tag:blogger.com,1999:blog-4489157371234349630.post7465382887891753153..comments2023-04-06T08:34:49.608-07:00Comments on လင်္ကာ: ဒါးခုတ်ရာလက်ဝင်မလျှိုပါနဲ့ တဲ့ (မန်းကိုကို)လင်္ကာhttp://www.blogger.com/profile/02845781726654152759noreply@blogger.comBlogger5125tag:blogger.com,1999:blog-4489157371234349630.post-28095818567689090842012-02-15T18:30:29.585-08:002012-02-15T18:30:29.585-08:00လင်္ကာFeb 14, 2012 01:49 PM
ဒီလိုလုပ်ဗျာ။ မန်းက...လင်္ကာFeb 14, 2012 01:49 PM

ဒီလိုလုပ်ဗျာ။ မန်းကိုကို ကဘယ်လိုဖြစ်စေချင်တာလဲ။ တချက်ပြောကြည့်။ နားထောင်ကြည့်ချင်ပါတယ်။
ဒီကိစ္စကို ခင်ဗျားဘယ်လို ကိုင်တွယ်ချင်သလဲပေါ့။ အဲဒါရှင်းရှင်းလင်းလင်းသိချင်ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ က တော်လှန်ရေးလုပ်ဖို့ ထွက်သွားပြီး ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ ကျောင်းသားတွေအပေါ် ခင်ဗျားဘယ်လိုသဘောထားတယ်။ သတ်ခဲ့တဲ့သူတွေအပေါ်ခင်ဗျားဘယ်လိုသဘောထားတယ်။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်တယ်... စသဖြင့်ပေါ့။ အခု ဒီဆောင်းပါးကတော့ ဗလုံးပထွေးနဲ့  မရှင်းလင်းလှဘူး။ ကျနော့် အထင်တော့ ခင်ဗျားမှာ အတွေးအခေါ်အရကို သိပ်မရှင်းလင်းလှဘူးလို့ ယူဆ တာပဲ။(ဒီစာကိုဖတ်ပြီးခင်ဗျားကိုလှမ်းမြင်ရတဲ့စာဖတ်ပရိသတ်တယောက်ရဲ့ အမြင်ပါ။)

Reply
Replies

မန်းကိုကိုFeb 14, 2012 04:09 PM

လင်္ကာရဲ့ လက်ဝှေ့ထိုးသလို ထောင့်ထဲပိတ်ထိုးချင်တဲ့ အထာကို သဘောပေါက်ပါတယ် ။ ဒါပေမယ့် လင်္ကာ သိပ်သိချင်နေတာတွေကို ဖြေလို့ရသလောက် ဖြေပေးပါ့မယ် ။

- ကိုမောင်မောင်ဝမ်းလိုလူက သူ့မှာ တာဝန်မကင်းဖူးလို့ ယုံကြည်တယ် ၊ ဒီတော့ ဖေါ်ထုတ်ဖို့ သူလုပ်ပါတယ် ။
- လင်္ကာက ဒီကိစ္စ မတရားဖူးလို့ ယုံကြည်တယ် ၊ ဒီတော့ ဖေါ်ထုတ်ဖို့နဲ့ ဖြေရှင်းဖို့ အားပေးတယ် ။
- ကျနော်က ဘေးကနေ လူတွေရဲ့ စိတ်ခံစားမှုကို လူအချို့က သူတို့လိုချင်တဲ့ဖက်ကို ဆွဲယူသုံးစွဲနိုင်တာနဲ့ ချဲ့ကားနေတာကို မြင်တယ် ၊ ဒီတော့ လူတွေရဲ့ စိတ်ခံစားမှု ရေယာဉ်ကြောရှေ့မှာ ကြမ်းတုံးလေးတစ်တုံးခံပြီး လှုပ်နှိုးလိုက်တယ် ။ အတော်များများကတော့ နိုးမလာပဲ အိပ်မှုံစုံမွားနဲ့ ဒေါသထွက်ကြတယ် ၊ ဒါပါပဲ ။

အားလုံးဟာ ကိုယ်ယုံကြည်တာနဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာပါပဲ ။ ဘာမှ အမှားမမြင်မိပါဘူး ။
ခု လင်္ကာက တစ်ဆင့်တက်ပြီး ထောင့်ပိတ်ဖို့ ကြိုးစားတယ် ၊ ကိုယ့်ဖဲ ချမပြပဲ သူများဆီမှာ ဝှက်ဖဲရှိမလားဆိုပြီး ချပြခိုင်းတယ် ။ ကျနော့်မှာ ဝှက်ဖဲ မရှိပါဘူး ၊ ဒါပေမယ့် လူလုံးမပြပဲ မှောင်ထဲကနေပြီး ဘယ်လိုပစ်သွင်းသွင်း ရေပက်မဝင်အောင် ခုခံလို့ ရတယ်ဆိုတာ သိစေချင်ပါတယ် ။ စကားလုံးတိုင်းလိုလိုအတွက် အဖြေရှိပေမယ့် ၊ ဖြေဖို့လိုတယ်ထင်မှ ဖတ်သူအကျိုးရှိလို့ ဖြေသင့်တယ်ယုံကြည်မှ ဖြေတတ်တယ်ဆိုတာ အသိပေးချင်ပါတယ် ။ ဒါပေမင့် နံရံထိုးမိတာကို အရှိုက်တော့ ထိသွားပြီကွလို့ ထင်နေတာမျိုးကိုတော့ ဘာမှ မတတ်နိုင်ပါ ။

မတရားလုပ်ခံရ ၊ နှိပ်စက်ခံရ ၊ သတ်ဖြတ်ခံရသူတွေ အားလုံးအတွက် စိတ်မကောင်းသလို ၊ လုပ်ကိုင်ပေးလို့ ရတာတွေရှိရင် တတ်စွမ်းသလောက် ကူညီသွားမှာပါ ။ အဲဒီလိုလူတွေဟာ နေရာအနှံ့မှာ ရှိပါတယ် ၊ တစ်စိတ်တစ်ပိုင်းကို http://thawthikho.blogspot.com.au/ မှာ flash player နဲ့ ပြထားပါတယ် ။

တိုက်ရိုက်နဲ့ သွယ်ဝိုက် တာဝန်ရှိသူတွေဟာလည်း တာဝန်ခံသူ ၊ ခေါင်းရှောင်သူတွေအပေါ် မူတည်ပြီး အခွင့်အခါ ရှိတဲ့အခါမှာ ဖြေရှင်းရမှာပါ ။ တစ်ခုပဲ အရေးကြီးတာက ဖြေရှင်းပုံ ဖြေရှင်းနည်းပါ ။ domestic လား international လား ၊ coded law သုံးမလား common law သုံးမလား ၊ prosecution လုပ်မလား healing နဲ့ reconciliation လုပ်မလား စသည်ဖြင့်ပေါ့ ။ ဒါပြင် ပါရမီမရှိတဲ့ ကျနော့်အနေနဲ့ ကိုယ်တိုင် လုပ်ဖို့ ဖြစ်လာမယ်ဆိုရင်လည်း သင်ညာကို အခြေခံတဲ့ pest analysis, swot analysis တွေသုံးပြီး strategy နဲ့ plan and goal တွေကို ချမှတ် လုပ်သွားမှာပါ ။ ဒါပေမယ့် လုပ်နေတဲ့သူတွေကို မမေးပဲ ကျနော့်ရဲ့ battle plan ကို ချပြပါ ဆိုရင်တော့လည်း ခက်ပါတယ် ။

ခုထိ လင်္ကရဲ့ မေးခွန်းတွေအတွက် ကြေနပ်လောက်တဲ့ အဖြေမပါသေးဘူး ၊ ဗလုံးဗထွေး လုပ်နေသေးတယ်လို့ ပြောချင်ပြောနိုင်ပါတယ် ။ အဆုံးသတ် ကျနော်ပေးချင်တဲ့ အကြံကတော့ "လင်္ကာသောက်နေတဲ့ ပင်လယ်ရေကို မျက်နှာ လွဲလိုက်ပါ" လို့သာ ...

Reply

လင်္ကာFeb 14, 2012 05:25 PM

လက်ဝှေ့ မထိုးတတ်ဘူး။
ဖဲမရိုက်တတ်ဘူး။
အင်္ဂလိပ်စာလည်း သိပ်မတတ်ဘူး။
အထူးသဖြင့် မန်းကိုကိုရေးထားတဲ့ domestic၊ international လား ၊ coded law common law ၊ prosecution ၊ healing ၊ reconciliation ၊ pest analysis, swot analysis strategy ၊plan and goal ၊battle plan
တော်တော်မရင်းနှီးတဲ့စကားလုံးအစိမ်းတွေပါ။
ဘာပဲဖြစ်ဖြစ်စာပြန်တာကျေးဇူးဗျို့ ။လင်္ကာhttps://www.blogger.com/profile/02845781726654152759noreply@blogger.comtag:blogger.com,1999:blog-4489157371234349630.post-56260160023105253632012-02-15T05:26:18.182-08:002012-02-15T05:26:18.182-08:00ဘယ်လိုအကြောင်းချက်လက်တွေ ဒီအချိန်မှာဖြစ်ပျက် ၊ ရှိ...ဘယ်လိုအကြောင်းချက်လက်တွေ ဒီအချိန်မှာဖြစ်ပျက် ၊ ရှိနေစေဦးတော့ တချိန်က ( တိုင်းပြည်အတွက် ) အသက်ပေးသွားတဲ့ ၊ မဟုတ်မခံဘဲ အသတ်ခံခဲ့ရတဲ့ အမျိုးသားကောင်း ၊ သမီးကောင်းများအတွက် သမိုင်းမှန် ကျန်ရစ်စေရန် ၊ နောင်လာနောင်သား ကျောင်းသားမျိုးဆက်များ သင်ခန်းစာယူတတ်ရန် မိမိ၏ ကိုယ်ချင်းစာတရားတို့နှင့် အညီ ဤစပ်ဆုပ်ဖွယ် ဖြစ်ရပ်အား အော့နှလုံးနာစွာ အဖြစ်မှန်ပေါပေါ်က်သည် အထိ အားပေးဖတ်ရှုနေပါမည် ။စစ်မုန်းသူhttps://www.blogger.com/profile/00910760030248728789noreply@blogger.comtag:blogger.com,1999:blog-4489157371234349630.post-43201966355349922322012-02-13T23:46:14.835-08:002012-02-13T23:46:14.835-08:00မန်းကိုကို is nothing, just begging the comments t...မန်းကိုကို is nothing, just begging the comments to his blog with different views indirectly.
And his week writing style confuse what he wants and peoples are not interested.Thuhttps://www.blogger.com/profile/14403084086757398305noreply@blogger.comtag:blogger.com,1999:blog-4489157371234349630.post-24672858334347964612012-02-13T17:44:53.551-08:002012-02-13T17:44:53.551-08:00အသင်းအဖွဲ့ကအသင်းအဖွဲ့သပ်သပ်ပါပဲ။ လူသတ်မှုကလူသတ်မှုပါ...အသင်းအဖွဲ့ကအသင်းအဖွဲ့သပ်သပ်ပါပဲ။ လူသတ်မှုကလူသတ်မှုပါပဲ။ အခုဟာက လူသတ်တရားခံဖြစ်တဲ့ လူကိုဖော်ထုတ်နေတာဆိုတော့ အသင်းအနေနဲ့ဘာမှဖြစ်စရာမလိုပါဘူး။ ဆက်လက်လုပ်ဆောင်ကြပါ။seinnmyanaddyhttps://www.blogger.com/profile/12786361039786455091noreply@blogger.comtag:blogger.com,1999:blog-4489157371234349630.post-31822480082927294382012-02-12T19:49:01.586-08:002012-02-12T19:49:01.586-08:00AnonymousFeb 12, 2012 06:44 PM
ကျွန်မက မြောက်...AnonymousFeb 12, 2012 06:44 PM

ကျွန်မက မြောက်ပိုင်းဖြစ်ရပ်တွေကို သတင်းတွေမှာ ဖတ်ရတော့မှ သိခဲ့ရတဲ့ သာမန်အိမ်ရှင်မတစ်ဦးပါ။ မန်းကိုကိုရဲ့ဘလော့ကိုလဲ အခုမှသိပြီး ဖတ်ကြည့်မိတာပါ။ ကျွန်မကတော့ သာမန်ပြည်သူတဦးအနေနဲ့ပဲ သိတော့ သိသလောက်ခံစားမှုလေးနဲ့ ပြောချင်ပါတယ်။ မတရားသေသွားခဲ့တဲ့ သူတို့ရဲ့ ဂုန်သိပ်ခါ (ပါတ်ဆင့်မရိုက်တတ်လို့ ခွင့်လွတ်ပါ)အတွက် ဒီလိုမျိုးအဖော်ထုတ်မခံသင့်ဘူးလား။ သိချင်ပါတယ်။ အခုက ပြည်သူတွေကို လိမ်လို့မရတော့ပါဘူး။ တချို့က လူတစုနဲ့ တဖွဲ့လုံးကို မကွဲဘူးဆိုပေမယ့် အများစုကတော့ သေချာခွဲခြားနိုင်စွမ်းရှိပါတယ်။ ကျွန်မ မန်းကိုကို ကို မေးချင်တာတခုရှိပါတယ်။ ABSDF ကိုပြိုကွဲမှာစိုးလို့ မတရားသေခဲ့တဲ့သူတွေ အကြောင်းကို နှုတ်ပိတ်ထား ရတာ့မှာလား။ အခုဖော်ထုတ်နေကြတာတွေကလဲ လူတစုကိုအကြောင်းပဲ ဖော်ထုတ်ထားတာပါ။ ဘယ်သူကမှ ABSDF ကိုဖျက်သိမ်းဖို့ ပြောမနေကြပါဘူး။ အားလုံးဟာ ဒီလိုမျိုးအဖွဲ့ကို ထိခိုက်မှာစိုးလို့ အနှစ်(၂၀)တောင် စောင့်နေခဲ့ကြရတာ မဟုတ်လား။ တကယ်တမ်း ABSDF မှာတိုက်ပွဲဝင်ခဲ့တဲ့ ABSDF ကကျောင်းသား စစ်စစ်တွေကတောင် အခုမှအဖြစ်မှန်သိခဲ့တဲ့အခါ နာကျင်၊ ယူကျုံးမရ ဖြစ်ပြီး အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ (ဥပမာ ဘလော့ဂါ မငယ်နိုင်)။ ဒါပေမယ့် မန်းကိုကိုလိုတော့ မရေးဖူးကြဘူး။ ကျွန်မလို ဘာမှမဆိုင်တဲ့သူတောင် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တမ်းခံခဲ့ရတဲ့ သူတွေရဲ့ မိဘတွေဆို ဘယ်လောက်တောင် စိတ်ထိခိုက်ကြမလဲ။ သားသမီးချင်း မိဘချင်းကိုယ်ချင်းစာပါလို့ပဲ ပြောချင်ပါတယ်ရှင့်။လင်္ကာhttps://www.blogger.com/profile/02845781726654152759noreply@blogger.com