Monday, June 27, 2011

အလှည့်ကျတော့မနွဲ့ စတမ်း (ခမာနီ)


ကွန်မြူနစ်ယူတိုးပီးယားကိုတည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ခမာနီထိပ်တန်းခေါင်းဆောင်တွေတရားရင်ဆိုင်နေရပါပြီ။၁၉၇၅ မှာခမာ နီတွေ ဟာ မြို့ တော်ဖနွမ်းပင်နဲ့  တခြားမြို့ အတော်များများက လူတွေကို တောပိုင်းဒေသတွေဆီပို့ ဆောင်ပြီး အတင်းအကျပ်လယ်ကွင်းတွေ မှာ အလုပ်ခိုင်းစေခဲ့ပါတယ်။  ကွန်မြူနစ်ပြည်တော်သာဆီရည်မှန်းလုပ်ဆောင်ခဲ့ပေမယ့် ကမ္ဘောဒီးယားပြည် သူပြည်သားတွေ အတွက်တော့ အရှင်လတ်လတ်ငရဲပြည်ပို့ သလိုဖြစ်ခဲ့ရပါတယ်။ ဖနွမ်းပင်လိုမြို့ ကြီးတွေ က မြို့  သားတွေ ကိုလယ်ကွင်းတွေ ဆီအ တင်းအကျပ်ပို့ ဆောင်ပြီး တောကလယ်သမားတွေဆီက လယ်လုပ်တာသင်ကြား ခိုင်းပါတယ်။အတင်းအကျပ် လယ်စိုက်ခိုင်းပါ တယ်။ပညာ တတ်တွေ ကို အန္တရာယ်ကောင်တွေ လို့ သတ်မှတ်ပါ တယ်။ ငွေကြေးကိုင်ဆောင် ခွင့်မရှိပါဘူး။ခေတ်သစ်ဆေး ၀ါးသုံးစွဲ ခွင့် မရှိပါဘူး။ နောက် ဆုံး ရလာဒ်ကတော့ တနိုင်ငံလုံးကံဆိုးမိုးမှောင်ကျခြင်းပါပဲ။
ပြည်သူပြည်သားတွေဟာ ငတ်မွတ်ခြင်းဒဏ်၊၊ရောဂါဘယဒဏ်တွေကြောင့်သေရသလိုသစ္စာဖောက်လို့ ယူဆရင် လည်းအသတ်ခံကြ ရ ပါတယ်။ လေးနှစ်လောက်ခမာနီတွေအုပ်ချုပ်ခဲ့တဲ့ကာလမှာ ကမ္ဘောဒီးယားပြည်သူ ၂သန်းနီးပါး အသက်သေ ဆုံးခဲ့ ရပြီး ဒါဟာအဲဒီ အချိန် ကကမ္ဘောဒီးယားနိုင်ငံလူဦးရေရဲ့  လေးပုံတပုံပါပဲ။ဒီဗွီဒီယိုမှာ ဒီအဖြစ်ဆိုးကြီးကိုပြန်ပြောင်းပြောပြနေတဲ့  စနစ်ဆိုး ဒဏ်ကို ခံခဲ့ရ သူတွေနဲ့  ဒီကျူးလွန်ခဲ့မှုတွေအတွက်တရားရင်ဆိုင်နေရပြီဖြစ်တဲ့ ခမာနီခေါင်းဆောင်တွေကိုတွေ့ ရမှာပါ။

No comments: