Thursday, June 30, 2011

ရှင်သန်ခြင်း


လေက ဘယ်ကတိုက်နေမှန်းမသိတဲ့အရပ်မှာ
ဘယ်အပင်က ကိုယ့်အပေါ် အရင်လဲမလဲ မသိတဲ့အရပ်မှာ
စိတ်တွေ မြေပျော့နေလို့ မဖြစ်သေးဘူး။

နွေဦးရဲ့ အနက်ရှိုင်းဆုံး တနေရာဆီမှာပဲ
ဗီဇကို ခေါက်သိမ်းထားရုံ။

တဖြိုက်နှစ်ဖြိုက်လောက် ပြုံးပြရုံတင်
ဆန့်တန်းလာမယ့် ညို့ဆိုင်းမှုဟာ
ကိုယ့်ဒူး ကိုယ်ယုံတယ်။

 
ငါတို့လည်း အလေ့ကျ
မုန်တိုင်းလည်း အလေ့ကျပဲ
ကျိုးသွားတဲ့အကိုင်းတိုင်း သမိုင်းရှိစေ။
  
  
AMT
                                                      

No comments: