို လူထုကို နိုးကြးစေသည်။
ဤနည်းလမ်းများသည်ကျယ်ပြန့် သောနိုင်ငံရေးကွင်းတခုအားမည်သို့ ပြုပြင်ပြောင်းလဲမှုများ လုပ်မည်နည်း   ဟူသောမေးခွန်းကို ငြင်းဆို ဖြေဆိုနေ စရာမလိုဘဲ အပြောင်းအလဲကို ချဉ်းကပ်နိုင်သည်။
ဥရောပနိုင်ငံများအထူးသဖြင့် ဂျာမဏီနိုင်ငံကဲ့သို့ နိုင်ငံသည် အမေရိက ၏ ရီပတ်ဘလီကင် စနစ်ထက် အနည်းစုပါတီများအပေါ်တွင်ပိုပြီးပွင့်လင်းသည်။ဂျာမန်Greenပါတီသည်ပါလီမန်အတွင်း ရွေးကောက်ပွဲအတွင်း
နေရာအချို့ အနိုင်ရခဲ့ပြီး အကန့် အသတ်ဖြင့် အနိုင်ရခဲ့သော ထိုရွေးကောက်ပွဲသည် ဂျာမန်ဂရင်း ပါတီနှင့် တသားတည်းမဖြစ်နိုင်ရာကားပါတီ ၀င် အချို့ သည် ပါတီနိုင်ငံေ၇းကို စွန့် ခွါသွားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ပါတီနိုင်ငံရေးမှာ မရှောင်လွဲသာမည့် စေ့စပ် ညှိနှိင်းရေးများကို ဖြတ်သန်းလာရမည်ဖြစ်ပြီး ၄င်းတို့ လျော့မပေးနိုင်သည့်တန်ဖိုးများ ပါဝင်လာသည့်အတွက်ဖြစ်သည်။
မဟာဗျူဟာအရ ရောနည်းလမ်းအရပါအသင့်တော်ဆုံးပြောင်းလဲမှုလမ်းကြောင်းအတွက် ဂရင်းတွေဟာ ဆက်လက် ငြင်းခုန်ဆဲပါ။ ဂရင်းတို့ က လူသားတို့ ၏ သဘာဝအပေါ်အခြေခံသဘောထား အပေါ်လေး နက်တဲ့ ပြောင်း လဲမှုလမ်းကြောင်းကို ရှာဖွေလိုသည်။ဖွံ့ ဖြိုးပြီးနှင့် ဖွံ့ ဖြိုးဆဲ နိုင်ငံများတွင် သဘာဝအပေါ် လူသားတို့ ၏ သဘောထားပြောင်းလဲမှုကို ထောက်ပြကြသည်။
ပြည်သူနှင့် ပုဂ္ဂလိက ဖွံ့ ဖြိုးရေး ပရောဂျက်များအားလုံးတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များကို ဖော်ပြဖို့ ရာ အစိုးရများအတွက်လိုအပ်မှုဖြစ်လာနေသည်။ဖွံ့ ဖြိုးပြီးနိုင်ငံများတွင်မူ သဘာဝပတ်ဝန်းကျင်    ကိစ္စမှာ မဲပေးသူတို့ ၏အဓိက ဦးစားပေးဖြစ်လာနေသည်။ အမေရိက တွင်သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရေးသည် အခြေခံနှင့်အလယ်တန်းတို့ အတွက် သင်ရိုးညွန်းတမ်းဖြစ်လာ  နေပြီး တီဗွီအစီအစဉ်၊ ကာတွန်းနှင့် မှတ်တမ်းရုပ်ရှင်ကားများတွင် ဂရင်းတို့ ၏ တန်ဖိုးများကို အထူးအလေး   ပေးဖော်ပြလာနေကြသည်။
ခေတ်ပြိုင် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားများသည် လဲ၎င်းတို့ မဲ ဆန္ဒရှင်များ ၏သဘာဝပတ်ဝန်းကျင်ဆိုင် ရာအလေးပေးမှုအပေါ်အာရုံပိုထားလာကြပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုများနှင့်ထိပ်တိုက်တွေ့    မှုကို ရှောင်ရှားလို ကြသည်။
ဖွံ့ ဖြိုးဆဲနိုင်ငံများတွင်လဲ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှား တက်ကြွ သူများ ထွက်ပေါ်လာနေပြီး ဂရင်းတို့ ၏ မျှော်မှန်းချက် စံ အဆင့်ထိဖော် ဆောင် လာနေကြသည်။ ဥပမာ ၁၉၇၄ ကာလ အိန္ဒိယ နိုင်ငံမှအမျိုး သမီးများ သစ်ပင်ကို လက်ချင်းယှက် ၀န်းရံပြီး သစ်ပင်များကိုခုတ်လဲမှုမှ ကာကွယ်သည့်လှုပ်ရှားမှု။
သဘာဝတရား ဟာ စက်မှုဖွံ့ ဖြိုးသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေအကန့်  အသတ်ထားသက်ရောက်မှာ မဟုတ်ပါ။ ယနေ့ ကမ္ဘာမြေသည် သဘာဝတရား နှင့်ပတ်သက်သည့် ကိစ္စများကို အရေးတယူ ပြုလုပ်ရန် အစိုးရများအားလုံးကို တောင်းပန်နေခဲ့ပါပြီ။
ရည်ညွန်း။ Political Ideologies in the 19th and 20th Centuries
Paul schumaker , Dwight C. Kiel, Thomas heilke
No comments: