Thursday, June 23, 2011

ပညာရေးအတွက်တိုက်ပွဲ(တောင်ကိုရီးယား)

 
တောင်ကိုရီးယားကတက္ကသိုလ်ကျောင်းသားတွေ ကျောင်းစရိတ်ကြီးလွန်းလို့ ဆန္ဒပြနေကြတာပါ။ နှစ်စဉ်ပဲကျောင်းစရိတ်မြင့်လွန်းလို့ 
ကျောင်းလခလျှော့ချရေးပါမောက္ခချုပ်ထံတောင်းဆိုခဲ့လေ့ ရှိပါတယ်။ဒါပေမယ့်ဒီနှစ်တော့ ကျောင်းအာဏာပိုင်တွေနဲသူတို့ ရန်မဖြစ် တော့  ပါဘူး။ ကျောင်းသားတွေဟာလမ်းမပေါ်ထွက်လာပြီးသူတို့ ရဲဆန္ဒပြမှုဟာအစိုးရဖက်ကိုလှည့်သွားပါပြီ။ 
"Halve the tuition," ဒါကသူတို့ ရဲ့ ကြွေးကြော်သံဖြစ်ပါတယ်။အာဏာရလာရင် ကျောင်းလခတွေတ၀က်လျှော့ချပစ်မယ်ဆိုတဲ့ မဲဆွယ်စဉ်တုန်းကသမ္မတကပေး ခဲ့တဲ့ကတိကိုတည်ဖို့ ကျောင်းသားတွေကတောင်းဆိုနေတာပါ။ တောင်ကိုရီးယားမှာကျောင်းစရိတ်ထောင်းလွန်းတဲ့ ဒဏ်ကိုမခံနိုင်လို့ 
တချို့ ဖခင်တွေနဲ့ ကျောင်းသားတွေကိုယ့်ကိုယ်ကိုသတ်သေတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။

No comments: