Wednesday, June 8, 2011

ဘွန်ဇိုင်း



အရွယ်မရောက်တဲ့ စကားတွေနဲ့ 
အူကြောင်ကျားနေ့ ရက်များပါဘဲ
တကယ်က ဘွန်ဇိုင်းဖြစ်သွားခဲ့ကြတာ...
အချစ်ပါလို့ ပြောတဲ့ အပျိုကြီးတယောက်ရဲ့ ဆင်ခြေမျိုးနဲ့ 
ကမ္ဘာကြီးဟာ
ငါတို့ ကို ပြုစားခဲ့ပေါ့။


အဖော်အချွတ်ကြမ်းကြမ်း
အနောက်တိုင်း ကကွက်ဆန်းတွေကြား
မိုက်မိုက်မဲမဲ
မိကျောင်းကို စီးပြီး
သံလျင်ကျွန်းကို ကူးခတ်သူ ကူးခတ်
ပြဒါးရှင်လုံးငုံပြီး ပျံလိုပျံ
ရှင်အရဟံကိုလဲ ကြောက်ရသေး။


 

မတော်တဆ ရီမိရာက
သတိလက်လွတ် ဖြစ်သွားရင်
အသက်ဆုံးပါးတတ်တာ
ပုံပြင်ထဲမှာ သိထားပြီ။
ပြဒါးရှင်လုံးငုံမထားမိပေမယ့်
အရိပ်တွေ ပျံသန်းသွားခဲ့ကြ
ကိုယ့်ဘ၀ ကိုယ်မပိုင်တဲ့ နေ့ ညတွေ ကြား
အလွမ်းအဆွေးတွေနဲ့ နေသားတကျဖြစ်လို့ ။
 

ဒီလိုနဲ့ ဘဲ
ငါလဲ အရွယ်မရောက်အောင်
နေထိုင်ခြင်းကို တတ်မြောက်ခဲ့တယ်။     ။

smn

No comments: