Tuesday, June 14, 2011

တရုတ်မှာဖြစ်နေတဲ့ ဟိုတပွက်ဒီတပွက်ဆန္ဒပြပွဲတွေ

 
တရုတ်ပြည်မှာတော့ဆန္ဒပြပွဲအသေးလေးတွေ ဟိုတကွက်ဒီတကွက်ဖြစ်နေပါပြီ။နောက်ဆုံးဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲကဟောင်ကောင်ရဲ့  အနောက်မြောက်ဖက်မိုင် ၆၀အကွာက Zengcheng ဆိုတဲ့ မြို့ မှာပါ။ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေအထိ ဆက်ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေမှာ
   လူရာနဲ့ ချီဆန္ဒပြခဲ့ကြတယ်ဆိုပါတယ်။  ပီးခဲ့တဲ့သီတင်းပတ်တွေထဲမှာ မွန်ဂိုလီးယားဒေသနဲ့ Lichuan လီချွမ်ဆိုတဲ့နေရာမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ ပါသေးတယ်။ အခုဒီတနင်္လာနေ့ မှာပဲ ပီကင်းကမီးရထားဝန်ကြီးဌာနမှာ စစ်ပြန်တွေက သူတို့ ကို ကတိပြု ထားတဲ့ အလုပ်တွေမရလို့  အလုပ်ရရေးဆန္ဒပြခဲ့ကြပါတယ်။
အာရပ်နွေဦးလူထုလှုပ်ရှားမှုမျိုးဖြစ်လာမှာ ကြောက်နေတဲ့ တရုတ်အစိုးရကတော့ဒီဆန္ဒပြပွဲတွေကို ခပ်ကြမ်းကြမ်းပဲ နှိမ်နင်းခဲ့ပါတယ်။


No comments: