Wednesday, June 22, 2011

လစ်ဗျားမှာလည်း ဒီလိုပဲ


 
မြန်မာစစ်တပ်က ကချင်အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တယ်လို့ သတင်းတွေမှာဖတ်နေရပါတယ်။  လစ်ဗျားမှာလဲ ဒီလိုပါပဲ။ စစ်တပ်ကမုဒိန်းကျင့်တာကိုလက်နက်တခုလိုအသုံးချနေတာပါ။SihamSergewaဆိုတဲ့အမျိုးသမီးကလူငါးသောင်းရှိတဲ့ဒုက္ခသည်စခန်းမှာစစ် တမ်း ကောက်ယူကြည့် ရာမှာ အမျိုးသမီး၂၅၉ယောက်ဟာ  မုဒိန်းကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
သူပြောတာက ကျမကစိတ်ပညာရှင်တယောက်ပါ။ဒါမျိုးအဖြစ်အပျက်တွေတကယ်ပဲကြုံတွေ့ ဖူးပါတယ်။ဒါပေမယ့်ဒီအဖြစ်အပျက်တွေ ကတော့ စိတ်ထိခိုက် စရာကောင်းလွန်းလို့  ကားပေါ်မှာကျမထိုင်ပြီးငိုမိပါတယ်   တဲ့။
SihamSergewaကသူရဲ့ စစ်တမ်းကောက်ယူထားချက်ကိုTheHagueက နိုင်ငံတကာရာဇ၀တ်မှုခုံရုံးကိုတင်ပါတယ်။ICCကတော့လူသား   မျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုအဖြစ်တရားစွဲဆိုနိုင်ဖို့ သက်သေအထောက်အထားတွေစတင်စုဆောင်းနေပါပြီ။


No comments: