tag:blogger.com,1999:blog-4489157371234349630.post8606322700896894925..comments2023-04-06T08:34:49.608-07:00Comments on လင်္ကာ: မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ - အပိုင်း ( ၄ ) နန်းအောင်ထွေးကြည်လင်္ကာhttp://www.blogger.com/profile/02845781726654152759noreply@blogger.comBlogger3125tag:blogger.com,1999:blog-4489157371234349630.post-38134326538327667122012-01-06T18:34:17.101-08:002012-01-06T18:34:17.101-08:00လင်္ကာ January 6, 2012
ထုတ်ဝေသင့်ပါတယ်။
ဒါတွေတကယ်ဖြ...လင်္ကာ January 6, 2012

ထုတ်ဝေသင့်ပါတယ်။
ဒါတွေတကယ်ဖြစ်ခဲ့တယ် ။ ခံခဲ့ရသူတွေ
မကြားဝံ့အောင်ကို ညှင်းဆဲခံခဲ့ရတယ်။
ညှင်းဆဲပုံတွေဟာ မစဉ်းစားရဲအောင်ပဲ။
ခုချိန်ထိလည်း ကိုထွန်းအောင်ကျော်တို့ ဟာ
သူလျှိုမဟုတ်ဘူးဆိုတာ သက်ဆိုင်တဲ့ အဖွဲ့ အစည်းကတရားဝင်ဘာမှမပြောဘူး။
အဲဒီအတွက် လူတိုင်းသိသင့်တယ်။
နအဖစစ်အာဏာရှင်အကြောင်း
စာမျက်နှာတွေမှာပလူပျံ နေလို့ လူတိုင်းသိကြတယ်။
ကျောင်းသားစစ်အာဏာရှင်တွေအကြောင်း
သိတဲ့သူနည်းတယ်။
စစ်အာဏာရှင်ဆိုရင်
နအဖစစ်အာဏာရှင်ပဲဖြစ်ဖြစ်
ကျောင်းသားစစ်အာဏာရှင် ဖြစ်ဖြစ်
ဆန့် ကျင်ရမယ်။
ကျောင်းသားမို့ မသိချင်ယောင်ဆောင်နေရမယ် ဆိုရင် ဒါ အဂတိတရားပဲ။
Reply
မောင်ကျောင်းသား January 6, 2012

မောင်ဒေါင်း
အရိုးတွေတွန်နေတာ တားဖို့ ကြိုးစားနေပြန်ပြီလား။
ဒီစာမျက်နှာကနေမင်းတားဖို့ ကြိုးစားနေလို့ အပိုပဲကွ။
မင်း ကချင်မှာနေတာပဲ။
ပါဂျောင်ကိုသွား။
အဲဒီကိုထွန်းအောင်ကျော်တို့ ကိုမြုပ်ထားတဲ့
အာသံကုန်းမှာသွား။
အကိုတို့ ခဏနေ ကြပါဦးဗျာ လို့ တောင်းပန်။
ဒါဆိုရင်တော့ အရိုးတွန်တာရပ်ကောင်းရပ်သွားလိမ့်မယ်။
ဒီကနေ မင်းပြောနေလို့ ကတော့ အပိုပဲ။
လက်ညောင်းယုံပဲကွ။
Reply
မောင်ဒေါင်း January 6, 2012

မောင်ကျောင်းသားရေ-
အေဘီအက်စ်ဒီအက်ဖ်က လူသတ်မှုကျူးလွန်တဲ့ သူတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ (လုံးဝ)လုံးဝ မနှိုင်းချင်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းကို ယိုးဒယားနယ်စပ်ကနေ ဗမာပြည်ပြန်အဝင် ရွာသူကြီးကို သတ်ဖြတ်မှုနဲ့ တရားစွဲဖို့ကြိုးစားတဲ့ ဖြစ်ရပ် သမိုင်းလေ့လာသူတိုင်း သိပါတယ်။ ဒါက မြန်မာလူထုတရပ်လုံး လွတ်လပ်ရေး အရယူဖို့ စိတ်ထက်သန်နေချိန်မှာ စည်းလုံးညီညွတ်မှုပျက်ပြားပြီး ဗိုလ်အောင်ဆန်းအပေါ် အကြည်ညိုပျက်အောင် လုပ်တဲ့ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖျက်လိုဖျက်ဆီး အစီ အမံပါ။ အခုလည်း အေဘီအက်စ်ဒီအက်က လူသတ်တရားခံတွေကို နာမည်နဲ့တကွ ရေးနေတယ်ဆိုပေမယ့် လက်နက်ကိုင်တော်လှန်ရေးအပေါ် သွေးလန့်ခြောက်ခြားသွားအောင်၊ လက်နက်ကိုင်တော်လှန်ရေး မလုပ်ရဲအောင် ဖျက်လိုဖျက်ဆီး လှုံ့ဆော်တဲ့လုပ်ရပ်၊ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားလက်နက်ကိုင်အကြား စိတ်ဝမ်းကွဲအောင်လုပ်တဲ့ လုပ်ရပ်ဖြစ်နေပြီး နေပြည်တော်ရဲ့ အစီအမံလို့ ယူဆစရာဖြစ်နေပါတယ်။ ကိုကောင်းမြင့်အဆိုအရ အဲဒီ ကျောင်းသားအချင်းချင်းသတ်မှုတွေဖြစ်ခဲ့တဲ့ ကျောင်းသားအဖွဲ့က ကေအိုင်အေမှာ အခု ရှိနေပြီး တိုက်ပွဲဝင်နေတယ်ဆိုတော့ အဲဒီကို မြို့ပေါ်ကကျောင်းသားတွေ တောမခိုရဲအောင် အောင်မိုးဝင်း၊ထိန်လင်းအပါအဝင် လူအချို့က အဲဒီကိစ္စကို တပြိုင်တည်း ရေးသားဖေါ်ထုတ်နေပါတယ်။ ရေးနေတဲ့ ရည်ရွယ်တာက ဘာလဲ။ အခုချိန်မှာ ဘယ်လိုအရေးယူမှာလဲ။ စစ်ရာဇဝတ်ကျူးလွန်တဲ့သူတွေကို နိုင်ငံသစ်ထူထောင်ပြီးမှ စုံစမ်းစစ်ဆေး၊ ခုံရုံးဖွဲ့ အရေးယူတာကို နိုင်ငံတကာမှာလည်း တွေ့နေရတာဘဲ။ သမိုင်းမှတ်တမ်းတင်ရုံအတွက်၊ ဒါမှမဟုတ် စိတ်ခံစားနားကျည်းမှုအတွက်နဲ့ အခုအချိန်မှာ အဲလိုရေးနေတာက မြို့ပေါ်ကကျောင်းသားတွေ လက်နက်ကိုင်တော်လှန်ရေးအပေါ် ကြောက်ရွံ့သွားအောင်၊ တောမခိုရဲအောင်၊ စိတ်ဝတ်ကွဲ မညီမညွတ်ဖြစ်အောင် ရေးသားနေသလို ဖြစ်နေပါတယ်။ အခုတောင် ခင်များတို့တတွေနဲ့ ကျနော်ကြားမှာ အမြင်မတူလို့ ဆဲဆိုတာတွေ ဖြစ်လာတယ်မဟုတ်လား။ နေပြည်တော် ဗိုလ်ချုပ်တွေအကြိုက်ဖြစ်နေတာကြောင့် အဂ္ဂမသာ ခွေးသားရေးစီသူဘွဲ့ ပေးသင့်တာပါ။
Reply
မောင်ကျောင်းသား January 7, 2012

မောင်ဒေါင်း
မင်းတော်တော်ဒုံးဝေးတဲ့ကောင်ပဲ။
ငါပြောတာရှင်းနေရောပဲ။
အခု ပါဂျောင် က သူရဲကောင်းတွေရဲ့ 
အရိုးတွေတွန်နေတာ။
မတရားစွပ်စွဲခံခဲ့ရတဲ့၊မတရားညှင်းဆဲသတ်ဖြတ်ခံ
ခဲ့ရတဲ့သူရဲကောင်းတွေရဲ့  အနှစ်၂၀ ကျော်က
့ပဲ့တင်လာတဲ့ အသံတွေ။
မင်းအခုပြောနေတဲ့သူတွေကို
မပြောပါနဲ့ လိုက်ပြောနေလို့ ၊ခု မရှင်းကြပါနဲ့ ဦးလို့ 
လိုက်ပြောနေလို့ ဒီအသံတွေတိတ်မသွားဘူး။
ဘာလို့ လဲဆိုတော့
ဒီစကားတွေကို သူတို့ ပြောနေတာမဟုတ်လို့ ပဲ။
မင်းနားလည်ထားဖို့ က
ကိုထိန်လင်းပြောနေတာမဟုတ်ဘူး။
ကိုအောင်မိုးဝင်းပြောနေတာမဟုတ်ဘူး။
နန်းအောင်ထွေးကြည်ပြောနေတာမဟုတ်ဘူး။
ဒီစကားတွေကို အာသံကုန်းက မတရားအသတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်တို့ က ပြော နေတာ။
အဲဒီတော့ ခုပြောနေတဲ့သူတွေကို မင်း
မပြောကြပါနဲ့ ဦးဗျာလို့ ပြောနေလို့  အချဉ်းနှီးပဲ။
ငါ စောစောကပြောခဲ့တဲ့ နည်းနဲ့ ပဲကြိုးစားကြည့်။
မင်းကချင်မှာနေတာနီးနီးလေးပဲ။
အာသံကုန်းကိုသွား။
သူတို့ ကိုမြုပ်ထားတဲ့မြေပုံဘေး မှာဒူး ထောက်။
တိုးတိုးလေးတောင်းပန်။
အကိုတို့ ၊အမတို့ ။ခဏစောင့်ကြပါဦးဗျာလို့ ။
အဲဒီမှာသွားပြီး တားရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူး။
ဒါမင်းကို နောက်ပြောင်ပြောနေတာမဟုတ်ဘူး။
အတည်ပြောနေတာ။
လောကကြီးမှာ မမြင်ရတဲ့အင်အားတွေရှိတယ်။
အထူးသဖြင့်အမှန်တရားရဲ့ အင်အားဟာ
ဘယ်တော့မှ ပျောက်ပျက်မသွားဘူးဆိုတာ မင်းသေတဲ့ထိခေါင်းထဲမှတ်ထားလိုက်
မောင်ဒေါင်းရေ။
နောက်တခါထပ်မပြောတော့ဘူး။
မောင်ဒေါင်းလို့ နာမည်ပေးပြီး
တော်တော်ဒူ၊တော်တော်ဝေးတဲ့ကောင်။
Replyလင်္ကာhttps://www.blogger.com/profile/02845781726654152759noreply@blogger.comtag:blogger.com,1999:blog-4489157371234349630.post-24700344430523839582012-01-06T18:33:31.373-08:002012-01-06T18:33:31.373-08:00Kaung Myint January 4, 2012
တမတ်သားလွတ်တော်နဲ့ စစ...Kaung Myint January 4, 2012

တမတ်သားလွတ်တော်နဲ့ စစ်ဗိုလ်တပိုင်း အစိုးရ ရှိနေသရွေ့ စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်တာ လူတိုင်းသိပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့လို စွန့်စားလိုတဲ့လူငယ်တွေအကြားမှာ လက်နက်ကိုင်တော်လှန်ရေးအပေါ် စိတ်ဆန္ဒပြင်းပြနေခဲ့တယ် ခင်ဗျ။ လတ်တလော ကြံ့ဖွံ့အစိုးရတပ်တွေကို အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေတဲ့ ကေအိုင်အေအဖွဲ့မှာ ကျောင်းသားတပ်မတော်သားတွေ ပါတယ်လို့ ကြားမိတယ်ခင်ဗျ။ ဒီအတွက် ကျနော်တို့သူငယ်ချင်းလူငယ်တစု မကြာသေးခင်က ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဆီကို လက်နက်ကိုင်တော်လှန်ရေးအတွက် သွားပြီးပူးပေါင်းဖို့ စိတ်ဆန္ဒပြင်းပြခဲ့တယ်ခင်ဗျ။ သွားရေး၊ မသွားရေး ချိတုံချတုံဖြစ်နေချိန်မှာ အခုတော့ ဆရာထိန်လင်းရဲ့ ဆောင်းပါးဖတ်ပြီး လက်နက်တော်လှန်ရေးအပေါ် စိတ်ပျက်သွားပါပြီ ခင်ဗျ။
အနယ်နယ်အရပ်ရပ်ကလူငယ်တွေနဲ့ စုစည်းထားတဲ့ တောတွင်းအဖွဲ့မှာ အခန့်မသင့်ရင် သန်းဂျီးမ အကိုက်ခံထိနိုင်သလို လူကက်ဆက်ဖြစ်နိုင်တယ်မဟုတ်လား။ ယုတ်ဆွအဆုံး လည်ပင်းပြတ်နိုင်တယ် မဟုတ်လား။ ကြောက်စရာဗျာ။ ကျောင်းသားတွေ တောခိုမယ်ဆိုရင် အဲလို ဆောင်းပါးတွေ အရင်ဖတ်ထားသင့်တယ်ခင်ဗျာ့။ ဆရာ အောင်မိုးဝင်းရဲ့ အရိုးတွန်းသံ နဲ့ ဆရာထိန်လင်းရဲ့ဆောင်းပါးတွေ တပေါင်းတစည်းတည်းလုပ်ပြီး ကျောင်းသားလူငယ်တွေအကြား ပိုပြီး ပိုပြီး ဖြန့်သင့်တယ် ထင်တာဘဲ။ အခုလို နိုင်ငံရေးအရ အရေးကြီးနေချိန်မှာ လူငယ်တွေ မမှားသင့်တာ မမှားရအောင် အတွေးအခေါ်အမျော်အမြင်ရှိရှိ ရေးသားခဲ့ကြတဲ့ နောင်တော် ကျောင်းသားများဖြစ်တဲ့ ဆရာတို့အပေါ် အလွန်လေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။
Reply
မောင်ဒေါင်း January 5, 2012

ကိုကောင်းမြင့်ရေ-
ဗမာပြည်ထဲမှာ အဲလိုစာအုပ်ထုတ်လိုက်လို့ကတော့ လူမှုထူးချွန်ဆု နေပြည်တော်က ပေးမှာ။ ဒါမှမဟုတ် အဂ္ဂမသာ ဂီရိကြက်သရေစီသူ ဘွဲ့ ပေးရင်ပေးနေဦးမှာ။ ကြံ့ဖွံ့အစိုးရကို လက်နက်ကိုင်တော်လှန်မှု တားဆီးရေးစာအုပ် ဆိုတော့ တခမ်းတနားကို ပေးဦးမှာ။
Replyလင်္ကာhttps://www.blogger.com/profile/02845781726654152759noreply@blogger.comtag:blogger.com,1999:blog-4489157371234349630.post-34703637829929273122012-01-06T18:05:12.561-08:002012-01-06T18:05:12.561-08:00Maung Maung Wann မြောက်ပိုင်း ကျောင်းသားတပ်မတော် လ...Maung Maung Wann မြောက်ပိုင်း ကျောင်းသားတပ်မတော် လူသတ်ပွဲ ကိစ္စများကို ကျနော်တို့ အမှန်အတိုင်း ဖွင့်ချတဲ့အခါ…မပြောပလောက်သောခြိမ်းခြောက်သံ၊ ကဲ့ရဲ့သံ၊ ရှုတ်ချသံများကိုကြားရပါတယ်….ဒါ့အတွက် ကျနော်တို့မှာ ပြသနာမရှိပါ…ကျနော်တို့ရည်ရွယ်ချက်မှာ…သမိုင်းအမှားတခုတည့်မတ်လိုက်ခြင်းပဲဖြစ်သည်။မည်သူ့ကိုမှလည်း တိုက်ခိုက်လိုစိတ်..ရန်လိုစိတ်မရှိ….ဒီလိုဖွင့်ချခြင်းသည်…ကျောင်းသားတပ်မတော်ကို တိုက်ခိုက်ခြင်းဖြစ်သည်၊ စစ်အစိုးရအလိုကျလုပ်ကိုင်နေခြင်းဖြစ်သည် ဆိုသူများကို မေးခွန်းမေးခြင်ပါသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောရဲဘော်သုံကျိတ်ဝင်များဟာ..ယိုးဒယားနိုင်ငံမှာ သွေးဖောက်သစ္စာဆိုခဲ့ကြတယ်…ရဲရဲတောက် သူရဲကောင်းများဖြစ်ခဲ့ကြတယ်….ဒီအထဲမှာ ဗိုလ်နေ၀င်း ( ဦးနေ၀င်း ) ပါဝင်ခဲ့တယ်ဆိုတာကိုတော့ မသိပဲမနေလောက်ပါဘူး…..ဦးနေ၀င်း မွှေးလိုက်တဲ့မီးဟာ..ဒီနေ့ထိတောက်လောင်နေဆဲဆိုတာကိုလည်း သိကြမှာပါ….ဒါ့ကြောင့် ကျနော်တို့အားလုံး ဦးနေ၀င်း ရဲ့စနစ်ဆိုးကြီးကိုတော်လှန်ခဲ့ကြတယ်..တော်လှန်နေဆဲလည်းဖြစ်တယ်….ဦးနေ၀င်းကိုတော်လှန်တာဟာ….ရဲဘော်သုံကျိတ်ကိုစော်ကားခြင်းလား….ရဲဘော်သုံးကျိတ်ကို ရှုတ်ချခြင်းလား….ရဲဘော်သုံးကျိတ်ကို အယုံအကြည်မရှိအောင်ဆောင်ကျဉ်းနေခြင်းလား…( ဖြေပါ..ရဲရဲဖြေကြပါ )။ ကျနော်တို့ အတိုက်အခံတော်လှန်နေသူများဘက်မှာရော…ဦးနေ၀င်းလို လူမျိုးပေါ်ထွက်မလာနိုင်ဘူးလို့ ဘယ်သူအာမခံမှာလည်း။ ပေါ်ထွက်လာလို့ပဲ…အခုပြသနာတွေရှင်းနေရတာမဟုတ်လား……။နောက်မျိုးဆက်သစ်တွေအတွက် သမိုင်းအကြွင်းအကျန်တွေကို ရှင်းစရာရှိတာရှင်းရပါ့မယ်….၊ နောက်အရေးကြီးဆုံးတချက်က..အာဏာရှင်ဆိုတာ..အစိုးရဘက်မှာတင်ရှိတာမဟုတ်ဘူး…အစိုးရကိုတော်လှန်တိုက်ခိုက်နေတဲ့ ဘက်မှာလည်း ရှိတယ်ဆိုတာ..မျိုးဆက်သစ်တွေသိစေခြင်တယ်…။ မျိုးဆက်သစ်လူငယ်များကို စေတနာထား အသိပေးချင်ပါတယ်….မြန်မာ့မြေပေါ်မှာ…စစ်အာဏာရှင် သာလျှင်မက…မည်သည့်အာဏာရှင်ကိုမှ လက်မခံဘို့….တိုက်တွန်းပရစေ…သမိုင်းတချက်မှားရင်…နှစ် ရာနဲ့ချီခံရတတ်ပါတယ်…သတိထားကြပါ။ တော်တော်များများက မျက်ခြေပြတ်နေကြတာက…စစ်အာဏာရှင်ကိုသာ မဲတော်လှန်နေကြတာ…..ကိုယ့်နောက်က ကပ်ပါလာမဲ့…အာဏာရူး ၊ အာဏာရှင်များကိုတော့…မျက်ကွယ်ပြုထားတတ်ကြတယ်….သိပ်မှားသွားပါလိမ့်မယ်….သတိထားကြပါ…ဒါတွေကလည်း ရန်သူတွေပါပဲ။အားလုံးဟာ…စစ်အာဏာရှင်များနည်းတူ…တတန်းတည်းဆိုတာ…ယုံပါ။
2 hours ago · Like · 21
Sliv Mmc no need to care bro . just go on...
2 hours ago · Like
Aye Aye Soe Win Ko Maung Maung Wann..The entire audience or the truth-loving people are behind you with full support. No need to care about the repercussion from the side who did wrong in the first place.
about an hour ago · Like · 3
Min Htay ရဲမေ ပုံက နန်းအောင်ထွေးကြည်ပုံ မဟုတ်ဘူး နော် ဘောက်မိုင်ပုံ ဖြစ်နေတယ်
about an hour ago · Like · 1
Zaw Zaw Hlaing ကိုမောင်မောင်ဝမ်းရေ.. ကျနော်တို့အမှန်တရားကို ဖွင့်ချနေတာကို မကြေနပ်သံ. ကဲ့ရဲ့သံတွေ ရှိတာကို သိတ်တော့လဲဂရုထားလို့မရပါဘူးဗျာ.. ဒါမျိုးက ခေတ်တိုင်းမှာရှိခဲ့တာဘဲလေ.. ဦးနေ၀င်းကို အာဏာရှင်ပါလို့ တတိုင်းပြည်လုံးရှိ ပြည်သူပြည်သားတွေက သတ်မှတ်ကြပေမဲ့.. ဦးနေ၀င်းအလိုကျ အာဏာရှင်နောက်လိုက်တွေက ဒီနေ့အထိအများသားလား..
about an hour ago · Like
Aye Aye Soe Win All truth passes through three stages. First, it is ridiculed. Second, it is violently opposed. Third, it is accepted as being self-evident.
Arthur Schopenhauer (1788 - 1860) . To me, truth is LIGHT.It gives you a vision and the finest perspective.
about an hour ago · Like · 2
Zaw Zaw Hlaing ကိုယ်သမိုင်းကို ကိုယ်ရေးကြတာဖြစ်လို့ .. ကိုမှန်တယ်ထင်တာကို ရဲရဲရင့်ရင့်လုပ်နိုင်ဖို့က အဓိကပါဘဲ.. ကျနော်တို့မှားရင် ကျနော်တို့ခံသွားမှာပါ။ သမိုင်းဆိုတာ လိမ်လို့မရပါဘူး။ သူတို့နှစ့်နှစ်ဆယ်လိမ်လို့ရခဲ့တယ်.. ဒီနေ့တော့ မရတော့ဘူးလေ.. အမှန်တရားဆိုတာ အချိန်တန်ရင်ပေါ်လာစမြဲပါ။
about an hour ago · Like · 3
Oo Thar ကိုမောင်မောင်ဝမ်းရေးတဲ့ ဆောင်းပါး အားလုံးနှင့်  အသံဖိုင်တို့ကို ဖတ်ရပါတယ် ။ သေဆုံးသွားရသူတွေထဲမှာ AB မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော် တောင်ပါတယ်ဆိုတော့ ဗဟိုဥက္ကဌ ကိုမီုးသီးတို့က မသိတာလား တစ်ခြား သက်ရှိထင်ရှား ရှိနေတဲ့ တာဝန်ရှိသူတွေဟာ ဘယ်သူတွေလဲ ဆိုတာ သိချင်ပါတယ် ၊ရော်နယ်အောင်နိုင်ဟာလည်း ဒီကိစ္စကြောင့်  BBC ကနေထွက်သွားရတာများလား။
51 minutes ago · Like
Ko Naing Keeping going comrades!!! we are your side.
44 minutes ago · Likeလင်္ကာhttps://www.blogger.com/profile/02845781726654152759noreply@blogger.com