tag:blogger.com,1999:blog-4489157371234349630.post2710458986381107968..comments2023-04-06T08:34:49.608-07:00Comments on လင်္ကာ: ကျနော်လူကက်ဆက်(ဇတ်သိမ်း)လင်္ကာhttp://www.blogger.com/profile/02845781726654152759noreply@blogger.comBlogger2125tag:blogger.com,1999:blog-4489157371234349630.post-44748978486479590392012-01-04T18:20:11.862-08:002012-01-04T18:20:11.862-08:00John Kyaw ကျောင်းသားတပ်မတော် ခေါင်းစဉ်အောက်မှာဖြစ်...John Kyaw ကျောင်းသားတပ်မတော် ခေါင်းစဉ်အောက်မှာဖြစ်ခဲ့တဲ့ကိစ္စကို
ကျောင်းသားတပ်မတော်ကတာဝန်ယူ ဖြေရှင်းဖို့ သင့်ပါတယ်။
ရော်နယ်အောင်နိုင်က သူ့ အင်တာဗျူးမှာ
ကျောင်းသားတပ်မတော်ရဲ့ ဖွဲ့ စည်းပုံအရ
ဖမ်းဆီးသတ်ဖြတ်ခဲ့ရတယ်လို့ ဆိုတယ်။
တကယ်တော့ သူလျှိုမဟုတ်ပဲ မတရားနှိပ်စက်ညှင်းပန်းခဲ့တာ
တွေဖြစ်တဲ့အတွက် သူ့ စကားအတိုင်းပဲ ကျောင်းသားတပ်မတော်
ရဲ့ ဥပဒေအရဖွဲ့ စည်းပုံအရ တာဝန်ရှိခဲ့သူတွေကို အရေးယူသင့်ပါတယ်။
အဲဒီအချိန်က တာဝန်ရှိခဲ့သူတွေ၊ခံခဲ့ရသူတွေနဲ့  ခုံရုံးတခု
ဖွဲ့ ပြီး စစ်ဆေးသင့်ပါတယ်။
ခက်တာက ကျောင်းသားတပ်မတော်က ဒီကိစ္စသူတို့ နဲ့ မဆိုင်သလို ဘာသံမှ မထွက်တာ တော်တော်ရုပ်ဆိုးလှပါတယ်။
ဆက်ငြိမ်နေလေ အရုပ်ဆိုးလေဖြစ်မှာပါ။
အမှန်တရားအတိုင်းဖြစ်အောင်
လက်ရှိကျောင်းသားတပ်မတော်တာဝန်ယူထားသူများ
ဖြေရှင်းကြပါလို့ အကြံပြုပါတယ်။
ဒါဟာတော်လှန်ရေးနဲ့ ပက်ပက်စက်စက်စတေးခံခဲ့ကြရတဲ့
ကိုထွန်းအောင်ကျော်တို့ အတွက်တာဝန်ကျေတာပါပဲ။
မသိသလိုဆက်ပြီး လုပ်နေမယ်ဆိုရင်တော့
နအဖက စစ်ဗိုလ်တွေလိုပဲ။ခင်ဗျားတို့ လည်းသိပ်မထူးဘူး
လို့ ပြောရမှာပါ။
သတ္တိမရှိရင်တော့ တော်လှန်ရေးမလုပ်ကြပါနဲ့ ။
Monday at 20:29 · Like · 19လင်္ကာhttps://www.blogger.com/profile/02845781726654152759noreply@blogger.comtag:blogger.com,1999:blog-4489157371234349630.post-15904351512433460062012-01-04T18:17:07.919-08:002012-01-04T18:17:07.919-08:00Cho Tu ZalံHla Yin Wine
ဟုတ်တယ် အမ ကျနော်တို့အဖွဲ...Cho Tu ZalံHla Yin Wine
ဟုတ်တယ် အမ ကျနော်တို့အဖွဲ့၊ကျနော်တို့ ကိုရဲလင်းပါပဲ။ အဲဒီကိစ္စတွေကို ကျနော်လည်း ရေးဖို့စောင့်နေတာပါ။ မြောက်ပိုင်းမှာ တကယ်လက်တွေ့ဖြစ်ခဲ့၊ တွေ့ကြုံခဲ့ရတဲ့သူတွေရဲ့ စာတွေ ပြီးသွားမှ အဲဒီ ကိုထိန်လင်းတို့နဲ့ အတူ ကြုံခဲ့ရတဲ့သူတွေဟာ ကျနော်တို့ အေဘီပီဝိုင် ရုံးမှာ အတူအိပ်၊ အတူစားခဲ့ကြတဲ့ မန္တလေး အနကလ က ကိုစိုးလင်း၊ အဲဒီရော်နယ်လ်အောင်နိုင် ဆိုတဲ့ အောင်နိုင်၊ ကိုရဲလင်း၊ စမ်းချောင်းက ဘိုဘို လေး တို့အတူပါပဲ။ ကျနော် အဖမ်းခံနေရတဲ့အချိန်မှာပေါ့။ ကျနော့်ကို အချုပ်ခန်းမှာ ကိုဇော်ကြီး ကျနော်တို့လစ်ပြီ လို့နှုတ်ဆက်ပြီး ထွက်သွားကြတဲ့
သူတို့အားလုံး ဒီကြမ္မာဆိုးနဲ့ကြုံခဲ့ရတယ်။ အံ့သြစရာကောင်းလောက်အောင် အတူအိပ်အတူစား အတူနိုင်ငံရေးလုပ်ခဲ့တဲ့ သူတွေအချင်းချင်း တယောက် ဥက္ကဋ္ဌ ဖြစ်နေချိန်မှာ ကျန်တဲ့သူတွေအားလုံးကို ထောက်လှန်းရေးလို့စွပ်စွဲပြီး သတ်ဖြတ်ညှင်းပန်းခဲ့တယ်။ ကျနော့်ကိုပါ ထောက်လှန်းရေးလို့ စွပ်စွဲတဲ့အထဲ ထည့်လိုက်ပါသေးသတဲ့ဗျာ။ ခု ဖေ့စ်ဘွတ်ခ်မှာတက်လာတော့ ရော်နယ်လ်အောင်နိုငဟာ ကျနော့်ကို မိတ်ဆွေ အဖြစ် လာအက်ဒ်ပါတယ်။ ကျနော် လက်မခံခဲ့ပါဘူး။ သူငယ်ချင်း ရဲဘော်ရဲဘက် ရဲ့ ယုံကြည်မှု၊ သစ္စာဆိုတာ သူပျက်ယွင်းခဲ့ပြီးမှ... ကျနော်တို့ သူ့ကို ဘယ်လိုမှ မိတ်ဆွေအနေနဲ့လည်း လက်ခံစရာမရှိတော့ပါဘူး။ အဲဒီ အဖြစ်အပျက်တွေ ရေးသမျှကို ကျနော် မဖတ်ခဲ့ မlike ခဲ့တာ ရင်ထဲမကောင်းလွန်း လို့ပါ။ ကိုရဲလင်း၊ ကိုစိုးလင်း၊ ဘိုဘို တို့ အသက်မသေပဲ ပြန်ရောက်လာပေမယ့် အသီးသီး စိတ်ကော၊ ရုပ်ကော ကျန်းမာရေးတွေ ထိခိုက်ကြပြီ။ ဘိုဘိုဆို ကိုထွန်းအောင်ကျော်အသတ်ခံရတဲ့အကြောင်းကို ပြောရင်း ငို တုန်းပဲ။
လွမ်းစိမ့် ကို ဖြူအိတို့အိမ်မှာ စုကြည့်တဲ့ညက.. လဘက်ရည်ဆိုင်ထိုင်ရင်း ဒီအကြောင်းတွေ ပြန်ပြောပြီး ငိုလိုက်တာဗျာ. . ။
တိုင်းပြည်အတွက် အသက်တွေဘ၀တွေစွန့်ပြီး တော်လှန်ရေးဆင်နွှဲဖို့သွားခဲ့ကြ
တဲ့ ကျောင်းသားလူငယ်လေးတွေဟာ ဒီလို မတရားမှုတွေကို ရင်ဆိုင်ခဲ့ရတာဟာ အရမ်းကို ရင်နာစရာကောင်းပါတယ်။
အာဏာရှင်စနစ်ဆိုတာ စစ်တပ်ထဲမှာမှ အစိုးရမှာမှ ကိန်းအောင်းနေတာမဟုတ်ဘူး။ တော်လှန်တဲ့အဖွဲ့အစည်းမှာပါ ခိုကပ်နေတယ်။
ကျနော်တို့ တော်လှန်ရမယ့် ပြုပြင်ပြောင်းလဲပစ်ရမှာ အဲဒီ စိတ်ဓါတ်အဲဒီစနစ်ကြီး
ကိုပါပဲဗျာ။
9 hours ago · Like · 3
Hla Yin Wine ရဲလင်း ဘယ်မှာလဲ သူမသွားမီထိ သုဝဏ္ဏမှာ အမနဲ့တွေ့သေးတယ် နောက်သူပျောက်သွားတယ် သူခုဘယ်မှာလဲ အော်ခုမှသိတော့တယ် နံမည်ကြီးရော်နယ်အောင်နိင်ဆိုတာ မန်းလေးက အောင်နိင်ကိုး .......... ရဲလင်းဘယ်မှာလဲသိရင်ပြောပါလင်္ကာhttps://www.blogger.com/profile/02845781726654152759noreply@blogger.com