အိမ်ရှင်မရေ
မီးဖိုချောင်ဗေဒဟာ
အီးကိုနို့ မစ်ရဲ့  အစဆိုလား
ကြားဖူးတာ ပြောမိပေမယ့်
ငါ့အိမ်ရှင်မက စာတတ်ပေတတ်
အတန်းကလည်း ကြီးလေတော့
ရမ်းရွှီးလို့  မဖြစ်ချေဘူး။
ကမ္ဘာကြီးရဲ့  ဖြစ်စဉ်မှာ
ဒါဟာ ငါတို့ ရဲ့  တိုးတက်မှုပေါ့။
မြို့ သူ
ဖြူချော
လယ်တောထဲမှာ
ပညာတတ်တွေ လယ်စိုက်တာ
စိတ်မသက်သာစရာမြင်ကွင်းပေ မယ့်
တခါတခါမှာ
ဒါဟာ ပျော်စရာပါလို့  မင်းတွေးနိုင်ပါစေကွယ်။
ဘ၀တွေကအမျိုးမျိုး
အခင်းအကျင်းက အဖုံဖုံ
ရေကြည်ရာ ရင်ခုန်ရင်း
တချို့  ပရိုဂရမ်ထဲက လယ်ကွင်းမှာ
ချစ်ခြင်းတွေ စိုက်ပျိုး
ခင်မင်မှုတွေ စိုက်ပျိုး
မေတ္တာမိုးတွေ ခေါင်တဲ့  ကမ္ဘာမြေမှာ
အတူနေစရာ အိမ်ကလေးအတွက်
ဗိသုကာတွေမပြီးမချင်းတော့
အုတ်သယ်ရင်း
ကျောက်သယ်ရင်း
လူမသေ ငွေမရှားတဲ့ 
ဘိုးဘွားတွေစကား
လူသားက ရှေ့ ကလာတဲ့ 
ဒို့ ရဲ့ ခန့် ခွဲမှုပညာဟာ
ကတ်သီးကတ်သတ် ပါလို့ 
ပညာတတ်ညာဉ်နဲ့ 
အိမ်ရှင်မရေ
ပြောချင်ရင်လည်း ပြောပေတော့။
စီးတဲ့ ရေ ဆည်တဲ့ ကန်သင်းပေမယ့်
ခေတ်ရေစီးကြောင်း
အပြောင်းအလဲမှာ
ရေစီးမကောင်းနိုင်ခဲ့ ရင်လဲ
ကုန်းကြောင်းလေးတော့လျှောက်တတ်ပါစေကွယ်။
အိမ်ရှင်မရေ
ရာစုမြစ်ရဲ့  လှိုင်းတွေထဲမှာ
အရိုင်းနဲ့  အယဉ်ကို ဘယ်လိုတိုင်းမလဲ
သမိုင်းနဲ့  အမြင်ကို ဘယ်လို နှိုင်းမလဲ
မင်းပဲပြောပေတော့။
ဝူးမင်းရိုက်
ရူးမင်းရိုက်တွေရဲ့  ကြားမှာ
အင်္ဂုလိမာလ တရားဟာ
stem cell ကိုပါကာကွယ်ထား
သဘာဝ ပတ်ဝန်းကျင်တရားတွေလည်းပါသားဆိုတော့
ငါခေတ်မှီသားပဲ လို့  အူကြောင်ကြောင်တွေး
အဟောင်းအဆွေးတွေလို့  မင်းပြောလာမှာ
ငါကြောက်တယ် ညီမရေ။
ဟိုအရေး ဒီအရေးတွေများတဲ့ 
ငါတို့ ရဲ့ ခေတ်ထဲ
မင်းနဲ့  ကလေးတွေအကြောင်းတွေး
ပြူတင်းပေါက်တခုက ငေးခွင့်ရတိုင်း
ဟိုရေးဒီရေးတွေ ရေးတတ်လွန်းတာ
လွမ်းလွန်း လို့ ပါရှင်မရေ။
ဒီတခါအတာမှာ
ပိတောက်တခက်လာပေး
ရှေးဟောင်းနှောင်းဖြစ်တွေ
ပြန်တွေး ပြီးထွေးချင်ပေမယ့်
ဟိုအရေး ဒီအရေးတွေက
ဝေးဝေးကပဲ တွေးရဦးမယ်ထင်ပါရဲ့ ။
အိမ်ရှင်မရေ
ကိုယ်ပညာ မတတ်ပါဘူး
ဒါပေမယ့် ကြင်နာတတ်တယ်
ကိုယ် ဓန မရှိပါဘူး
ဘ၀တော့သိတယ်
မလိမ့်တပတ်နဲ့ 
အဆိပ်ခပ်ခံထိနေတဲ့  ကမ္ဘာမြေမှာ
မုန်တိုင်းတွေကတိုက်
အလစ် အငိုက်မှာ
အရှိုက်ကို ထိုးသွင်းချင်သူတွေ ကြား
မင်းအနားကိုလေပြင်း ခဏလာထိရင်
ငါဟာ သေမင်းကိုစိန်ခေါ်ပြချင်တဲ့ သူ
အလိုမတူတဲ့  နေ့ ညတွေရဲ့ ကြားမှာ
နှလုံးသားတွေ နဲ့  ကာရံထားတဲ့ တံခါးကိုမှ
အရေးမထား
မလေးမစားနဲ့ 
ခဏစံ သိုက်သမားတို့ 
ငွေကျည်ဆံနဲ့  လာခွင်းရင်
ချစ်ခြင်းဆိုတာ
အသက်ပြင်းတဲ့  အကြောင်းကို
ညီမရေ
ငါတို့  ချက်ခြင်းပဲ တုန့် ပြန်ကြရအောင်။
SAM ရိုးမလှိုင်
No comments:
Post a Comment